Chelmo New Year L
Chelmo New Year M

General

  • October 10, 2016
  • | Hit: 835
  • | Written by Chelmo

စနိုက်ကျော်တယ်ဆိုတာ ချစ်သူရှိတဲ့သူ အနေနဲ့ကတော့ ကိုယ့်ချစ်သူကို ကောင်းကောင်းကြီး လိမ်ပြီး နောက်တစ်ယောက် ....

ဒီအချိန်တွေမှာ ခံရသူမှာတော့ ငိုနေရချိန်၊ ဒေါသတွေ၊ ဘာလုပ်လုပ် ဘာကိုမှ မလုပ်ချင်တဲ့ စိတ်ဒုက္ခတွေကို ခံစားရမှာပါ။ ဒီတော့ ကိုယ့်ရဲ့လက်တွဲဖော်ကတော့ လုပ်မလား၊ မလုပ်ဘူးလားဆိုတာကို ကြည့်လိုက်ကြရအောင်။

၀၁. စိတ်ရှုပ်တဲ့အခါမှာ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို သိနေတယ်။

စနိုက်မကျော်သူကတော့ ကိုယ့်ရဲ့ခံစားချက်တွေကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်သူဖြစ်ပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေနဲ့တွေ့ကြုံလာတဲ့အချိန်မှာ အရက်၊ လောင်းကစား နောက်ကို မလိုက်ပဲ ဘယ်လိုဖြေရမလဲဆိုတာကို သိသူပါ။

၀၂. တဖက်သားအပေါ်မှာ လေးစားမှုရှိသူပါ။

ဘယ်သူ့ကိုမဆို လေးလေးစားစား ဆက်ဆံနိုင်သူဆိုတာ ကိုယ့်ရဲ့ချစ်သူကိုထားပြီး စနိုက်မကျော်ပါ။ သူ့ကိုမလေးစားသူတွေသာ စနိုက်ကျော်တာပါ။

၀၃. အချစ်ရဲ့တန်ဖိုးကို နားလည်သူပါ။

သူ့ရဲ့အတိတ်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုအချိန်မှာ ကိုယ့်ရဲ့လက်တွဲဖော်ကို ချစ်ပြီးနားလည် ခွင့်လွှတ်နိုင်သူကလည်း စနိုက်ရဲ့ နိုက် အဓိပ္ပာယ်ကိုတောင် သိမှာမဟုတ်ပါ။

၀၄. ဆင်ခြင်သုံးသပ်နိုင်သူပါ။

အချစ်ကို ရှေ့တန်းမတင်ပဲ၊ နှစ်ယောက်ကြားမှာ ဖြစ်နေတဲ့ကိစ္စအတွက် အချစ်ကိုရှေ့တန်းမတင်ပဲ သေသေချာချာ ဆင်ခြင် သုံးသပ်နိုင်သူပါ။

၀၅. သူ့ကိုစာနာပြီး ကိုယ်ချင်းစာတရားရှိသူပါ။

သူ့အတွက်ဆိုရင် ကိုယ့်ရဲ့ဘာတွေပဲပေးရပေးရ ၊ သူပျော်နေတယ်ဆိုရင် စိတ်ချမ်းသာနေသူပါ။ ကိုယ်ချင်းစာတရားရှိသူပါ။

၀၆. အတိတ်က ဒဏ်ရာတွေကြောင့် လူတွေအပေါ်မှာ ကြင်နာစိတ်ရှိတယ်။

သူကိုယ်တိုင် ဖောက်ပြန်တာကို ခံရသူဖြစ်တယ်ဆိုရင်၊ ခံရသူရဲ့စိတ်အနေအထားကို နားလည်သူဖြစ်တာကြောင့် ကိုယ့်ရဲ့ချစ်သူကိုထားပြီး နောက်တယောက်ကိုတော့ မစဉ်းစာနိုင်ပါ။

၀၇. ပြတ်ချင်လည်း ချက်ချင်းဖြတ်နိုင်သူပါ။

သူက ချစ်သူကို မကြိုက်တော့ရင်တော့ အခြားတစ်ယောက်ထက် သူ့ကို အရင်အဆင်မပြေတာတွေကို ချပြပြီး လမ်းခွဲမယ့်သူပါ။

#ChelmoTeam