General

  • 2016-12-21 09:17
  • | Hit: 700
  • | Written by Chelmo

Relationship တခုမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကတောက်ကစဖြစ်တာတို့ စိတ်အခန့်မသင့်ဖြစ်တဲ့ အခါမျိုးမှာ စကားပြောဆွေးနွေးဖို့လိုလာပြီိဆိုရင်  ကိုယ့်လက်တွဲဖော်နဲ့ စကားအခြေအတင်ပြောရတဲ့ အခါ ပေါင်းသင်းဆက်ဆံရေးကိုမပျက်စီးစေပဲ ရန်ဖြစ်နည်းလေးတွေ၊ ဆောင်ရန်ရှောင်ရန်တွေ ကြည့်လိုက်ကြရအောင်။

၀၁. စကားပြောတော့မယ့်ဆိုရင် သက်တောင့်သက်သာဖြစ်စေမယ့် နေရာမျိုးကိုရွေးပါ။

စကားပြောတဲ့အခါသစ်သားထိုင်ခုံမှာ ထိုင်တာထက် သက်တောင့်သက်သာဖြစ်စေမယ့် ဆိုဖာ စတာတွေပေါ်ထိုင်ပြီးပြောစရာရှိတာတွေ အေးအေးဆေးဆေးပြောပါ။

၀၂. စကားမပြောခင် တယောက်ကို တယောက်ကိုင်ပြီး အလေးအနက်ထားပြီးပြောပါ။

စကားပြောတဲ့အခါမှာ တယောက်လက်ကို တယောက်ကိုင်ထားတဲ့ အထိအတွေ့ကြောင့် ခံစားရတာတွေတဝက်သက်သာ သွားမှာပါ။

၀၃. စကားစပြောရင် “နင်” ဆိုတဲ့နေရာမှာ “ငါ” ဆိုတဲ့စကားလုံးနဲ့စပြောပါ။

စကားပြောတဲ့အခါမှာ “ငါ နင်နဲ့ ဆွေးနွေးစရာရှိတယ်” ဆိုတဲ့ ပုံစံမျိုး အစားသုံးပြီးပြောပေးပါ။

၀၄. ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ။

ကိစ္စတစ်ခုကို တယောက်နဲ့တယောက် လျှိုဝှက်မထားပါနဲ့။ ပွင့်ပွင့်လင်းလင်း ပြောပါ။

၀၅. စကားအခြေအတင်ပြောနေတဲ့အချိန်မှာ ကိုယ့်ရဲ့လက်ကိုရင်ဘက်ပေါ်ကိုတင်ပြီးပြောပါ။

စကားပြောတဲ့အခါလက်ကိုရင်ဘက်ပေါ်ကို လက်တင်ပြီးဖြေးညှင်းစွာပြောခြင်းဟာ ကိုယ်ဘယ်လောက်လေးလေးနက်နက်ပြောနေတယ်ဆိုတာ ပေါ်လွင်ပါတယ်။

၀၆. တစ်ယောက်နဲ့တစ်ယောက် nick name လေးတွေခေါ်ပြီးပြောပါ။

တခါတရံမှာ တယောက်နဲ့တယောက်စကားအခြေအတင်ပြောတဲ့အခါမှာ နာမည်အပြည့်အစုံခေါ်ကြတယ် တချို့ကြမခေါ်ကြဘူး။ အဲ့လိုမျိုးအခါကြကိုခေါ်နေကျ nickname လေးတွေကိုခေါ်ပြီးပြောတာဟာ ညှင်သာတဲ့ ရန်ဖြစ်နည်းတမျိုးပါပဲ။

၀၇. ဘယ်လောက်ပဲမကျေနပ်မနပ် ဖြစ်ဖြစ် တစ်ယောက်နဲ့တယောက်လေးစားမှုစည်းလေးတော့ ထားရပါမယ်။

ဥပမာ ကိုယ့်လက်တွဲဖော်က အကြောင်းအရာတခုကို စတင်ဦးတည်လာပြီဆိုရင် ကိုယ့်ဘက်ကလဲ အဲ့အကြောင်းအရာအတွက် အဆင်မပြေနိုင်ဘူးဆိုရင် “မင်း ပြောတဲ့အကြောင်းအရာကို ငါနားလည်တယ် ဒါပေမယ့် အခုချိန်မှာ ပြောဖို့အဆင်မပြေသေးဘူးလို့ငါထင်တယ်။” စတဲ့ပုံစံမျိုးနဲ့ ကောင်းမွန်စွာ ငြင်းဆန်လိုက်ပါ။

၀၈. “ငါ” ဆိုတဲ့စကားလုံးအစား “ငါတို့” ဆိုတာမျိုးပြောင်းသုံးပေးပါ။

အဓိပ္ပာယ်က ကိုယ်လက်တွဲဖော်ကိုပြောတဲ့ အခါမှာ “ငါတို့အိမ်… ငါတို့ပိတ်ရက်လေးမှာ…” စတဲ့ပုံစံမျိုးတွေပြောပေးပါ “ငါ” ဆိုတဲ့ စကားလုံးက သူ့ကို သစိမ်းဆန်သလို ခံစားစေရပါတယ်။

၀၉. တစ်ယောက်နဲ့တစ်ယောက်စဉ်းစားဖို့အချိန်ပေးပါ။

 ပြောချင်တာက ကိုယ့်လက်တွဲဖော်နဲ့စကားပြောနေချင်မှာ ပြောရင်းပြောရင်းနဲ့ သူ့ကိုစိတ်ပျက်လို့ရှောင်ထွက်သွားမျိုးမဟုတ်ပဲနဲ့ တကယ်စဉ်းစားစရာရှိလို့ အပြင်ကို ၅ မိနစ်လောက် လမ်းလျှောက်သွားတာမျိုး ခဏလောက်ဖြစ်ဖြစ် ထွက်သွားတာမျိုးတွေလုပ်ပေးပါ။

၁၀. တစ်ယောက်ပြောနေတဲ့အချိန်မှာ စောင့်ဆိုင်းနားထောင်ပေးပါ။ ပြီးမှ ကိုယ်ပြောချင်တာပြောပါ။

ကိုယ့်စိတ်မှာ သူပြောနေတဲ့အကြောင်းအရာကြောင့် ဘဝင်မကျတာ အလိုမကျတာမျိုးဖြစ်လာရင် ခဏလောက်သည်းခံပြီး င်္ပြီးအောင်နားထောင်ပေးပါ။ သူပြောပြီးမှ ကိုယ် မကျေနပ်တာပြောပါ။

၁၁. ကိုယ့်ရဲ့အရေးပါမှုကတခြားသူအတွက်အရေးပါနေတယ်ဆိုရင် သူ့ကိုစဉ်းစားဖို့အချိန်ပေးလိုက်ပါ။

ကိုယ့်လက်တွဲဖော်ပြောချင်တာကို သူတွေးဖို့အတွက် အချိန်ပေးလိုက်ပါ။ တကယ်တမ်း သူတွေးနေတာက သူပြောချင်တာထက် များနေလို့ပါ။

၁၂. တယောက်ပြောနေရင် ကြားဖြတ်မပြောပါနဲ့။

စိတ်တိုနေတဲ့အချိန်မျိုး၊ စိတ်ခံစားမှုမြင့်နေတဲ့ အချိန်မျိုးမှာ ပြောနေတာကို ကြားဖြတ် ပြောလိုက်ရင်တော့ အဆင်မပြေမှုတွေ ပိုဖြစ်နေတတ်ပါတယ်။

၁၃. ကိုယ့် Relationship မှာတူညီတဲ့ပြဿနာဖြစ်ဆိုရင် အဲ့ပြဿနာကို(၂)ယောက် အတူတိုင်ပင်ဆွေးနွေးပေးလိုက်ပါ။

ကိုယ်တွေအဆင်မပြေတဲ့ အကြောင်းအရာမျိုးတွေ၊ ညှိလို့မရတဲ့ အကြောင်းအရာမျိုးတွေမှာ ကိုယ့်ဘက်ကစပြီးတော့ “ငါတို့တွေ ဒီလိုအဆင်မပြေတာနဲ့ပဲ ဝေးသွားကြတော့မှာလား.. ဒီနှစ်တွေမှာ အတူတူ ဖြတ်သန်းလာခဲ့ပြီးမှ ဘာလို့ဝေးသွားကြတော့မှာလဲ?” ဆိုတာမျိုး ပြောပေးပါ။ ကိုယ်ခံစားချက်ကို ထုတ်ဖော်ပြပါ။

#ပန်းပွင့်

#ChelmoTeam