General

  • 2016-12-30 09:47
  • | Hit: 418
  • | Written by Chelmo

ကိုယ်က သူ့ရဲ့ Crush ဖြစ်နေချိန်မှာတော့ အဆင်ပြေနေပင်မယ့်လည်း အခုတော့ ....

၀၁. အချစ်က ကုစားပေးပင်မယ့်လည်း ဒဏ်ရာတွေကိုလည်း ဆောင်ယူလာပါပြီ။

သူ့ကိုချစ်ခဲ့တာကြောင့် အရာရာကို ရင်ဖွင့်နိုင်တဲ့အချိန်အထိရောက်လာချိန်မှာတော့ သူမရှိရင် ရင်ထဲမှာ ခံစားရတယ်။ ဒီခံစားချက်တွေကို ပြောပြဖို့ဆိုရင် သူ့အနားမှာနေရအောင် ဘယ်လိုပဲလုပ်ရလုပ်ရ နေနိုင်အောင် ကြိုးစားခဲ့တာပါ။ ဒါပင်မယ့် သူက ကိုယ့်အပြင် နောက်တစ်ယောက်အပေါ်မှာ Crush ဖြစ်သွားချိန်မှာတော့ နံပါတ် ၁ ဆိုတဲ့နေရာကနေ .... ဘယ်လိုမှ ခံစားလို့မရဘူး။

၀၂. ရင်ထဲမှာ အရာရာကို ရှုံးသွားတယ်လို့ ခံစားရတယ်။

ကိုယ်ချစ်သလောက် သူကတော့ ကိုယ့်ကို ပြန်ချစ်မယ်လို့ မှန်းထားလို့ မရပါ။ ကိုယ်ကပေးဆပ်ပြီးချိန်မှာ သူကတော့ ကိုယ့်ကို ဦးစားမပေးတော့ အရာရာကို လက်လွှတ်ဆုံးရှုံးသွားတယ်လို့ ခံစားရမှာပါ။ ဒီလို ခံစားချက်တွေက ငရဲပြည်ကို ရောက်နေသလိုပါပဲ။

၀၃. အံ့သြသွားသလို ယုံကြည်မှုတွေလည်း မရှိတော့ပါ။

သူ့ရဲ့ရင်ထဲက စကားအစစ်အမှန်တွေကို သိလိုက်ရတဲ့အချိန်မှာ ကိုယ့်မှာတော့ မှင်သက်အံ့သြသွားပြီး ငါ့မှာ ဘာအမှားတွေရှိလို့လည်းလို့ တွေးမိမှာပါ။ တချိန်တည်းမှာလည်း ကိုယ့်မှာ ဘာအမှားမှလည်း မရှိပဲဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတာကိုတွေးပြီး ယုံကြည်မှုတွေလည်း ခမ်းခြောက်သွားမှာပါ။

၀၄. ကြိုးစားခဲ့သမျှတွေအားလုံး သဲထဲရေသွန်သလိုဖြစ်သွားပြီ။

အချစ်ပိုခဲ့ကြတဲ့နှစ်ယောက်က သူရဲ့ရင်ထဲမှာ နောက်တစ်ယောက်ရှိနေပြီဆိုတာကို သိလိုက်ရချိန်မှာ၊ အနာဂတ်အတွက် ကြိုတင်စဉ်းစားထားတဲ့ လေထဲကအိမ်လေးကတော့ ပြိုကျ ပျက်စီးသွားပြီပေါ့။ ဘာမှကို စဉ်းစားနိုင်တော့မှာ မဟုတ်ပါ။

၀၅. ဘဝရဲ့ ရည်မှန်းချက်တွေလည်း ယိုင်လဲပြီ။

လူတွေအတွက် အဓိက ခွန်အားကတော့ ချစ်ခြင်းမေတ္တာတရားပါ။ တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးလို့သာ အရာရာကို ကျော်လွှားနိုင်၊ ကြိုးစားနိုင်တာပါ။ ဒါပင်မယ့်လည်း သူ့ရဲ့အရိပ်ကို အားကိုးလွန်းတော့ သူမရှိချိန်မှာ ဘဝကြီးက ဘာမှကို မရှိတော့တဲ့ ဟင်းလင်းပြင်ကြီးပေါ့။

၀၆. ဒေါသတွေက အဖော်ဖြစ်လာတော့တယ်။

ကိုယ်က သူ့ရဲ့နံပါတ် ၂ ဆိုရင် ကြားရတာနဲ့ သတ်ချင်စိတ်တွေ ပေါ်လာမှာပါ။ ဘယ်လိုတုန့်ပြန်မလဲဆိုတော့ သူ့ထက် ကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်ပါ။

၀၇. နှလုံးသား ဒဏ်ရာအတွက် အချိန်ကကုစားပေးမှာပါ။

စွန့်လွှတ်လိုက်ရတဲ့အချိန်မှာ စိတ်ခံစားချက်တွေကို အခြားနေရာမှာ နစ်မျှောနေအောင် ကြံစည်မိနေမှာပါ။ အချိန်အတိုင်းအတာ တခုကို ကျော်လွှားသွားပြီးချိန်မှာတော့ ကိုယ့်ကိုကိုယ် ပြန်ပြီး သုံးသပ်နိုင်မှာပါ။ ဒီအမှားကနေ ဘာတွေကို သင်ခန်းစာရသလဲဆိုတာကို ပြန်တွေးကြည့်ပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် ဘဝကို ပိုင်ဆိုင်ဖို့ရန် ကြိုးစားဖို့ရန်သာ လိုပါတော့ပါ။

#ChelmoTeam