အခုလို နွေရာသီမှာ ဘက်စ်ကားစီးရင်းပဲ ဖြစ်ဖြစ်၊ နေပူထဲမှာ သွားလာရင်းပဲဖြစ်ဖြစ် ချွေးအရမ်းထွက်လို့ စိတ်ညစ်ရတာမျိုးတွေ ကြုံဖူးကြမှာပါ။

ချွေးထွက်ခြင်းက ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်စေတဲ့အပြင် လူကိုမောပန်းနွမ်းနယ်စေပါတယ်။

ကဲ..ဒါ့ကြောင့် ချွေးထွက်များတာကို ထိန်းသိမ်းဖို့ အစားအသောက် (၉)မျိုး ကို ဖော်ပြပေးလိုက်တယ်နော်။

၀၁. ရေ
(အားလုံးသိပီးတဲ့ အတိုင်း ရေများများသောက်ပေးခြင်းက ချွေးထွက်လျော့နည်းစေပါတယ်)

၀၂. ရေဓာတ်ပြည့်ဝတဲ့ အသီးအရွက်
(ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ ခရမ်းရောင်ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ စပျစ်သီး နဲ့ ဖရဲသီးတို့မှာဆိုရင် ရေဓာတ် ပြည့်ဝစွာ ပါဝင်ပါတယ်)

၀၃. ကယ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာ
(နို့နှင့် နို့ထွက်အစားအစာ၊ ဒိန်ခဲ)

၀၄. မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာ
(ဗာဒံစေ့၊ ရွှေဖရုံသီး၊ ပဲပုပ်ပဲ- soy bean)

၀၅. သံလွင်ဆီ
(အစာခြေစနစ်ကောင်းမွန်စေပြီး အစာကြေလွယ်စေတဲ့ အတွက် ကိုယ်ခန္ဓာအပူရှိန် တဟုန်ထိုး မြင့်တက်ခြင်းကို တားဆီးပေးပါတယ်)

၀၆. အုတ်ဂျုံ
(အမျှင်ဓာတ်ကြွယ်ဝပြီး အဆီဓာတ်လျော့နည်းတဲ့ အုတ်ဂျုံကို ခန္ဓာကိုယ်က လျှင်မြန်စွာချေဖျက်ပေးနိုင်ပါတယ်)

၀၇. ကန်စွန်းဥ
(အခြေခံလိုအပ်တဲ့ ဗိုက်တာမင်ဓာတ်တွေ ပါဝင်ပီး အာရုံကြော စနစ်ကောင်းမွန်စေတယ်၊ စိတ်ဖိစီးမှုလျော့ချပေးပီး သွေးဖိအားကိုလဲ လျော့နည်းစေပါတယ်။)

၀၈. ငှက်ပျောသီး
(ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗိုက်တာမင်ဘီ ၆ နဲ့ အခြားအာဟာရဓာတ်တွေ ပါဝင်ပါတယ်။)

၀၉. လက်ဖက်စိမ်း
(အာရုံကြောစနစ်ကို ကောင်းမွန်စေပြီး စိတ်တည်ငြိမ်စေနိုင်မှု အားကောင်းတဲ့ အပြင် ချွေးထွက်နည်းစေပါတယ်။)

#ChelmoTeam