သူငယ်ချင်းတွေထဲမှာ အရမ်းကိုလှတဲ့သူရှိတယ်မဟုတ်လား

ကဲ သူတို့တွေအကြောင်းကို သွေးအမျိုးအစားအလိုက်ကြည့်လိုက်ကြရအောင်နော်။

၀၁. A သွေးအမျိုးအစား ...... သဘာဝအလှကိုသာ ကြိုက်နှစ်သက်သူလေးပါ။

မြင်သူငေးလောက်အောင် ပြင်ရတာထက် သူ့ရဲ့သဘာဝအလှကိုသာ ကြိုက်နှစ်သက်သူလေးပါ။ သဘာဝအလှကို ပိုင်ဆိုင်ဖို့ဆိုတာက အသားအရေလှပအောင် ထိန်းသိမ်းဖို့ရန် အရေးကြီးပါတယ်။ အသားအရေလှတဲ့သူကို မိန်းကလေးချင်းတောင် ငေးရတာမဟုတ်လား။ အခုလို ပူပြင်းတဲ့ရာသီဥတုမှာဆိုရင် နေလောင်ခံ Sun Block Cream ကိုလိမ်းထားရင် အကောင်းဆုံးပေါ့။ နောက်ပြီး မိတ်ကပ်လိမ်းချိန်မှာလည်း အောက်ခံမိတ်ကပ်ကို ကိုယ်နဲ့ကိုက်တဲ့မိတ်ကပ်ကို ရွေးချယ်ရန် အရေးကြီးပါတယ်။

၀၂. B သွေးအမျိုးအစား ...... အလှအပကို လေ့လာဖို့လိုမယ်ထင်တယ်။

အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်သူ B သွေးမိန်းကလေးတွေကို ချစ်ခင်တဲ့သူတွေလည်း ပေါများပါတယ်။ ပျော်ပျော်ပေါ့ပေါ့ပါးပါးနေတတ်သူလေးဖြစ်တာကြောင့် Sexy ဖြစ်ပြီး ဆွဲဆောင်မှုရှိသူလေးလို့တော့ မထင်ကြပါဘူး။ ဒါကြောင့်သူမှာ လိုအပ်ချက်ကတော့ အလှအပ နဲ့ပတ်သက်ပြီး လေ့လာသင့်ပါတယ်။ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ရန် B သွေးမိန်းကလေးတွေကတော့ ကိုယ်နဲ့လိုက်တဲ့ အလှပြင်နည်းတွေကို အတုယူပြီး လက်တွေ့လုပ်ကြည့်မှသာလျှင် ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာမှာပါ။

၀၃. O သွေးအမျိုးအစား ...... အလှပြင်တဲ့နေရာမှာ နည်းနည်းဂရုစိုက်ဖို့လိုပါလိမ့်မယ်။

မလိုအပ်တဲ့ကိစ္စတွေကို သိပ်ပြီး အလေးမထားတတ်တဲ့သူပါ။ အလှပြင်ရင်လည်း အမြန်သာလိမ်းလိုက်တယ်၊ တကယ်တော့ နည်းနည်းလိုနေတဲ့ အပိုင်းလေးတွေကို တွေ့ရတတ်တယ်။ ယောင်္ကျားလေးတွေဆိုတာ ဒီလိုနည်းနည်းလိုတဲ့အပိုင်းလေးတွေကိုမှ မြင်တတ်ကြတာ။ ခြေသည်း၊ လက်သည်း၊ ဒူး၊ လက်၊ လည်ပင်း အစရှိတဲ့နေရာလေးတွေကို ဂရုစိုက်စေချင်တယ်။

၀၄. AB သွေးအမျိုးအစား ....... အားကစားလုပ်သင့်ပါတယ်။

အမြဲတမ်း တည်တည်ငြိမ်ငြိမ်နဲ့နေတတ်သူ၊ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း သေသေချာချာစဉ်းစားပြီးမှ ဆုံးဖြတ်တတ်သူဖြစ်ပါတယ်။ သူ့အတွက် လိုအပ်နေတာက ကိုယ်ခန္ဓာတွင်း ကျန်းမာဖို့လိုအပ်နေတာပါ။ သူရဲ့မိတ်ကပ် အလှအပက အမြဲတမ်း လှပနေတာကတော့ ပြောစရာမလိုပါ။ ဒါကြောင့် သူ့အနေနဲ့ Gym မှာ Training လေးတွေလုပ်သင့်ပါတယ်။

ကဲကိုယ်ကတော့ ဘယ်တစ်ယောက်ဖြစ်မလဲ၊ ကိုယ့်အတွက်လိုအပ်ချက်ကို ဖြည့်စီးပြီး အခုထက် ပိုပြီး ချောမောလှပတဲ့ မိန်းကလေးတွေ ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

#ChelmoTeam
#Fortune