အသားအရေ စိုစိုပြေပြေလေးနဲ့ လှနေဖို့က မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါ။

နေရောင်ခြည် UV rays ကြောင့်၊ ရာသီဥတု အပြောင်းအလဲတွေကြောင့် အသားအရေကို တစ်နေ့ထက်တစ်နေ့ ခြောက်သွေ့ ပျက်စီးစေပါတယ်။အသားအရေ ခြောက်သွေ့လွန်းလာတဲ့ အခါမှာတော့ အရေပြားယားယံစေရုံသာမက အခြားမလိုလားအပ်တဲ့ အရေပြား ပြဿနာများစွာကိုလဲ ဖြစ်လာစေနိုင်ပါတယ်။

ဒါကြောင့်စိုပြေလှပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ လွယ်လွယ်ကူကူနဲ့ အကုန်အကျလည်း သက်သာ၊ ရလဒ်ပိုင်းမှာတော့ အံ့မခန်းထူးခြားစေမဲ့ သဘာဝနည်းလမ်း (၃) သွယ်ကို ဖော်ပြပေးလိုက်ပါတယ်။

၀၁. အုန်းဆီ(သို့မဟုတ်)သံလွင်ဆီ

အိမ်မှာရှိတဲ့ ကြိုက်နှစ်သက်ရာ အုန်းဆီ သို့မဟုတ် သံလွင်ဆီ ကို ယူလိုက်ပါ။ ခန္ဓကိုယ်တစ်ခုလုံးကို ၄င်းဆီဖြင့် သုတ်လိမ်းပြီး ၁မိနစ် မှ ၂ မိနစ် ထိနှိပ်နယ်ပေးပါ။ ဒါဆိုရင် အရေပြားအတွင်းကိုလျင်မြန်စွာ စိမ့်ဝင်စေပြီး အင်္ကျီကိုလဲ မစွန်းထင်းတော့ဘူးပေါ့။ ညအိပ်လိုက်ပီးနောက်နေ့ မနက်စောမှာ ရေပြန်ချိုးလိုက်ရုံပါပဲ။တစ်ပါတ်ကို နှစ်ကြိမ်မှ သုံးကြိမ်ထိပြုလုပ်ပေးပါ။ ဒီဆီ၂မျိုးလုံးမှာက Vitamin E, Vitamin A & Fatty acids ကြွယ်ဝတာကြောင့်အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးပြီး healthy skin ဖြစ်ဖို့အတွက် လိုအပ်တဲ့ဓာတ်အားလုံးကို ထောက်ပံ့ပေးပါတယ်။ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် ချောမွေ့ညက်ညောပြီး နူးညံ့စိုပြေတဲ့ အသားရေ ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

၀၂. ပျားရည်စစ်စစ်

ပျားရည်ကို ကိုယ်လိုချင်တဲ့ မျက်နှာ သို့မဟုတ် လက်မောင်းလေးတွေကို သုတ်လိမ်းလိုက်ပါမယ်။ ၁၅-၂၀ မိနစ်ထိထားပြီး ကြက်သီးနွေးရေ လေးနဲ့ ပြန်ဆေးလိုက်ပါ။ မျက်နှာသုတ်ပုဝါလေးနဲ့ ဖွဖွလေးပုတ်ပြီး အခြောက်ခံလိုက်ပါ။ ၂ပါတ် ၁ကြိမ် ပြုလုပ်ပေးပါ၊ အရမ်းခြောက်သွေ့တဲ့ skin ပိုင်ရှင်ဆိုရင်တော့ ဒီထက်ပိုလုပ်ပေးလဲ ရပါတယ်။ ပျားရည်က အကောင်းဆုံး သဘာဝ moisturiser တွေထဲက တစ်ခုဖြစ်ပြီးတော့ အရေပြားအတွင်းဆုံးအလွှာထိ ထိုးဖောက်ပြီး အသားရေကို စိုပြေစေပါတယ်။ ဒါ့အပြင် ချွေးပေါက်တွေကို ရှင်းလင်းပေးပြီး မွဲခြောက်ဖျော့တော့နေတဲ့ အသားအရေကို ကြည်လင်တောက်ပ လာစေမှာပါ။

၀၃.ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက် အခွံ ခွာပြီး အထဲက အနှစ်(gel) ကိုယူပီးလျှင်ပီးချင်း ခန္ဓကိုယ်ပေါ်မှာ သုတ်လိမ်းပါမယ်။ ၁၀-၁၂ မိနစ်ထိထားပီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ၂ရက် မှ ၃ ရက် အတွင်း ၁ ကြိမ်ပြုလုပ်ပေးပါ။ သူ့မှာလည်း skin အတွက်အရေးကြီးတဲ့ Vitamin A & Vitamin E ပါဝင်တာကြောင့်ုလိုအပ်တဲ့ အစိုဓာတ်ကို ရရှိစေပြီး plant steroids ကြောင့် ခြောက်သွေ့ခြင်းကြောင့် အရေပြားယားယံတာကို လဲသက်သာစေပါတယ်။

အားလုံးပဲ သဘာဝအတိုင်းစိုပြေလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေ။

#Chelmo #Beauty