ပြစ်မျိုးမှဲ့မထင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်တဲ့ မိန်းကလေးတွေအတွက် ယနေ့ခေတ်မှာ အသားအရေကို သဘာဝနည်းလမ်းလေးတွေနဲ့ ထိန်းသိမ်းဖို့ လိုအပ်လှပါတယ်။

ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ နေရောင်ခြည် UV rays၊ စိတ်ဖိစီးမှုများခြင်း အပြင် မသင့်လျော်တဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် အသားအရေကို တော်တော်လေး ပျက်စီးစေရုံသာမက အသားအရောင်မညီခြင်းတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါတွေကိုကာကွယ်ဖို့အတွက် သဘာဝပစ္စည်းလေးတွေနဲ့ပြုလုပ်ထားတဲ့ အရာတွေပဲသုံးတာက အကောင်းဆုံးပါ။ ဒီလိုသုံးခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ ၁)အသားအရေကို တောက်ပဖြူုဝင်းစေမယ်၊ ၂)အသားအရောင်ညီစေမယ် ၃)အမည်းစက်၊ အစက်အပြောက်တွေကိုလျော့နည်းစေမယ်၊ ၄)နေရောင်ခြည် UV rays တွေကိုကာကွယ်ပီးသားဖြစ်မယ်၊ ၅)အန္တရာယ်ဖြစ်စေမယ့် ဘက်တီးရီးယားတွေကို ဖယ်ထုတ်ရှင်းလင်းပီးသားဖြစ်သွားမယ်။

အသားအရေ လှပစေမယ့် သဘာဝနည်းလမ်းတွေ များစွာရှိတဲ့ထဲကမှ ဒီတစ်ခေါက်မှာတော့ အသားအရေကို ဖြူဖွေးစေမယ့် အကုန်အကျသက်သာပြီး လွယ်ကူရိုးရှင်းတဲ့နည်းလမ်းလေးတွေကို ပြောပြပေးထားပါတယ်။

၀၁. အာလူး

အာလူးမှာ Vitamin-C ကြွယ်ဝပြီး antioxidants ပါရှိတာကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ဖြူစေမယ့် ဖန်တီးရှင်လေးပါ။

လိုအပ်သောပစ္စည်း ------ အာလူးတစ်လုံး။
အသုံးပြုပုံ             ------ အာလူးအခွံကို နွှာပြီး သူ့အဝိုင်းလေးအတိုင်းပါးပါးလေးတွေလှီးပါမယ်။ ကိုယ့်အသားအရေ လင်းလက်စေချင်တဲ့ နေရာလေးတွေမှာ လှီးထားတဲ့ အာလူးဖတ်လေးတွေနဲ့ အရည skin ထဲစိမ့်ဝင်အောင် ပွတ်တိုက်ပေးပါ။ ၁၅-၂၀ မိနစ်လောက်ထိထားပြီး ရေနဲ့ ဆေးကြောပေးပါ။(သို့မဟုတ်) အာလူးကို ခြစ်လိုက်ပြီး အရည်ညှစ်ထုတ်ကာ ဂွမ်းစလေးနဲ့ အသားအရေပေါ်မှာ သုတ်လိမ်းပေးရင်လည်း ရပါတယ်။
အကြိမ်အရေအတွက်----- တစ်ပါတ်ကို (၃) ကြိမ်ခန့်လုပ်ပေးပါ။
သတိပြုရန်            ------ အာလူးအရည်က အသားအရေကို အနည်းငယ်ခြောက်သွေ့သွားစေတာမို့ အသုံးပြုပြီးရင် အစိုဓာတ်ထိန်းပေးမယ့် moisturizer လိမ်းပေးဖို့တော့မမေ့နဲ့နော်။

၀၂. သင်္ဘောသီး နှင့် ပျားရည်

လတ်ဆတ်တဲ့ သင်္ဘောသီးက စားလို့အရသာရှိရုံသာမက အသားအရေအတွက် အကျိုးပြုတဲ့ နေရာမှာလဲ အတိုင်းထက် အလွန်ပါ။ papain နဲ့ alpha hydroxy acids ကဲ့သို့သော enzymes များပါဝင်တာကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိအောင် အညစ်အကြေးမှန်သမျှကို ဖယ်ရှားပေးမှာပါ။ ပျားရည်က အကောင်းဆုံး သဘာဝ moisturiser တွေထဲက တစ်ခုဖြစ်ပြီးတော့ အရေပြားအတွင်းဆုံးအလွှာထိ ထိုးဖောက်ပြီး အသားရေကို စိုပြေစေပါတယ်။ ဒါ့အပြင် ချွေးပေါက်တွေကို ရှင်းလင်းပေးပြီး မွဲခြောက်ဖျော့တော့နေတဲ့ အသားအရေကို ကြည်လင်တောက်ပ လာစေမှာပါ။

လိုအပ်သောပစ္စ္စည်း ------- လတ်ဆတ်တဲ့ သင်္ဘောသီးလက်ဖက်ရည် ပန်းကန်လုံး တစ်ဝက်၊ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း။
အသုံးပြုပုံ            ------- သင်္ဘောသီးကို ညက်ညောချောမွေ့တဲ့ အနှစ်ပျော့ပျော့လေး ရအောင်ချေလိုက်ပါ။ ပြီးရင်တော့ ပျားရည်နဲ့ရောမွှေလိုက်ပါ။ ရလာတဲ့ အနှစ်လေးတွေကို မျက်နှာပေါ်မှာတင်ပြီးမိနစ်၂၀ခန့် ထားပါ။ ပြီးလျှင် ရေနွေးနွေးလေးနဲ့ ဆေးချပါမယ်။ နောက်တစ်ခေါက်ရေအေးနဲ့ ထပ်မံ မျက်နှာသစ်လိုက်ပါ။
အကြိမ်အရေအတွက်------ အိပ်ရာမဝင်မှီ ညတိုင်းပြုလုပ်ပေးနိုင်ပါတယ်။ *ဒီနည်းလမ်းက oily skin နဲ့ normal skin သမားတွေအတွက်တော့ အကောင်းဆုံးပါ။
သတိပြုရန်            ------- Papain က အချို့သောလူတွေအတွက် allergic ဖြစ်တတ်တာကြောင့် သင်္ဘောသီးနဲ့ ဓာတ်မတည့်တဲ့ သူတွေအတွက် ဒီနည်းလမ်းကို မသုံးသင့်ပါဘူး။

အခုပြောပြသွားတဲ့ သဘာဝနည်းလေးတွေက အသားအရေ ဖြူဝင်းစေမယ့် ရိုးရှင်းတဲ့ နည်းလေးတွေပါ။ အသားအရေခြောက်တွေ့တဲ့ သူတွေအတွက် အသားအရေစိုစိုပြေပြေ ဖြစ်စေမယ့် နည်းလေးတွေကိုတော့ အောက်က Link မှာဝင်ဖတ်ကြည့်လို့ရပါတယ်နော်။ 

http://www.chelmo.tips/beauty/656-20180503-0

#ChelmoTeam

#Beauty