Celebrity

  • 2014-08-24 08:09
  • | Hit: 5953
  • | Written by Chelmo


EXO အဖွဲ့ကိုလိုက်ပြီး အတုခိုးနေတဲ့ ထိုင်းနိုင်ငံက EXO-T လုပ်ပုံတွေက တဖြည်းဖြည်းဆိုးလာတဲ့အတွက် EXO အဖွဲ့ရဲ့ အဖွဲ့သားတွေက တော်တော်ကို စိတ်ဆိုးနေပါတယ်။

ဇူလိုင်လ၁၀ရက်နေ့က Mnet မှာထုတ်လွင့်ခဲ့တဲ့အစီအစဉ်မှာ BIGBANG ကိုအတုခိုးထားတဲ့ တရုတ်နိုင်ငံက OK-BANG,SHINeeရဲ့ Ring Ding Dong ကိုအတုခိုးထားတဲ့ ကမ္ဘောဒီးယားက Wonder Girls ရဲ့ Ring Ding Dong,ထိုင်းက EXO-T, ထိုင်ဝမ်က Girl Generation တို့အတုခိုးတာမဟုတ်ပဲ Copy ကူးချနေတဲ့အကြောင်းကိုတင်ပြခဲ့ပါတယ်။

အထူးသဖြင့် ထိုင်းက EXO-Tဟာ EXO အဖွဲ့ကိုအတုခိုးထားတဲ့အဖွဲ့ဖြစ်ပြီး Millenium Boyဆိုတဲ့နာမည်နဲ့သူတို့အဖွဲ့ကိုစတင်ခဲ့တာပါ။ထိုင်းနိုင်ငံအတွင်းမှာ တဖြည်းဖြည်းလူကြိုက်များလာပြီးနာမည်ကလည်း EXO-T ဖြစ်လာခဲ့ပါတယ်။သီချင်းအကကစပြီး အဖွဲ့ဝင်တွေရဲ့ ဝတ်ပုံစားပုံအဆုံး အားလုံကို Copy လုပ်နေပြီး သူတို့ကသာလျှင် အစစ်လိုလို ဖြစ်အောင်လုပ်နေတာကိုတွေ့နေရပါတယ်။

EXO အဖွဲ့ဝင်ဖြစ်တဲ့ BAEKHYUN နဲ့ Girl Generation က TAE YEON တို့ကြိုက်နေတဲ့ကိစ္စဖြစ်တဲ့အခါမှာ BAEKHYUNအဖြစ်ခံယူထားတဲ့ EXO-Tအဖွဲ့ဝင်က သူ့ရဲ့ချစ်သူအကြောင်းကို လူအများသိအောင် Media မှာဖော်ပြတာတွေကိုလုပ်ခဲ့တဲ့အတွက် EXO အဖွဲ့အနေနဲ့ အခက်တွေ့နေပါတယ်။ပိုပြီးဆိုးလာတာကတော့ EXO အဖွဲ့က KRIS ကအဖွဲ့ကထွက်သွားတုန်းကလဲ ထိုင်းကEXO-Tအဖွဲ့ရဲ့ KRIS ကလဲအဖွဲ့က ထွက်သွားခဲ့ပါတယ်။

EXO-Tအဖွဲ့ရဲ့လုပ်ပုံတွေဟာ ဆိုးသထက်ဆိုးလာတဲ့အတွက် EXO အဖွဲ့အတွက်ကတော့ ခေါင်းကိုက်စရာကိစ္စတခုပဲဖြစ်နေပါပြီ။

Happiness Is To You
Chelmo Team
Ref. Kstyle