Music

  • 2014-09-16 11:34
  • | Hit: 2976
  • | Written by Chelmo

မိန်းကလေး အဆိုတော်အဖွဲ့ LADIES' CODE ရဲ့ ကား Accident ဖြင့်သေဆုံးသွားသော အဖွဲ့ဝင်နှစ်ယောက်ဖြစ်သော RiSe's နှင့် EunB'sတို့ကို အောင့်မေ့ဖွယ် Music Video လေးဖြစ်တဲ့ I'm Fine Thank You ထွက်လာပါပြီ။

စက်တင်ဘာလ ၁၆ရက်နေ့တွင် LADIES' CODE ၏ ကုမ္ပဏီဖြစ်သော Polaris Entertainment မှတရားဝင်ထုတ်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

Music Video ထဲမှာတော့ သူတို့အဖွဲ့ရဲ့သွားလာလှုပ်ရှားခဲ့သောပွဲတွေ ပရိသတ်တွေနဲ့ထိတွေ့နေတဲ့အချိန်တွေကို ပြန်လည်ဖော်ပြထားပါတယ်။

EunB's ကနေပြီး ဒီအစီအစဉ်လေးက သမီးတို့ရဲ့နောက်ဆုံးအစီအစဉ်လေးဖြစ်တာကြောင့် အရမ်းဝမ်းနည်းတာပဲ။ဒါပင်မဲ့ ဒါကနောက်ဆုံးလို့တော့ မထင်ပါဘူး။

သမီးတို့ ဆက်ပြီးကြိုးစားနေမှာဖြစ်တာကြောင့် အစီအစဉ်လေးက ပြီးသွားပင်မဲ့ သမီးတို့တွေ့နိုင်တာကြောင့် ဝမ်းမနည်းပါဘူး လို့ပြောထားတာတွေ့ရပါတယ်။

Music Video နောက်ဆုံးမှာတော့ RiSe's EunB's ကောင်းရာသုကတိလားပါစေလို့ ဆုတောင်းထားတာကိုတွေ့ရပါတယ်။

ဒီသီချင်းလေးက ပြီးခဲ့သောနှစ်ကထုတ်ထားတဲ့သီချင်းဖြစ်ပင်မဲ့ EunB's ကဆုံးသွားတဲ့အချိန်မှာ သူ့ကိုချစ်သော ပရိသတ်တွေ ဝမ်းနည်းသောအထိမ်းအမှတ်ကြောင့်
Music Chat ၉ခုမှာ ပထမနေရာချိတ်ခဲ့ပါတယ်။

သူတို့ရဲ့သီချင်းလေးကို ခံစားကြည့်ပါ။

{youtube}C7JYOzTl-ec {/youtube}

Chelmo Team