Music

  • 2014-09-30 08:08
  • | Hit: 4084
  • | Written by Chelmo

Girls' Generation မှ Jessica ကိုထုပ်ပယ်လိုက်ပြီဖြစ်ကြောင်း SM Entertainment က တရားဝင်ကြေညာလိုက်ပါပြီ။

အဓိကအကြောင်းရင်းကတော့ Jessica က ကိုယ်ပိုင် Fashion Brand တခုကိုထောင်လိုက်တဲ့အတွက် ဖြစ်ပါတယ်။

Girls' Generation အဖွဲ့ဝင် ၉ ယောက်နဲ့နာမည်ရလာတဲ့အဖွဲ့ဖြစ်ပြီး Jessica ရဲ့လုပ်ရပ်ဟာ အခြားသော အဖွဲ့ဝင်တွေအတွက် စိတ်မကောင်းစရာတခုဖြစ်ရပါတယ်။

Jessica က Girls' Generation အဖွဲ့ကနေထွက်သွားရပင်မဲ့ SM Entertainment အနေနဲ့တော့ Jessica ကိုဆက်လက်ပြီး တာဝန်ယူသွားမှာဖြစ်ကြောင်းကိုပါ ပြောကြားသွားပါတယ်။
Jessica ကတော့ သူ့အနေနဲ့ Girls' Generation အဖွဲ့အတွက် အမြဲတမ်း အလေးပေးပြီး ကြိုးစားလာခဲ့ပင်မဲ့ သူ့ကို အခုလို ထုတ်ပစ်တဲ့အတွက် အရမ်းဝမ်းနည်းတယ်လို့လဲ ဆိုပါတယ်။

Girls' Generation အဖွဲ့ရဲ့ Girls' Generation 1st Fan Party အတွက် ကိုရီးယားနိုင်ငံ အင်းချောင်လေဆိပ်ကနေ တရုတ်ပြည်ကို ထွက်ခွာသွားတဲ့ အဖွဲ့ဝင်တွေထဲမှာ Jessica ကိုမတွေ့ရတော့ပါ။

Chelmo Team
Ref. Kstyle
Photo By. http://jongjong2323.com/