အကူအညီတောင်းရင် မငြင်းနိုင်သူ။ ကိုယ့်အတွက်ထက် သူတပါးအတွက် ကူညီပေးချင်သူ။

ဒီလိုလူမျိုးကို စိတ်ခံစားမှုနဲ့ဆုံးဖြတ်သူပါ။ သူနဲ့ပြောင်းပြန် ဘာပဲလုပ်လုပ် စနစ်တကျ တွေးပြီးမှ ဆုံးဖြတ်သူ ရှိပါတယ်။ ကဲ နှစ်ယောက်တည်းက ဘယ်လိုလူမျိုးဖြစ်လိမ့်မလဲ။ ကိုယ့်ရဲ့လက်ကို ကြည့်လိုက်ကြရအောင်နော်။

★★ လက်ဖဝါး ကြည့်နည်း

လက်ဖဝါးက ထူလား၊ ပါးလားကို ကြည့်ပါ။ လက်ဖဝါးက ထူရင်တော့ စိတ်ခံစားမှုနဲ့ဆုံးဖြတ်သူ၊ လက်ဖဝါးက ပါးရင်တော့ စနစ်တကျတွေးပြီးမှ ဆုံးဖြတ်သူ ပါ။

★ လက်ဖဝါးက ထူရင်တော့ စိတ်ခံစားမှုနဲ့ဆုံးဖြတ်သူ

သူကတော့ ကိုယ်ချင်းစာတရား အပြည့်နဲ့ လူတွေနဲ့လည်း လေးလေးနက်နက် ဆက်ဆံတတ်သူပါ။ ဒုက္ခရောက်နေသူကို မြင်ရင် ပြစ်မထားနိုင် ချက်ချင်းဆိုသလို အကူအညီပေးချင်သူပါ။ လူအများကို ကူညီချင်သောစိတ်ဓါတ်ရှိတာကြောင့် သူ့ပတ်ဝန်းကျင်မှာ အမြဲတမ်းဆိုသလို သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပြည့်နေမှာပါ။ သူတို့တွေက ကံကောင်းသောသူများဖြစ်ပြီး ပိုက်ဆံရှာကောင်းသောသူများလည်း ဖြစ်ပါတယ်။

★ လက်ဖဝါးက ပါးရင်တော့ စနစ်တကျတွေးတော ဆုံးဖြတ်သူ

သူကတော့ လောကကြီးကို အေးအေးဆေးဆေး သုံးသပ်ပြီး ဘယ်ကိစ္စမဆို သိပ်မပါချင်ပါ။ သူကဘာကိုတွေးနေသလဲဆိုတာကို မသိနိုင်တဲ့အတွက် လူတွေက သူ့ကို တည်ငြိမ်သောသူလို့ သတ်မှတ်လိမ့်မယ်။ လူတွေနဲ့ ပတ်သက်တာထက် ကိုယ့်ရဲ့ဘဝလေးထဲမှာ နေရတာကို ပိုပြီး ခုံမင်သူပါ။ ဒါကြောင့်လည်း အထီးကျန်ပါလိမ့်မယ်။ လောဘမရှိတာကြောင့် သာမန်ဘဝကိုသာ ခုံမင်တတ်သူဖြစ်ပါလိမ့်မယ်။

#ChelmoTeam
Credit. cocoloni
Credit Photo. cocoloni