ခြေအိတ်အရောင် အမျိုးမျိုးရှိတဲ့အထဲမှာ ဘယ်ခြေအိတ်ကို သဘောကျသလဲဆိုတာကို ရွေးကြည့်ကြရအောင်။

 

၀၁. ခြေအိတ်ရိုးရိုး

ဒီခြေအိတ်လေးကို ရွေးလိုက်လို့ စိတ်မပျက်ပါနဲ့။ ဒီခြေအိတ်လေးကို ရွေးသူက ဘာကိုမဆို အောင်မြင်အောင်လုပ်ကိုင်နိုင်သူပါ။ ဘယ်လောက်ပင် ခက်ခဲသော အလုပ်ဖြစ်ပါစေ၊ အောင်မြင်အောင်လုပ်ကိုင်နိုင်သူပါ။ စီးပွားရေးလုပ်ငန်းခွင်မှာ ကျွမ်းကျင်မှာပါ။

၀၂. မျဉ်းကြောင်းလေးတွေပါသော ခြေအိတ်

ဒီခြေအိတ်လေးကို ရွေးသူကတော့ ပတ်ဝန်းကျင်ရဲ့ ယုံကြည်မှုကို ခံရမည့်သူဖြစ်ပါတယ်။ အကြံကောင်းတွေကို ပေးနိုင်တဲ့အတွက် ကိုယ့်ဆီကို တိုင်ပင်ဖို့လာသူတွေများပါလိမ့်မယ်။ ဒီအတွက် ကိုယ့်ကိုကိုယ့် ကြိုးစားရမယ်ဆိုပြီး တွေးထားရန်မလိုပါ။

၀၃. စက်ဝိုင်းခြေအိတ်

ဒီခြေအိတ်လေးကို ရွေးလိုက်သူကတော့ နည်းနည်းရှက်တတ်သူပါ။ သူက ထင်ပေါ်ကျော်ကြားချင်တာထက် အေးအေးဆေးဆေးနေချင်သူပါ။ ရှက်တတ်သူဖြစ်တဲ့အတွက် စကားပြောဖို့ ခက်မယ်လို့ထင်ရပင်မဲ့လည်း တကယ်တော့ ခင်တတ်သူပါ။ စားပွဲသောက်ပွဲတွေမှာ လူများများနဲ့ စကားပြောသင့်ပါတယ်။

၀၄. လေးထောင့်ပုံခြေအိတ်

သူကတော့ ဘာမဆို တီထွင်ကြံဆချင်သူပါ။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ အတူတူ သွားစားသောက်တာထက် တစ်ယောက်တည်း သွားချင်တဲ့နေရာကို သွားရတာကို ပိုပြီး သဘောကျပါတယ်။ ဘယ်သူကပဲ လာပြီးတားပါစေ၊ ကိုယ်လုပ်ချင်တာကို ဆက်ပြီးလုပ်မယ်လို့ ခံယူထားသူပါ။ စာရေးကောင်းသောကြောင့် စာအုပ်များကိုလည်း ထုတ်သင့်ပါတယ်။

၀၅. လှိုင်းပုံခြေအိတ်

သူကတော့ လူတစ်မျိုးလို့ ပတ်ဝန်းကျင်ကနားလည်ပါလိမ့်မယ်။ သူက အသစ်အဆန်းကို ဖန်တီးနိုင်သူဖြစ်တာကြောင့် အမြဲတမ်း စဉ်းစားတွေးတောနေတတ်သူပါ။ ဒါပင်မဲ့လည်း သူ့ရဲ့အတွေးအခေါ်ကို လူတွေကသိပ်ပြီးနားလည်မှာ မဟုတ်ပါ။ ဒါပင်မဲ့ အားမငယ်ပါနဲ့။ ဆက်ပြီး ကြိုးစားပါ။

၀၆. အသည်းပုံခြေအိတ်

သူကတော့ အချစ်အတွက် အသက်ပေးမယ်လို့ အမြဲတွေးပြီး ကဗျာဆန်နေသူပါ။ သူငယ်ချင်းပဲဖြစ်ဖြစ်၊ အလုပ်ခွင်ထဲမှာပဲဖြစ်ဖြစ် ရည်းစားရဖို့အရေး အမြဲကြိုးစားနေတတ်ပါတယ်။

၀၇. ပန်းပွင့်ခြေအိတ်

သူကတော့ ဘာမဆိုပေါ့ပေါ့ ပျော်ပျော်နေတတ်သူပါ။ ဒါကြောင့်လည်း လူချစ်လူခင်ပေါများတတ်ပါတယ်။ ဒါပင်မဲ့ သူနဲ့ ဆန့်ကျင်ဘက်လူတွေနဲ့တော့ မပေါင်းသင်းသင့်ပါ။ ဘာကြောင့်လဲဆိုတော့ သူရဲ့ကောင်းချက်တွေပျောက်ကွယ်သွားနိုင်လို့ပါ။

၀၈. စတုရန်းခြေအိတ်

သူကတော့ ဘာမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူပါ။ လူအများရှေ့မှာ ကိုယ့်ရဲ့အကြောင်းကို သရုပ်ဆောင်ရမှာကို သဘောကျသူပါ။ ဘယ်နေရာကိုသွားသွား သူ့နားမှာ အပေါင်းအသင်းတွေက ဝိုင်းဝိုင်းလည်နေမှာပါ။ သတိထားရမှာက စကားကျယ်ကျယ်မပြောဖို့သာ အရေးကြီးပါတယ်။

#ChelmoTeam
Credit. tabi-labo
Credit Photo. tabi-labo