ကိုယ့်အကြောင်းကို ဘယ်သူမှမသိသလို တကယ်လို့ သေသေချာချာ သိချင်တဲ့အခါမျိုးလည်း ရှိမှာပါ။

ဘယ်လို မိန်းကလေး ဖြစ်မယ်ဆိုတာကို စမ်းစစ်ကြည့်လိုက်ရအောင်လား။

အောက်မှာ ရေးထားတဲ့အချက်လေးတွေကို ဖတ်ကြည့်ပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ အချက်လေးတွေကို မှတ်ထားလိုက်ပါ။

★ အရပ်ပုတဲ့ဘက်မှာ ပါပါတယ်။

★ ရင်သား မသိမသာ ပေါ်စေတဲ့ အင်္ကျီကို အမြဲတမ်းဝတ်လေ့ရှိတယ်။

★ စကားပြောယင်းနဲ့ သူများ ကိုယ်ကို ဟိုကိုင်ဒီကိုင် လုပ်တတ်တယ်။

★ ကိုယ့်ထက်ချောလှတဲ့ မိန်းကလေးဆိုရင် မနာလို ဖြစ်တတ်တယ်။

★ အချိန်နဲ့တပြေးညီ ခေတ်စားနေတဲ့ဟာတွေကို အကုန်ကြိုက်တယ်။

★ လက်သည်း၊ Spa ဆိုရင်လည်း အမြဲသွားနေရမှ ကျေနပ်တယ်။

★ ချစ်သူအတွက် ဟင်းချက်ကျွေးဖူးတယ်။

★ ချစ်သူများနေ့မှာ သူ့အတွက် လက်ဆောင်ဝယ်ပေးဖူးတယ်။

★ မိတ်ကပ်မလိမ်းထားတဲ့ မျက်နှာပြောင်ကို ဘယ်သူ့ကိုမှ မပြချင်ပါ။

★ ကိုယ်ကြိုက်တဲ့ အနုပညာရှင်ရဲ့ အမှတ်တရ ပစ္စည်းလေးတွေကို သိမ်းထားတယ်။

ကဲ အပေါ်က အချက်လေးတွေ အပေါ်မှာ မူတည်ပြီး ဘယ်နှစ်ခုလောက်မှန်တယ်ဆိုတာကို မှတ်ထားလိုက်နော်။

★ 0 - 2 ချက်မှန်လျှင် ရိုးရိုးလေးနဲ့ ချစ်စရာကောင်းတာကြောင့် ဝိုင်းဝိုင်းလည်နေပါလိမ့်မယ်

သူကတော့ ကိုယ့်တိုင်ကိုယ်က အေးအေးဆေးဆေးနေတတ်ပြီး ယောင်္ကျားလေးတွေ အကြိုက်လည်း မနေတတ်သူပါ။ အမြဲတမ်း သဘာဝအတိုင်းပဲ၊ ဘာကိုမှလည်း ဂရုမစိုက်သူပါ။ ယောင်္ကျားလေးတွေဘက်ကကြည့်ရင်တော့ သဘာဝအတိုင်းဖြစ်တာကြောင့် သူလေးကို ကြိုက်တဲ့သူတွေ ပေါများပါလိမ့်မယ်။

★ 3 - 5 ချက်မှန်လျှင် ပြင်သင့်တာကို မြန်မြန်ပြင်လျှင် မီပါသေးတယ်

သူကတော့ ယောင်္ကျားလေးတွေ ဆွဲဆောင်အားကောင်းတဲ့ အဝတ်အစားကို ဝတ်ရတာကို ကြိုက်သလို ယောင်္ကျားလေးတွေနဲ့ အတူတူသွားလာနေရတာကို ကြိုက်နှစ်သက်သူပါ။ သူကမှားနေတာ မဟုတ်ပါ။ နည်းနည်းတော့ အသွားအလာ လျော့သင့်ပါတယ်။

★ 6 - 8 ချက်မှန်လျှင် ကိုယ့်ထက်ငယ်တဲ့ မိန်းကလေးကို မနာလိုဖြစ်နေတတ်တယ်

ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်ထက်ငယ်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးကို မနာလိုဖြစ်ပြီး အနိုင်ကျင့်နေတတ်တယ်။ ဘာကြောင့်လဲဆိုတာ ဒီမိန်းကလေးရဲ့ အလှတရားကြောင့်ပါ။

★ 9 - 10 ချက်မှန်လျှင် ထိန်းမနိုင်တော့ပါ

သူကတော့ ကြိုက်တဲ့ ယောင်္ကျားလေးကိုတွေ့တာနဲ့ ချက်ချင်းဆိုသလို လုပ်ချင်တာတွေကိုလုပ်ပါတော့တယ်။ စိတ်ညစ်စရာတွေရှိတာကြောင့် တိုင်ပင်စရာရှိတယ်လို့ ပြောပြီး သူနဲ့ နီးစပ်အောင် ကြိုးစားမှုတွေရှိပါလိမ့်မယ်။ ဒီလိုမျိုးကိစ္စတွေက ပတ်ဝန်းကျင်ကကြည့်ရင်တော့ စိတ်ပျက်စရာကောင်းပါလိမ့်မယ်။ ဆင်ခြင်သင့်ပါတယ်။

#ChelmoTeam
Credit. cocoloni
Credit Photo. cocoloni