ချစ်သူဖြစ်သူနဲ့ ကိုယ့်ရဲ့အကြားမှာ ရင်းနှီးမှုတွေ၊ ကြင်နာမှုတွေကို ဘယ်လိုဖော်ပြနေလဲ။

ချစ်တဲ့အကြောင်းကို အမျိုးမျိုး ဖော်ပြနိုင်ပင်မယ့်လည်း သူတို့နှစ်ယောက်ရဲ့ ဖက်ထားပုံလေးနဲ့ အဖြေရှာကြည့်ရအောင်လား။

https://www.youtube.com/watch?v=SDiIypwEJxY

၀၁. အနောက်ကနေဖက်ထားရင်တော့

ယောင်္ကျားလေးဖြစ်သူက အနောက်ကနေ ဖက်ထားရင်တော့ သူက မိန်းကလေးဖြစ်သူကို ကာကွယ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း နားလည်မှုတွေရှိတာကြောင့် ဒီလိုဖက်ထားတာကို မိန်းကလေးဖြစ်သူက လက်ခံတာပါ။

၀၂. တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် ဖက်ထားရင်တော့


ပုံပါအတိုင်း ချစ်ချစ်ခင်ခင်ကို ဖက်ထားရင်တော့ တစ်ယောက်အပေါ်တစ်ယောက် ၁၀၀% ယုံကြည်မှုတွေရှိနေပြီ ဆိုတာကို သိရမှာပါ။ လူတွေက ကိုယ့်ရဲ့ကျောအနောက်ကို အခြားသောသူကို ခွင့်ပြုတယ်ဆိုတာ ယုံကြည်တဲ့သူကိုသာ ခွင့်ပြုတာပါ။

၀၃. ပါးလေးကို လာနမ်းသလို ဖက်ထားရင်တော့


သူငယ်ချင်းတွေကြားမှာ ဖြစ်တတ်တာပါ။ ဒါပင်မဲ့လည်း မြန်မာပြည်မှာတော့ မသိတဲ့သူကို လုပ်လိုက်ရင်တော့ ပါးရိုက်ခံရမှာပေါ့။

၀၄. မိန်းကလေးက ယောင်္ကျားလေး လည်ပင်းပေါ်လက်တင်ပြီး ဖက်ထားရင်တော့


မိန်းကလေးက ယောင်္ကျားလေး လည်ပင်းပေါ်လက်တင်ပြီး ယောင်္ကျားလေးက မိန်းကလေး ခါးပေါ်မှာ လက်ရောက်နေရင်တော့ အရမ်းကို ချစ်ကြတဲ့ ချစ်သူတွေ ဖြစ်ကြမှာပါ။

၀၅. ဘေးချင်းယှဉ်ပြီး ဖက်ထားရင်တော့


ငယ်ငယ်တုန်းက သူငယ်ချင်း အချင်းချင်း ဘေးချင်းယှဉ်ပြီး ဖက်ထားလေ့ရှိမှာပါ။ ဒီလိုဖက်ထားတယ်ဆိုတာလည်း တော်တော်ကို နားလည်မှုရှိမှသာလျှင် ဖြစ်နိုင်တာပါ။

၀၆. မျက်နှာက တဖက်သားရဲ့ လည်ပင်းနားကို ရောက်နေရင်တော့


ကိုယ့်မျက်နှာက သူ့ရဲ့လည်ပင်းနားကို ရောက်နေရင်တော့ နှစ်ယောက်ကြားမှာ တစ်ယောက်ကို တစ်ယောက် မရှိမဖြစ်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။ အစွဲအလမ်းကြီးပြီး အချစ်ရှုးနေပြီလား မသိပါ။

၀၇. မိန်းကလေးကထိုင်နေပြီး ယောင်္ကျားလေးက မတ်တပ်ရပ်ပြီး ဖက်ထားရင်တော့


တစ်ယောက်အပေါ် တစ်ယောက် အတော့်ကို ချစ်နေကြပြီထင်ပါတယ်။ သတိထားပါ။

၀၈. ခပ်လှမ်းလှမ်းက ဖက်ထားရင်တော့


ဖက်ထားတာက နည်းနည်းဝေးနေရင်တော့ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်အချိန်၊ ကိုယ့်နေရာကို သတ်မှတ်ထားချင်သေးတယ်ထင်ပါတယ်။

၀၉. မျက်စိထဲက စကားတွေပြောပြီး ဖွဖွလေး ဖက်ထားရင်တော့


ဖွဖွလေး ဖက်ထားပြီး အကြည့်စိုက်နေတယ်ဆိုရင်တော့ နှလုံးသားထဲကကို သူ့ကို ယုံကြည်ပြီးနေပြီလို့ ဆိုလိုတာထင်ပါတယ်။

၁၀. တစ်ယောက်တည်း ပျော်ပျော်ပြီး ဖက်ထားရင်တော့


တစ်ဖက်ကပဲ ပျော်ပျော်ပြီး အားရပါးရ ဖက်ထားရင်တော့ ကြိတ်ပြီး ကြိုက်နေ၊ တဖက်သက် အချစ်ဖြစ်နေတတ်ပါတယ်။

၁၁. ဘောင်းဘီအိတ်အတွင်း လက်ထည့်ထားရင်တော့


တဖက်သားရဲ့ ဘောင်းဘီအိတ်အတွင်း လက်ထည့်ထားရင်တော့ သူအနားမှာရှိနေတာနဲ့ စိတ်ချမ်းသာတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ကိုယ်တွေကော ဘယ်လို ဖက်ထားသလဲဆိုတာကို စမ်းစစ်ကြည့်လိုက်နော်။

#ChelmoTeam
Credit. tabi-labo
Credit Photo. tabi-labo