AB သွေးပိုင်ရှင်တွေကကော ဘယ်လိုဖြစ်မလဲ။

☆ ဘယ်လိုမှ ကြိုပြီးတွေးထားလို့မရ နေ့စဉ် ရက်ဆက် စိတ်ကပြောင်းချင်တိုင်းပြောင်းနေ။
☆ သူများနဲ့မတူတာကို လုပ်ရတာ သဘောကျတယ်။
☆ ရုတ်တရက် ဂတိတွေလည်း ဖျက်တတ်တယ်။

https://www.youtube.com/watch?v=SDiIypwEJxY

☆ ဝီရိယကောင်းပြီး ကြိုတ်ကြိုးစားနေတတ်တယ်။
☆ ဒါပင်မဲ့လည်း အခြေအနေ အချိန်အခါကို နားမလည်တာကြောင့် ရသင့်တာကို မရပါ။
☆ ဘာကိုမှ မမျှော်မှန်းတတ်တယ်။
☆ အတင်းပြောရတာကိုလည်း မုန်းတယ်။

☆ မလိမ်မညာတတ်ပါ။
☆ ဒါပင်မဲ့လည်း တကယ့် ဖြစ်ရပ်မှန်ကိုလည်း မပြောပါ။
☆ ဖုံးဖွက်ထားတဲ့ကိစ္စတွေက ဘယ်တော့မှ မပေါ်ပါ။
☆ မလိုတာတွေကိုလည်း ပိုပြောလေ့မရှိပါ။

☆ ရန်ဖြစ်ရတာကို သိပ်မုန်းတယ်၊ အလုပ်ရှုပ်တယ်။
☆ အကြီးအကျယ် ရန်ဖြစ်လာရရင်လည်း ပြန်ပြောရတာကိုတောင် အားမရှိဘူး။
☆ ရည်မှန်းချက် ကြီးကြီးမားမားလည်း မရှိပါ။
☆ ပြိုင်ဘက်ဆိုတာလည်း မလိုချင်ပါ။
☆ သူများက သူများ၊ ကိုယ်ကကိုယ် ဘာမှမဆိုင်ဘူး။

☆ ကိုယ့်ရဲ့ယုံကြည်ချက်နဲ့ ကိုယ့်ကမ္ဘာထဲမှာ အသက်ရှင်နေတယ်။
☆ ကိုယ့်ကမ္ဘာထဲကိုလည်း မဝင်လာနဲ့၊ ကြွားဖို့လည်း အားမသန်ဘူး။
☆ ဝေဖန်ခံရတာကိုလည်း မကြိုက်ဘူး။

☆ အေးအေးဆေးဆေးပဲ တစ်ယောက်တည်းနေချင်တယ်။
☆ လူတွေနဲ့ ဆက်ဆံရတာကိုလည်း စိတ်ကုန်တယ်။
☆ သွားချင်တဲ့လူကသွား လာချင်တဲ့လူကလာ လုပ်ချင်တာလုပ်ကြ ကိုယ့်ကတော့ အေးဆေးပဲ။

☆ လူတွေရဲ့စကားကိုလည်း နားထောင်ဖို့ အချိန်မရပါ။
☆ စိတ်လည်းမဝင်စားပါ။
☆ ဝင်ပြီး ပါဖို့ဆိုတာက ဝေလားဝေး။
☆ နှစ်လှမ်း၊ သုံးလှမ်းလောက် နှောက်ဆုတ်ပြီး ကြည့်နေရတာ ကောင်းတယ်။

☆ စကားအပြောအဆိုကတော့ ကောင်းတယ်။
☆ တဖက်သားအတွက် ဘဝကိုရင်းရမယ်ဆိုရင်လည်း ရပါတယ်။
☆ ဒါပင်မဲ့လည်း သံယောဇဉ်တွေလည်း မရှိပါ။
☆ အကျိုးကိုတွေးပြီး ကူညီတာ မဟုတ်ဘူး။

☆ ဘယ်သူနဲ့မဆို ပေါင်းသင်း ဆက်ဆံနိုင်တယ်။
☆ စိတ်ထဲမှာတော့ ဒီလူက ကိုယ့်လောက် မတော်ဘူးလို့ ထင်တယ်။
☆ တောင်ပြောမြောက်ပြောရတာ တော်တယ်။
☆ ဘာအလုပ်မဆို သေသေချာချာ လုပ်လေ့ရှိတယ်။

☆ သူများအကြောင်းကို ခေါင်းထဲကို ထည့်ကို မထည့်တတ်ပါ။
☆ ကိုယ့်နဲ့မဆိုင်သလို အဝေးကပဲ ကြည့်နေမှာပါ။
☆ သူများတွေက ကပ်ဖားတာကို ခွင့်မလွှတ်နိုင်ပါ။
☆ ကိုယ်လည်း ကပ်မဖားဘူး။

☆ ပြောပြီးသားကိစ္စတွေကိုလည်း မှတ်မထားပါ။
☆ မနေ့ကနဲ့ ဒီနေ့ လုံးဝကို မတူပါ။
☆ ပြောခဲ့တာတွေကိုလည်း မေ့နေတာလည်း အမြဲပါ။

☆ တော်တောင်ခက်တဲ့သူလို့ ပြောကြပါတယ်။
☆ အဆင်ပြေတာဆိုလို့ AB အချင်းချင်းပါ။
☆ မင်းက O လား။ ဝေးဝေးမှာသာနေပါ။
☆ နောင်ဘဝလည်း AB ပဲဖြစ်ချင်ပါတယ်။

#ChelmoTeam
Credit. virates.com
Credit Photo. ispyphysiology