ခရစ်စမတ်မှာ ကိုယ်ချစ်ရသူတွေအတွက် လက်ဆောင်ပေးဖို့ စဉ်းစာရခက်နေရင်တော့ ဒီရာသီခွင်အလိုက် ပေးသင့်တဲ့ လက်ဆောင်လေးတွေကို ကြည့်လိုက်ရအောင်လား။

၀၁. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း

ပေးသင့်တဲ့လက်ဆောင် : အားကစားဝတ်စုံ

သူ့မှာ အားကစားလုပ်ဖို့ရန် ရည်ရွယ်ထားတော့ ဘယ်ကနေ ဘယ်လိုစရမလဲဆိုတာကို စဉ်းစားနေချိန်မှာ အားကစားဝတ်စုံလေးကို ဝယ်ပေးလိုက်ရင် သူလည်း ဝမ်းသာမှာပါ။

၀၂. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း

ပေးသင့်တဲ့လက်ဆောင် : စာရေးကိရိယာထည့်တဲ့အိတ်

အလုပ်တွေနဲ့ပိနေတဲ့သူလေးဖြစ်တဲ့ ကန်ရာသီဖွားတွေအတွက်ကတော့ ကိုယ်ရဲ့ဘောပင်၊ ခဲတံကို ဘယ်မှာချထားခဲ့သလဲဆိုတာကို ချက်ချင်းဆိုသလို မေ့သွားတတ်ပါတယ်။ ဒါကြောင့်သူ့အတွက် စာရေးကိရိယာလေးတွေကို ထည့်ပေးနိုင်တဲ့အိတ်လေးကို လက်ဆောင်ပေးရင် သူလည်း ဝမ်းသာမှာပါ။

၀၃. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း

ပေးသင့်တဲ့လက်ဆောင် : လက်ကိုင်ပဝါ

အလုပ်တွေအမြဲတမ်း ရှုပ်နေတတ်တဲ့ ပြိဿရာသီဖွားတွေအတွက်ကတော့ မျက်နှာအလှလေးကို မပျက်အောင် ထိန်းသိမ်းနိုင်ဖို့ရန် လက်ကိုင်ပဝါလေးကို လက်ဆောင်ပေးလိုက်မယ်ဆိုရင် ကောင်းမယ်ထင်ပါတယ်။ လက်ကိုင်ပဝါလေးက သူနဲ့အမြဲရှိနေမှာ ဖြစ်တာကြောင့် သူကြိုက်တတ်တဲ့ အရောင်လေးတွေကို ရွေးပြီး ပေးလိုက်ရင် မကောင်းဘူးလား။

၀၄. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း

ပေးသင့်တဲ့လက်ဆောင် : နာရီ

အချိန်ကို အမြဲလေးစားတတ်တဲ့သူလေးအတွက်ကတော့ ချစ်စရာကောင်းတဲ့ နာရီလေးကို လက်ဆောင်ပေးလိုက်ရင် ကောင်းမယ်ထင်ပါတယ်။ ဒီလက်ဆောင်လေးက အချိန်တိုင်းသူနဲ့အမြဲရှိနေမယ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုနေမှာပါ။

၀၅. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း

ပေးသင့်တဲ့လက်ဆောင် : ကမ္ဘာမြေပုံ

စာမေးပွဲ၊အလုပ်တွေနဲ့အမြဲရှုပ်နေတဲ့သူလေးအတွက်ကတော့ ကမ္ဘာမြေပုံလေးကို လက်ဆောင်ပေးလိုက်ပါ။ သူနဲ့နှစ်ယောက်အတူတူ ပျော်စရာကောင်းတဲ့ ခရီးလေးကို သွားနိုင်အောင် ရည်ရွယ်ပြီးတော့ ပေးလိုက်ပါ။ မြေပုံလေးက အိတ်ထဲဆောင်ထားနိုင်တဲ့ အရွယ်အစားဆိုရင် ပိုလို့တောင် အကျိုးရှိမယ်လို့ထင်ပါတယ်။ နှစ်ယောက်အတူတူ ဘယ်ကို သွားကြမယ်ဆိုတာကို တိုင်ပင်လို့ရတာပေါ့။

၀၆. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း

ပေးသင့်တဲ့လက်ဆောင် : ရေမွှေး

သူကတော့ ပုံမှန်ဆိုရင် ရေမွှေးစွတ်လေ့မရှိတော့ ဖြစ်နိုင်ရင် ရင်ရင်လေးမွှေးတဲ့ရေမွှေးလေးကို ပေးလိုက်ရင်မကောင်းဘူးလား။ သူအတွက် ကျောင်းမှာရုံးမှာ အဆင်ပြေမယ့် အနံ့လေးကို ရွေးလိုက်ပါ။

၀၇. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း

ပေးသင့်တဲ့လက်ဆောင် : နှစ်ယောက်အတူသွားနိုင်တဲ့ အထူးလက်မှတ်

သူနဲ့အတူ ပျော်နိုင်တဲ့နေရာလေးတွေကို သွားနိုင်ဖို့ဆိုရင် ရုပ်ရှင်တို့၊ Show ပွဲတွေရဲ့အထူးလက်မှတ်ကို လက်ဆောင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ နှစ်ယောက်လုံးအတွက် အမှတ်တရဖြစ်စေမှာပါ။

၀၈.ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း

ပေးသင့်တဲ့လက်ဆောင် : အားဆေး

ပင်ပန်းနေတဲ့သူလေးအတွက် အထူးအားဆေးကို လက်ဆောင်ပေးလိုက်ပါ။ သူ့ကို ကျန်းမာရေးကို ဂရုစိုက်စေချင်တယ်ဆိုတော့ နေ့တိုင်းသောက်နိုင်တဲ့ အားဆေးလေးကို စေတနာအပြည့်နဲ့ ဝယ်ထားလိုက်ပါ။

၀၉.ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း

ပေးသင့်တဲ့လက်ဆောင် : လက်ကိုင်အိတ်

သူကိုင်နေတဲ့အိတ်လေးက တဖြည်းဖြည်းနဲ့နွမ်းနေပြီဖြစ်တာကြောင့် လက်ကိုင်အိတ်လှလှလေးကို ပေးလိုက်ရင် သူအရမ်းကို ပျော်သွားမှာပါ။ သူစိတ်ချမ်းသာဖို့အတွက် ကြိုးစားပေးလိုက်ပါ။

၁၀.မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း

ပေးသင့်တဲ့လက်ဆောင် : ကွန်ပျုတာ Mouse လှလှလေး

ရုံးမှာ၊အိမ်မှာ အမြဲတမ်း ကွန်ပျုတာအရှေ့ကနေ မခွါတဲ့သူလေးအတွက်ကတော့ ကွန်ပျုတာသုံးတဲ့အခါ အဆင်ပြေစေဖို့ရန် Mouse လှလှလေးကို ဝယ်ပေးလိုက်ပါ။ ရုံးမှာ အိမ်မှာ သူ့သူငယ်ချင်းကို ကြွားနိုင်တာပေါ့။ ဘယ်သူဝယ်ပေးတယ်ဆိုတာကို ....

၁၁.ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း

ပေးသင့်တဲ့လက်ဆောင် : ကျောက်စိမ်းအဆောင်

သူကတော့ အတိုက်အခိုက်တွေကြားထဲမှာ အမြဲလှုပ်ရှားနေရသူဖြစ်တာကြောင့် သူ့ကိုဖြစ်မယ့် အန္တရာယ်တွေကြားကနေ ကာကွယ်ပေးဖို့ရန် ကျောက်စိမ်းအဆောင်လေးကို လက်ဆောင်ပေးလိုက်ပါ။ အမြဲသူနဲ့အတူရှိနေပါစေ။

၁၂.မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း

ပေးသင့်တဲ့လက်ဆောင် : ခေါင်အုံး

အမြဲအိပ်မပျော်ဖြစ်နေတဲ့သူလေးကို ခေါင်းအုံးလေး လက်ဆောင်ပေးလိုက်ဖို့ အကြံပေးပါရစေ။ သူ့အတွက် စိတ်ချမ်းသာစွာနဲ့ အိပ်နိုင်အောင် အကူအညီပေးနိုင်ဖို့သာ နံပါတ်၁ အရေးကြီးကိစ္စပါ။

#ChelmoTeam