၂၀၁၆ ခုနှစ်မှာ ကိုယ်ရဲ့၁နှစ်တာကတော့ ...

၀၁. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း

၂၀၁၆ခုနှစ်ကတော့ ဘာမှ ဖြစ်ချင်တာတွေဖြစ်မလာပါ။ ဒါပင်မယ့်လည်း ကိစ္စမရှိပါ။ ၂၀၁၆ မှာ ကိုယ်ဘဝတိုးတက်ရေးအတွက် ကြိုးစားထားပြီးပြီဆိုတော့ အသီးအပွင့်တွေကို စားရတော့မှာပါ။ ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာကတော့ ကိုယ်တိုင်က အသိဆုံးပါ။ ၂၀၁၇ ကို ပျော်ပျော်ကြီးစောင့်လိုက်ရအောင်လား

၀၂. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း

ပြသာနာတွေကြားထဲကို ဝင်ပြီး ဖြေရှင်းပေးနေရသူတစ်ဦးဆိုရင်လည်း မမှားပါ။ ပြသာနာတော်တော်များများကြားမှာ ဝင်ပြီးဖြေရှင်းနေရတော့ အခက်အခဲတွေလည်း အများကြီး ကြုံခဲ့ရပါပြီ။ ကိုယ်တိုင်သာမသိပင်မယ့် ကိုယ့်ရဲ့အရည်အသွေးကို ဂုဏ်ပြုမယ့်သူတွေက ၂၀၁၇ မှာ စောင့်နေပါတယ်။ လူတွေအတွက်လုပ်ပေးတယ်ဆိုတာက စေတနာက ရောင်ပြန်ဟပ်မှာပါ။

၀၃. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း

အရာရာကို သည်းခံနိုင်သူတစ်ဦးဖြစ်တာကြောင့် မုန်းတဲ့ကိစ္စကိုလည်း မုန်းတယ်လို့မပြောနိုင်ပါ။ မကြိုက်တဲ့ဟာကိုလည်း သည်းခံပြီး လုပ်လေ့ရှိတော့ ကိုယ်ကတစ်ကယ်ကို ကြိုက်တဲ့ဟာက စိတ်ဝင်စားတာက ဘာလဲဆိုတာကို မသိနိုင်တော့ပါ။ ၂၀၁၆ ကတော့ ကိုယ်ကြိုက်တာ၊ မုန်းတာကို သေသေချာချာ ပြောနိုင်တဲ့ ၁ နှစ်ဆိုရင်လည်း မမှားပါ။ လာမယ့်နှစ်မှာလည်း ကိုယ်လုပ်ချင်တာကို ဆက်ပြီးကြိုးစားနိုင်မှာပါ။

၀၄. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း

ဘာမဆို စည်းကမ်းတကျလုပ်တတ်တဲ့သူ ဖြစ်တာကြောင့် စွန့်စားရမယ့်ကိစ္စတွေကို သိပ်ပြီးတော့ မလုပ်ချင်ပါ။ အလုပ်ရှုပ်တယ်လို့ထင်နေတယ်ဆိုရင်လည်း မှန်ပါတယ်။ ၂၀၁၆ ကတော့ ပြန်ပြီးချုံကြည့်လိုက်ရင်တော့ အခွင့်အလမ်းတွေများခဲ့ပါတယ်။ တချိန်တည်းမှာလည်း ကိုယ်ကလုပ်နိုင်တဲ့ကိစ္စတွေကလည်း တိုးလာတော့ ၂၀၁၇ မှာတော့ ပိုမိုပြီး တိုးတက်လာမှာပါ။

၀၅. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း

၂၀၁၆ ကတော့ အပေါင်းအသင်း၊ မိတ်ဆွေတွေကို အများအပြားရရှိခဲ့တဲ့နှစ်ပါ။ သူငယ်ချင်းရဲ့မိတ်ဆွေ၊ SNS ကမိတ်ဆွေ၊ ကောင်းသော မိတ်ဆွေတွေရဲ့တွေ့ရတဲ့အတွက် အခွင့်အလမ်းတွေလည်း အများကြီးရမှာပါ။ ဒီလိုတန်ဖိုးရှိတဲ့ အခွင့်အလမ်းတွေကို အသုံးချပြီး ၂၀၁၇ မှာ ဆက်ပြီး ကြိုးစားသွားပါ။

၀၆. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း

ဒီနှစ်ကတော့ တာဝန်ကြီးတဲ့အလုပ်တွေကို ထမ်းဆောင်ခဲ့ရတော့ စိတ်တွေပင်ပန်းနေမှာပါ။ ဒါပင်မယ့်လည်း ကိုယ့်ကို ယုံကြည်သူတွေက အပ်ထားတဲ့အလုပ်တွေကို ပြီးမြောက်အောင် လုပ်ပေးဖို့တာဝန်ကရှိနေပါတယ်။ ပင်ပန်းနေပင်မယ့်လည်း တာဝန်အပေါ်မှာ သစ္စာရှိသူ ဖြစ်တာကြောင့် ဆက်ပြီး ကြိုးစားသွားရင် ဒီထက်မက ၂၀၁၇ မှာ အောင်မြင်မှုတွေ ရရှိသွားမှာပါ။

၀၇. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း

ကိုယ်ကတော့ ဘယ်လိုသူလဲဆိုတာကို ဒီတနှစ်မှာ အဖြေရှာခဲ့တာပါ။ ဒါပင်မယ့်လည်း ချက်ချင်းဆိုသလို အဖြေကမထွက်လာတော့ ယောင်လည်လည် ဖြစ်နေမှာပါ။ ယောင်လည်လည် ဖြစ်နေတဲ့အချိန်မှာပဲ ၂၀၁၆ က ပြီးဆုံးသွားပါပြီ။ လာမယ့်နှစ်မှာတော့ ကိုယ့်ရဲ့အခြေအနေကို ပြန်သုံးသပ်ပြီး အဖြေထုတ်လိုက်ရင်ကောင်းမယ်ထင်ပါတယ်။

၀၈.ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း

ကိုယ့်ရဲ့ရည်မှန်းချက်တွေအတွက် ၁ နှစ်လုံးကြိုးစားခဲ့ရသူပါ။ ရည်မှန်းချက်အောင်မြင်ဖို့အတွက် ကြိုးစားနေချိန်မှာ မောနေမှန်းတောင်သိမှာမဟုတ်ပါ။ ကြိုးစားနေရတာကို အပျော်ဆုံးလို့ ခံစားနေရသူပါ။ ၂၀၁၇ မှာလည်း ကိုယ့်ရဲ့ရည်မှန်းချက် အသစ်ကို ကြိုတင်စဉ်းစားပြီး အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ရန် နီးစပ်လာပါပြီ။

၀၉.ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း

ကိစ္စတခုအတွက် အချိန်အများကြီးပေးထားခဲ့သူတစ်ယောက်ပါ။ ဒီနှစ်မှာဆိုရင် ကိုယ်ယုံကြည်ထားတဲ့အလုပ်ကို အားသွန်ခွန်စိုက်ကြိုးစားခဲ့တာကြောင့် အဖြေကတော့ မြင်နေရပြီဆိုရင်လည်း မမှားပါ။ ဒီအခြေအပေါ်မှာ ကျေနပ်မှုရှိဖို့ပဲလိုပါတယ်။ လာမယ့်နှစ်လည်း အဖြေပေါ်မှာ မူတည်ပြီး နောင်ဘာလုပ်မလဲဆိုတာကို ဆက်ပြီး စဉ်းစားထားတော့နော်။

၁၀.မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း

ကိုယ့်ရဲ့နေရာကို ရှာဖွေနေခဲ့တဲ့ ၁ နှစ်ဆိုရင်လည်း မှန်ပါလိမ့်မယ်။ ကိုယ်လုပ်ချင်တာတွေကို အမြဲလုပ်မယ်လို့တွေးထားပင်မယ့်လည်း ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိအောင်လုပ်နေခဲ့ရတာပါ။ အခုဆိုရင် ကိုယ့်ရဲ့နေရာလေးကို ရထားပြီလို့ထင်ပါတယ်။ ဒီနေရာလေးကနေ စပြီး ကြိုးစားလိုက်ကြရအောင်နော်။

၁၁.ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း

ကိုယ်နေရာမယ့်နေရာလေးကို ရှာဖွေခဲ့ရတဲ့ ၁ နှစ်ပါ။ ကိုယ့်ရဲ့နေရာ၊ မိသားစုအတွက်နေရာ၊ မိဘတွေအတွက်နေရာ စသည်ဖြင့် အားလုံးနဲ့အဆင်ပြေအောင် ကြိုးစားခဲ့ရတာပါ။ ဒီအတွက် ကိုယ့်ရဲ့နေရာလေးကနေ ၂၀၁၇ အတွက်ဆက်ပြီး ကြိုးစားသွားရမှာပါ။

၁၂.မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း

ဘာမဆိုလက်ခံလိုက်မိတဲ့အတွက် ပြသာနာတွေကို ဖြေရှင်းခဲ့ရမယ်ဆိုရင်လည်း မမှားပါ။ ဆုံးဖြတ်ချက်တွေက မခိုင်မာဖြစ်နေတတ်တဲ့အတွက် လမ်းကလွဲနေတတ်ပါတယ်။ ဒါပင်မယ့်လည်း ကိုယ်ရွေးထားတဲ့လမ်းကို ရဲရဲကြီးသာ ဆက်လျှောက်လိုက်ပါ။ ရွေးထားတဲ့လမ်းက မမှားဘူးဆိုတာကို သိလာပါလိမ့်မယ်။

#ChelmoTeam