ဖုန်းထဲမှာ ကံကိုနိမ့်စေမယ့်အရာတွေက ဘယ်ဟာဖြစ်မလဲဆိုတာကို သိကြသလား။

★ အမြဲပို့လာတဲ့ကြော်ငြာစာတိုတွေ

မလိုအပ်ပဲ အမြဲပို့လာတဲ့စာတိုတွေကို သိမ်းထားရင်ကံနိမ့်စေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့လိုအပ်တဲ့သတင်း၊ အရေးကြီးသတင်းကိုရမယ့်အစား မလိုအပ်တဲ့သတင်းတွေ၊ စာတွေနဲ့ ပြည့်နေမယ်ဆိုရင်တော့ ကိုယ့်အတွက် အကျိုးရှိမှာ မဟုတ်သလို၊ အခွင့်အရေးတွေလည်း ဆုံးရှုံးမှာ ဖြစ်ပါတယ်။

★ မသုံးတော့တဲ့ SNS အကောင့်တွေ

မသုံးတော့တဲ့ Email အကောင့်တွေ၊ SNS အကောင့်တွေကို မဖျက်ပဲ ဒီအတိုင်းထားမယ်ဆိုရင်တော့ ကံတွေနိမ့်လာပါလိမ့်မယ်။ မတွေ့ချင်တော့သူ၊ မဆက်သွယ်ချင်သူရဲ့အချက်အလက်တွေကို ကြည့်နေမိမှာဖြစ်တော့ တတ်နိုင်ရင် ဖျက်လိုက်ရင်ကောင်းပါတယ်။ စိတ်သစ်ကိုယ်သစ်နဲ့ ရှိနိုင်အောင် ကြိုးစားပါ။

★ မသုံးတဲ့ App တွေ

မသုံးတော့တဲ့ App တွေကို ဖုန်းထဲမှာ အများကြီးထည့်ထားပြီး၊ မဖျက်ပဲထားရင်ကြာရင်ဖုန်းရဲ့ နေရာလည်းနည်းလာမှာ ဖြစ်သလို၊ လိုအပ်တဲ့အချက်အလက်တွေကိုလည်း ဆက်ပြီး မထည့်နိုင်တော့ရင်လိုရာခရီးကို ရောက်မှာ မဟုတ်တော့ပါ။ဖုန်းထဲမှာမလိုတဲ့ App တွေကို ဖျက်ပြီး ဖုန်းကို သန့်သန့်ရှင်းရှင်းလေးထားရင် အလိုလို ကံတွေတက်လာပါလိမ့်မယ်။

ကဲ ၂၀၁၇ အတွက် ယခုကတည်းက ဖုန်းလေးကို သန့်ရှင်းရေးလုပ်ပြီး နှစ်သစ်ကို စိတ်သစ်ကိုယ်သစ်နဲ့ကြိုဆိုလိုက်ကြရအောင်လား။

#ChelmoTeam