၂၀၁၇ မှာ ကိုယ်ချစ်ရသူ၊ ကိုယ်ကြိတ်ကြိုက်နေရသူနဲ့ ကိုယ့်နဲ့အကြားမှာ တိုးတက်မှုတွေရှိမှာလားဆိုတာကို ကြည့်လိုက်ကြရအောင်။

၂၀၁၇ ကိုပေါင်းလိုက်ရင် ၁ ဖြစ်ပါတယ်။ အားလုံးက ၁ ကနေစမှာဖြစ်ပါတယ်။ ၁ ကနေစမယ်ဆိုတော့ ၉ အထိရောက်ရင် တစ်ပတ်ပြီးမြောက်သွားမှာပါ။ ၂၀၁၇ မှာ ချစ်ရသူနဲ့ ပျော်ပျော်ရွှင်ရွှင် ကျော်ဖြတ်နိုင်မလား။ ဒါမှမဟုတ် ရန်တွေဖြစ်ပြီး ပြတ်သွားမလားဆိုတာကို တွက်ကြည့်လိုက်ရအောင်နော်။

တွက်နည်း

ကိုယ်ရဲ့မွေးနေ့(မွေးလနဲ့ရက်) နဲ့အတူ ချစ်ရသူရဲ့ မွေးနေ့(မွေးလနဲ့ရက်) ကို ဂဏန်း၁လုံးတည်းအထိဖြစ်အောင် ပေါင်းရမှာပါ။ ပြီးလျှင် အဖြေကို ၁ ထပ်ပေါင်းပြီး ဂဏန်း ၁ လုံးတည်းဖြစ်အောင်လုပ်ပါ။

ဥပမာ - ကိုယ်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မွေးသူ ၊ သူကတော့ ဒီဇင်ဘာလ ၃ရက်မွေးသူ ဖြစ်ရင်

2+1+4+1+2+3+(1) = 14
1+4 = [ 5 ]

မှတ်ချက်။ အဖြေက ဂဏန်း၂လုံးဖြစ်နေလျှင် ၁ လုံးတည်းဖြစ်အောင်အထိ ပေါင်းပေးပါ။

[1] ... တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ နှစ်သစ်ကို စမှာပါ။
.
[1] ဆိုတဲ့အဖြေကို ရထားသူ နှစ်ယောက်ကတော့ ၂၀၁၇ ရဲ့နံပါတ်ဖြစ်တဲ့ ၁ ဖြစ်တာကြောင့် လက်ရှိ ချစ်သူတွေဖြစ်စေ၊ တဖက်သတ်ကြိုက်နေသူ ဖြစ်စေ ဘယ်လိုအခြေအနေမှာမဆို ပြီးခဲ့တာတွေကို ထားခဲ့ပြီး နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ ဖြစ်လာမယ့် အနာဂတ်ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ပြီးတာတွေကို မေ့ထားပြီး ရှေ့ကို ဆက်လျှောက်နိုင်ပါစေ။

[2] ... ၂ ယောက်ရဲ့သံယောဇဉ်တွေလေးနက်လာပါလိမ့်မယ်။

[2] ဆိုတဲ့အဖြေကို ရထားသူ နှစ်ယောက်ကတော့ သံယောဇဉ်တွေကို ပိုမိုပြီး တိုးတက်လာစေမယ့်အချိန်တွေကို ကျော်ဖြတ်ရမှာပါ။ ချစ်သူဖြစ်နေသူတွေကတော့ အနာဂတ်အတွက်တွေးရင်းနဲ့ လက်ထက်ဖို့အတွက် စဉ်းစားမယ့်အတွေးတွေ ဝင်လာမှာပါ။ ချစ်သူတွေဖြစ်ဖို့ ကြိုးစားနေသူတွေကတော့ သူ့အကြောင်းကို ပိုပြီးသိနိုင်အောင် ဘယ်လိုချဉ်းကပ်ရမလဲဆိုတာကို အစီအစဉ်ချပြီး စဉ်းစားသင့်တဲ့အချိန်ကို ရောက်နေပါပြီ။

[3] ... ရည်မှန်းချက်တွေ ဖြစ်ချင်တာတွေများနေသူတွေ ဖြစ်လိမ့်မယ်။

[3] ဆိုတဲ့အဖြေကို ရထားသူ နှစ်ယောက်ကတော့ တစ်ဦးကိုတစ်ဦး ဖြစ်စေချင်တာတွေ အရမ်းများပြီး လက်တွေ့ဘဝမှာ မဖြစ်နိုင်တာတွေကို မှန်းနေတော့ နားလည်မှုတွေလွဲနေပါလိမ့်မယ်။ ဖြစ်နိုင်တာကိုတွေးပြီး ဘယ်လို ဖြစ်အောင်လုပ်သွားမလဲဆိုတာကို တိုင်ပင်ပြီး လုပ်သင့်တဲ့ နှစ်ပါ။

[4] ... ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် စကားပုံလေးအတိုင် ဖြစ်လိမ့်မယ်။

[4] ဆိုတဲ့အဖြေကို ရထားသူ နှစ်ယောက်ကတော့ မထင်မှတ်ထားတဲ့ ပြသာနာလေးတွေနဲ့ကြုံနိုင်ပါတယ်။ ဒီအတွက်လည်း စိတ်ဓါတ်ကျပြီး လုပ်ချင်ကိုင်ချင်စိတ်တွေကလည်း ကျဆင်းလာနိုင်ပါတယ်။ ဒါပင်မယ့်လည်း စိတ်ဓါတ်မကျပါနဲ့။ ဖြစ်လာတဲ့ပြသာနာတွေကို နှစ်ယောက်လက်တွဲပြီး ကျော်ဖြတ်သွားမယ်ဆိုရင် အောင်မြင်မှာပါ။ အပေါ်က စကားပုံလေးအတိုင်းပေါ့။

[5] ... ပြောင်းလဲမှုတွေကို လက်ခံရမှာပါ။

[5] ဆိုတဲ့အဖြေကို ရထားသူ နှစ်ယောက်ကတော့ ပြောင်းလဲမှုတွေနဲ့ပြည့်နေမယ့် ၂၀၁၇ မှာ စိုးရိမ်မှုတွေ၊ စိတ်ဖိစီးမှုတွေကို ကြုံရမှာပါ။ ဒီအတွက်လည်း ပြသာနာတွေလည်း ကြုံရတော့ ရန်ဖြစ်စရာတွေလည်းရှိမှာပါ။ နှစ်ယောက်ရဲ့အခြေအနေက ပျက်စီးသွားနိုင်သလို၊ အသစ်တွေနဲ့လည်းတွေ့နိုင်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တွေကို အရင်မလိုစေချင်ပါ။ သေသေချာချာ စဉ်းစားဆုံဖြတ်ပါ။

[6] ... အပြန်အလှန် နားလည်မှုတွေပေးနိုင်မှာပါ။

[6] ဆိုတဲ့အဖြေကို ရထားသူ နှစ်ယောက်ကတော့ အပြန်အလှန် နားလည်မှုတွေကို ပေးနိုင်မှာပါ။ ကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့၊ သူ့ကိုမိတ်ဆက်ပေးရင်း တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျအောင် နားလည်လာမှာပါ။ ချစ်သူတွေမဖြစ်သေးသူတွေအတွက်ကတော့ သူငယ်ချင်း၊မိတ်ဆွေတွေနဲ့တွေ့ချိန်မှာသူနဲ့စကားပြောနိုင်အောင် ကြိုးစားနိုင်မယ်ဆိုရင်ပြောင်းလဲမှုတွေ ရှိလာမှာပါ။

[7] ... နှစ်ယောက် အတူတူ သွားနိုင်မှာပါ။

[7] ဆိုတဲ့အဖြေကို ရထားသူ နှစ်ယောက်ကတော့ အပြန်အလှန် နားလည်မှုတွေရှိပြီး ဖြစ်တာကြောင့် အနာဂတ်အတွက် တွေးရတော့မယ့် အချိန်ပါ။ ကဲဘာဖြစ်မလဲဆိုတတော့လက်ထပ်ဖို့အတွက်ပေါ့။ ချစ်သူတွေ မဖြစ်သေးတဲ့သူတွေအတွက်ကတော့ သူငယ်ချင်းတွေနဲ့အတူတူ ခရီးသွားနိုင်အောင် ကြိုးစားကြည့်ပါ။ ဒီလိုအခွင့်အရေးတွေရမယ်ဆိုရင် နှစ်ယောက်အတွက် နီးစပ်ဖို့ရန် အချိန်ကောင်းဖြစ်မှာပါ။

[8] ... ဘဝအိမ်မက်တွေကို အကောင်အထည်ဖော်နိုင်မှာပါ။

[8] ဆိုတဲ့အဖြေကို ရထားသူ နှစ်ယောက်ကတော့ ဘဝအိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တော့မှာပါ။ ချစ်သူတွေမဖြစ်သေးသူတွေကတော့ ကိုယ့်ရဲ့ဘဝရည်မှန်းချက်တွေကို သူအရှေ့မှာ ပြောနိုင်အောင်ကြိုးစားပါ။ ဒီအတွက် ကြိုတင်စီစဉ်ပြီးမှ သူ့ကို ပြောနိုင်ပါစေ။

[9] ... အတက်အကျတွေနဲ့ကြုံမယ့် တစ်နှစ်ဖြစ်မှာပါ။

[8] ဆိုတဲ့အဖြေကို ရထားသူ နှစ်ယောက်ကတော့ အတက်အကျတွေကို ကြုံရမယ့်နှစ်တစ်နှစ်ပါ။ ပျော်စရာတွေကို ကြုံရမှာဖြစ်သလို၊ ရုတ်တရက် စိတ်ညစ်စရာ ဝမ်းနည်းစရာတွေကို ကြုံရမှာဖြစ်တာကြောင့် စိတ်မလျော့လိုက်ပါနဲ့။ နှစ်ယောက်ပေါင်းပြီး ကြိုးစားလာခဲ့တဲ့အချိန်လေးတွေကို ပြန်ပြောင်းသတိရလိုက်ပါ။ ဒီအချိန်တွေကို ကျော်ဖြတ်လာနိုင်တယ်ဆိုရင်အခုဖြစ်နေတဲ့ ပြသာနာတွေကိုလည်း ကျော်လွှားနိုင်မှာပါ။

ကဲ ကိုယ်တွေကတော့ ဘယ်လိုအဖြေရမလဲဆိုတာကိုဖတ်ပြီးရင် ပိုပြီးအဆင်ပြေအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာကို နှစ်ယောက်တည်း စဉ်းစားကြည့်လိုက်နော်။
.
#ChelmoTeam
#Fortune