ကိုယ်ပြောတဲ့စကားအပေါ်မှာ ကံ၊ကံ၏အကျိုးကို ခံစားရမှာပါ။ ရာသီခွင်အလိုက်ပြောသင့်တဲ့စကားတွေကတော့ ...

၀၁. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်မှုတွေက အောင်မြင်မှုကို ရရှိစေမှာပါ။ ဒါကြောင့်ကျေးဇူးတင်စကားကို ပြောနိုင်ဖို့က အဓိကပါ။ ကျေးဇူးတင်ပါတယ်၊ အားလုံးဝိုင်းလုပ်ပေးလို့ပါ။ စသည်ဖြင့်မရှက်မကြောက် ပြောနိုင်ရမှာပါ။

၀၂. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
မိတ်ဆွေအပေါင်းအသင်းတွေ ပေါများလာမည့်နှစ်ဆိုရင်လည်းမမှားပါ။ ပေါင်းသင်းဆက်ဆံရေးမှာ ပူးပေါင်းပြီးလုပ်ရအောင်၊ အဆက်အသွယ်မပြတ်စေနဲ့ စသည်ဖြင့် ဒီစကားတွေကို မမေ့ပါနဲ့။ ဒီလိုလုပ်နေရင်း ကိုယ့်ရဲ့အရည်အသွေးကို သိလာမှာပါ။

၀၃. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
အခြားသူတွေထက် အခက်အခဲတွေနဲ့တွေ့ကြုံရမယ့် နှစ်ဖြစ်နေတာကြောင့်၊ ကိုယ့်ရဲ့အခြေအနေကို အားမလိုအားမရ ဖြစ်နေတတ်ပါတယ်။ အခြားသူတွေနည်းတူ လှုပ်ရှားပြန်တော့လည်း ကိုယ်နဲ့မကိုက်ဖြစ်နေတော့ စိတ်ဆင်းရဲရမှာပါ။ ဒီတော့ အားလုံးအဆင်ပြေသွားမှာပါ လို့ ကိုယ့်ကိုကိုယ် အားပေးပါ။

၀၄. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
တိုးတက်မှုတွေ ရပ်တန့်နေတတ်ပါတယ်။ အတွေးတွေကလည်း အပြင်ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ရတာကို ကြောက်နေတတ်ပါတယ်။ ဘာမှစိတ်မပူပါနဲ့။ အချိန်တန်ရင် ဖြစ်လာပါလိမ့်မယ်။ မင်းကိုမင်းယုံပါ လို့ အားပေးစကားကို ပြောပေးပါ။

၀၅. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
အခွင့်အလမ်းတွေနဲ့ ပြည့်နေမယ့် နှစ်ဖြစ်မှာပါ။ ဒီအတွက် ဘာကိုမှ ကြောက်မနေပဲ လုပ်သင့်တာတွေကိုလုပ်ကြည့်ပါ။ သင်ပေးပါ၊ သိချင်တယ် ဆိုတဲ့ စကား၂ခွန်းကို ခေါင်းထဲထည့်ထားပါ။

၀၆. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
ဘာလုပ်လုပ်အောင်မြင်မယ့် အခြေအနေကို ရောက်လို့နေပါပြီ။ ပျော်လိုက်တာ၊ စိတ်ချမ်းသာလိုက်တာ ဆိုတဲ့ စကားလေးတွေကို ပါးစပ်ကနေ ပြောကြည့်ပါ။ ပိုပြီး ကံကောင်းခြင်းတွေရောက်ရှိလာပါလိမ့်မယ်။

၀၇. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
လမ်းသစ်တွေကို မြင်ရမယ့်နှစ်ဖြစ်ပါတယ်။ အသစ်တွေကို စွန့်စားပြီးလုပ်ကြည့်ပါက အောင်မြင်မှုတွေရရှိလာမှာပါ။ မဖြစ်နိုင်တာမရှိ၊ အားလုံး OK ဆိုတဲ့စကားတွေကို ပြောဖြစ်အောင်ပြောပါ။

၀၈. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
ကံကောင်းခြင်းတွေနဲ့ ပြည့်စုံနေမယ့် နှစ်ပါ။ လုပ်သမျှ ကိစ္စတွေက အကောင်းဘက်ကို ချည်းရောက်မှာ ဖြစ်တာကြောင့် လုပ်ကြည့်ရအောင်၊ ကောင်းတယ် ဆိုတဲ့စကားလေးတွေကို ပြောကြည့်ပါ။

၀၉. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
ပြသာနာတွေများမယ့်နှစ်ဖြစ်ပင်မယ့်လည်း ဘာမှ အားမငယ်ပါနဲ့။လုပ်သင့်တာတွေကို ဆက်သာလုပ်ပါ။ ကူညီမယ့်သူ ပေါ်လာမယ် လို့ ရွတ်ကြည့်ပါ။

၁၀. ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
အမှောင်ထဲမှာ လမ်းလျှောက်နေရတဲ့အချိန်ဖြစ်နေတာကြောင့် ခဏလောက်သည်းခံလောက်ပါ။ ဒီအချိန်မှာ ကိစ္စမရှိဘူး အားလုံးအဆင်ပြေသွားမယ်လို့ ပြောကြည့်ပါ။

၁၁. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
အားလုံး အဆင်ပြေမယ့် နှစ်ပါ။ ဒါပင်မယ့်လည်း လိုချင်စိတ်တွေက မပြီးပြတ်နိုင်တော့ ဆန္ဒတွေက မပြည့်ဝသလို ခံစားနေရမှာပါ။ ဒီအတွက် ပြသာနာတွေ ကြုံရတတ်ပါတယ်။ ငါ့မှာ ပြည့်စုံနေပါတယ်လို့ ပြောကြည့်ပါ။

၁၂. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
တာဝန်တွေကို ထမ်းဆောင်ရမယ့်အချိန်၊ လူတွေက အားထားကြမယ့်အချိန်ကို ရောက်နေပါပြီ။ ဘာကိုမှ မကြောက်ပါနဲ့။ ငါလုပ်နိုင်တယ် လို့ ပြောကြည့်လိုက်ပါ။

#ChelmoTeam
#ChelmoFortune