ရေဆိုတာ မမြင်နိုင်တဲ့ စွမ်းအားတခုလို့ စဉ်းစားလို့ရပါတယ်။

ရေနဲ့ပတ်သက်တဲ့ ရှုခင်းလေးတွေကို ကြည့်လိုက်ခြင်းအားဖြင့် ဘယ်လိုစွမ်းအင်တွေကို ပိုင်ဆိုင်သူဖြစ်ကြောင်းကို သိနိုင်မှာပါ။

A ဆွဲငင်အားကောင်းသူ

ငြိမ်သက်နေတဲ့ ရေပြင်ကို ရွေးချယ်လိုက်သူကတော့ ဆွဲငင်အားကောင်းသူ တစ်ယောက်ဖြစ်ပါလိမ့်မယ်။ ရေကန်တခုထဲက ရေလိုပါပဲ၊ အမြဲတမ်း တည်ငြိမ်နေပြီး အေးအေးဆေးဆေး နေတတ်သူတစ်ယောက်ပါ။ စကားတွေ အများကြီးပြောတတ်သူ မဟုတ်ပါ။ ပြောတာထက် ပြောစကား၊ တိုင်ပင်တာကို နားထောင်ပေးသူပါ။ ဒါကြောင့် ပတ်ဝန်းကျင်ကို အမြဲဆိုသလို ဆွဲငင်နေတာကြောင့် ကိုယ့်အနားမှာ အမြဲဆိုသလို လူအများရှိနေပါလိမ့်မယ်။ ဒါပင်မယ့် ပြောင်းလဲမှုကို စိတ်မဝင်စားတဲ့အတွက် ခေါင်းမာသူ တစ်ယောက်ဖြစ်ပါလိမ့်မယ်။ ဘာမဆို တိုင်ပင်သူတွေထဲမှာ ကောင်းသူတွေကို မကောင်းမှုတွေကို တိုင်ပင်သူတွေလည်း ရှိနိုင်တာကြောင့် သတိထားစေချင်ပါတယ်။

B ခွန်အားတွေကို ပေးဆောင်နိုင်သူ

ပင်လယ်မှာ ရှိတဲ့ လှိုင်းကြီးတခုကို ရွေးချယ်လိုက်သူကတော့ မိမိ ပတ်ဝန်းကျင်ကသူတွေကို ကောင်းသော ခွန်အားတွေကို ပေးဆောင်နိုင်သူဖြစ်ပါလိမ့်မယ်။ သင်ဟာ အမြဲတမ်း တက်တက်ကြွကြွနဲ့ ဘာမဆို ရှေ့တန်းကနေ မားမားမတ်မတ် ရပ်တည်သူ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းရဲ့ အားကိုးမှုကို ခံယူရမှာ ဖြစ်သလို၊ အားပေးလေးစားမှုကို ခံယူခွင့်ရမှာပါ။ အောင်မြင်သူတစ်ယောက်ဖြစ်တာကြောင့် ပြသာနာဆိုတာကိုလည်း လွဲရှောင်လို့မရပါ။ ဒါတွေကို အမှုမထားပဲ၊ ကိုယ်လိုချင်ရာ ပန်းတိုင်ကို ရောက်အောင်သွားနိုင်မယ့်သူပါ။

C ပန်းတိုင်ရောက်အောင် သွားမည့်သူ

ဖြေးဖြေးလေး စီးဆင်းနေတဲ့ချောင်းလေးကို ရွေးချယ်လိုက်သူကတော့ ရေစီးဆင်သလို ပန်းတိုင်ရောက်အောင် ဇွဲမလျော့ပဲ သွားမယ့်သူပါ။ ပန်းတိုင်မရောက်ခင်မှာ ဘာတွေပဲ ဖြစ်ဖြစ်၊ အားမလျော့ပဲ ရောက်အောင်ကို သွားမှာပါ။ အားနည်းချက်ကတော့ တခုသော ကိစ္စကိုသာ စွဲစွဲမြဲမြဲ လုပ်ဆောင်နိုင်ပြီး အခြားသော အလုပ်တွေကို တွဲပြီး ဆောင်ရွက်နိုင်သူတော့ မဟုတ်ပါ။ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းဖို့ရန် အချိန်ကြာမှာ ဖြစ်ပင်မယ့်လည်း အောင်မြင်မှုကို ရရှိအောင် စွမ်းဆောင်နိုင်သူပါ။

D ပြောင်းလဲမှုကို စွဲလမ်းသူ

မြင့်ရာမှ နိမ့်ရာသို့သွားတဲ့ ရေတံခွန်ကို ရွေးချယ်လိုက်သူကတော့ ပြောင်းလဲမှုကို လိုလားသူ တဦးပါ။ ကြိုက်တာမကြိုက်တာတွေ အလွန်ကိုများတဲ့သူ တစ်ယောက်ဖြစ်တာကြောင့် စိတ်အပြောင်းအလဲ မြန်သူလည်းဖြစ်ပါတယ်။ အသစ်အသစ်သော ကဏ္ဍတွေကို စိတ်ဝင်စားသူဖြစ်ပြီး ပြောင်းလဲမှုမရှိတဲ့ နေရာမှာ အမြဲနေတတ်ဖို့ရန် အားနည်းသူပါ။ အပေါင်းအသင်း၊မိတ်ဆွေများသူတစ်ယောက်ဖြစ်တာကြောင့် လူချစ်လူခင်များသူပါ။အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း ဘယ်သူမဆို အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။ စိတ်အားငယ်နေတဲ့အချိန်မှာ အားနည်းချက်တွေက ပေါ်ထွက် လာတတ်ပါတယ်။ ဒါကြောင့် လောကကြီးမှာ ကြုံတွေ့နေရတဲ့ ကိစ္စလေးတွေကို စိတ်ရှည်ရှည်နဲ့ ဖြေရှင်းမယ်ဆိုရင် အောင်မြင်မှုဆိုတာ အမြဲတမ်း ကိုယ့် အနားမှာ ရှိနေမှာပါ။

#chelmoFortune