အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ Samsung Galaxy Note 4 မိတ်ဆက်ပွဲမှာ ကုန်ပစ္စည်းအမှတ်တံဆိပ် ကိုယ်စားပြုအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ သရုပ်ဆောင်၊ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံခိုက် သီတင်းကျွတ်အမှတ်တရနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ရာ ရန်ဖြစ်ဖူးတဲ့အမှတ်တရရှိခဲ့တယ်လို့ အလင်းတန်းဂျာနယ်သို့ ပြောခဲ့ပါတယ်။

ယ်စဉ် လူငယ်ဘဝတုန်းကပေါ့ဗျာ

ရေကျော်ဘုရားပွဲဈေးက အရမ်းစည်ကားတော့ လှည့်ပတ်ကြည့်ရင်း စိတ်အခန့်မသင့်တဲ့သူတွေနဲ့ရန်ဖြစ်ဖူးတယ်။
ကံကောင်းလို့ ဘာမှမဖြစ်ခဲ့ဘဲ ခုအချိန်ထိ အသက်ရှင်ရပ်တည်နေနိုင်တာပါ။ ရန်ဖြစ်ရတဲ့အကြောင်းရင်း အသေးစိတ်ကိုတော့ ပြောမပြတော့ပါဘူး။

ရေကျော်ဈေးမှာ ရန်ဖြစ်တဲ့အထိ အမှတ်တရ ရှိခဲ့ပါတယ်။ နေက်တစ်ခုက သူငယ်ချင်းတွေစုပြီး အင်းလေးဖောင်တော်ဦးဘုရားပွဲ သွားခဲ့တာလည်း ပျော်စရာအမှတ်တရတစ်ခုပါ လို့  စိုင်းစိုင်းခမ်းလှိုင်က ပြောခဲ့ပါတယ်။

ဒီနှစ်သီတင်းကျွတ်အမှတ်တရကို မေးမြန်းခဲ့ရာ လပြည့်ညက လက်တွဲနေတဲ့ ဟစ်ဟော့ပ်ညီအစ်ကိုတွေနဲ့ သီတင်းကျွတ် ပျော်ပွဲရွှင်ပွဲညမှာ အမှတ်တရသီချင်းဆိုခဲ့တယ်။

လာရောက်အားပေးကြတဲ့ ထောင်နဲ့ချီ ပရိသတ်တွေနဲ့အတူ အဲဒီညကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ် လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေကတော့ ဒိတ်ဒိတ်ကြဲ MTV ရိုက်ကူးပြီးစီးသွားလို့ တည်းဖြတ်မူအပိုင်းကို လုပ်နေပြီး ဒီနှစ်မကုန်ခင် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။

Shwe FM နှစ်ပတ်လည်နေ့မှာ သီချင်းအသစ် တစ်ပုဒ် ဖျော်ဖြေဖို့ရှိပြီး နောက်ထပ်သီချင်းအသစ်တွေလည်း ဖန်းတီးရေးသား ဖြစ်နေပါတယ်။

ဗီဒီယိုရိုက်ကူးမှုအပိုင်းကိုတော့ နှစ်လသုံးကားနှုန်းပုံမှန်ရိုက်ကူးဖြစ်နေပြီး ဒီဇင်ဘာလမှာ ဝတ်မှုံရွှေရည်နဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

ထူးခြားသစ်

Credit. The Ray of Light Journal
Credit Photo. saisaifanpage