FOLLOW ME ကုန်ပစ္စည်းတံဆိပ် နာမည်ဖြင့် လူသိများသောTa-Fa Trading Co.,Ltd ၏ နှစ်(၂၀)ပြည့် အခမ်းအနားကို Western Park Royal Restaurant တွင် မတ်လ ၈ ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပါသည်။

နှစ်(၂၀)ပြည့်အခမ်းအနားတွင် အဖွင့်ကျေးဇူးတင်စကားကို Ta-Fa Trading Co.,Ltd မှ General Manager ဖြစ်သော ဦးထွန်းလင်းမှ ပြောကြားပေးခဲ့ပြီး FOLLOW ME အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍လည်း ရှင်းလင်းပြသခဲ့ပါသည်။အထူးသဖြင့် နှစ်(၂၀)ပြည့် အထူးအခမ်းအနားတွင် တက်ရောက်ပေးသော အနယ်နယ်အရပ်ရပ် အရောင်းကိုယ်စားလှယ်တော်ကြီးများ၊ လုပ်ငန်းအသီးသီးတွင် ပူးတွဲလုပ်ကိုင်လျက်ရှိသော မိတ်ဖက်ကုမ္ပဏီကြီးများ၊ စာနယ်ဇင်းများမှ တာဝန်ရှိဆရာ၊ဆရာမများကိုလည်း ကျေးဇူးတင်စကားကို ပြောကြားခဲ့ပါသည်။

Managing Director ဖြစ်သူ ဦးကျင်စိန်နှင့်တကွ ကုမ္ပဏီဝန်ထမ်းများ၏ နှစ်(၂၀)ပြည့် အထိမ်းအမှတ်အဖြစ် အခမ်းအနားများကိုလည်း ကျင်းပခဲ့ကြပါသည်။


ထို့အတူ နှစ်(၂၀)ပြည့် အထူးအစီအစဉ်အဖြစ် ငွေကျပ် သိန်း ၁၀၀ ကိုလည်း လူမှုဝန်ထမ်းအဖွဲ့အစည်းများသို့ လှူဒါန်းခဲ့ပါသည်။


အခမ်းအနားတွင် လူငယ်အကအဖွဲ့များကလည်း စိတ်ဝင်စားဖွယ် အစီအစဉ်များလည်းကောင်း၊ FOLLOW ME မှထုတ်လုပ်ထားသော အလှကုန်ပစ္စည်းများကိုလည်း မိတ်ဆက်ပြသခဲ့ပါသည်။

နှစ်(၂၀)ပြည့် အခမ်းအနား၏ Grand Lucky Draw အစီအစဉ်တွင် ဆုကြီးများကို သက်ဆိုင်ရာလူကြီးမင်းများက ကံစမ်းမဲများကို ရွေးချယ်ပေးခဲ့ကြောင်း သိရှိရပါသည်။


Chelmo Team