တရုတ်ပြည်မှ ထူးခြားသော သတင်းတစ်ခုက တကယ်ကို ထူးခြားနေတာပါ။

အဖြစ်ကတော့ ဒီလိုပါ။ တရုတ်လူမျိုး အမျိုးသားတစ်ယောက်က ကားတိုက်မှုကြောင့် ဒါဏ်ရာ ရသွားပြီး ဆေးရုံသို့ရောက်သွားပါတယ်။

သူဆေးရုံတက်ချိန်မှာ လူနာ သတင်းလာမေးတာ ..... ရည်စား ၁၇ ယောက် ဖြစ်ကြောင်း သတင်းရရှိပါသည်။

သူဟာ မိန်းကလေး ၁၇ ယောက်ကို တချိန်တည်း ကြိုက်နေတာဖြစ်ပြီး သူ၏ ရည်စားများဖြစ်သော မိန်းကလေးတွေကတော့ ဆေးရုံကို လူနာလာကြည့်မှ အကြောင်းစုံကို သိလိုက်ရတာပါ။

မိန်းကလေးတွေထဲမှာ တစ်ယောက်နဲ့ဆိုရင် စေ့စပ်ထားပြီး၊ တစ်ယောက်နဲ့ဆိုရင် ကလေးတောင်ရှိတယ်လို့ဆိုပါတယ်။

သူနဲ့ကြိုက်နေကြတဲ့မိန်းကလေးတွေကတော့ အသက် ၂၀ ကနေ ၄၀ ကြားဖြစ်ပြီး မိန်းကလေးတွေထဲက တဝက်လောက်က မြန်မာငွေ ၁၀ သိန်းကနေ သိန်း ၄၀ လောက်အထိချေးထားတယ်လို့သိရပါတယ်။

နောက်ပြီး ရည်စားသက်တမ်းဟာဆိုရင်လည်း အနည်းဆုံး ၁၀ လ မှ ၁၀ နှစ် အတွင်း ချစ်ကြိုက်နေပြန်ပါတယ်။

ကဲ ဘာကြောင့် မပေါ်ခဲ့တာလဲဆိုတာကို ကိုကို တို့က အသိချင်ဆုံးဖြစ်မှာပါ။ ဘယ်လို လုပ်ခဲ့သလဲဆိုရင် ...

ဖုန်းကို ၃ လုံး ကိုင်ပြီး အမြဲတမ်း အလုပ်ရှုပ်နေသာ စီးပွားရေးသမား တစ်ယောက် ဟန်ဆောင်နေခဲ့ပါတယ်။ တကယ်တော့ အလုပ်ရှုပ်နေတာက မိန်းကလေး ၁ ယောက်ပြီး ၁ ယောက် ဆက်သွယ်နေရလို့ပါ။

မိန်းကလေးတွေ သူ့ကိုတရားစွဲဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ ကိုကိုပုံက သိပ်တော့မလန်းပင်မဲ့ အစွမ်းတော့ရှိပုံရတယ်နော် :)

မမနဲ့ညီမတို့ သင်္ကြန်တွင်းမှာ အပြောချိုသော ကိုကိုတွေကို အထူးသတိထားပါလို့ သတိပေးလိုက်ပါရစေ။

Chelmo Team
Credit. matome
Credit Photo. news.livedoor