မော်ဒယ်တစ်ယောက်အနေနဲ့သာမက ကြော်ငြာ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်း နာမည်ကြီးလူသိများလာပြီး၊ Miss LipIce 2013 Award ကိုပိုင်ဆိုင်ခွင့်ရရှိခဲ့တဲ့ ညီမလေး နန်းစန္ဒာလှထွန်းနဲ့တွေ့ဆုံခဲ့ပါတယ်။

ဒီအချိန်မှာ ညီမလေး နန်းစန္ဒာလှထွန်းရဲ့ ရင်ထဲက ခံစားချက်လေးတွေ၊ နောက်ပြီး ညီမလေးကို ချစ်တဲ့ပရိသတ်တွေက သိချင်တဲ့အချက်လေးကိုလည်း ပရိသတ်ကြီးကိုယ်စား ချယ်မိုကနေ အခုလို မေးမြန်းခဲ့ပါတယ်။

ညီမလေး နန်းစန္ဒာလှထွန်းက သူ့ကိုချစ်သော ပရိသတ်များအတွက် Video Message လေးကိုလည်း နားထောင်ကြည့်ပါနော်။

https://www.youtube.com/watch?v=dsvLODLPBCc

Chelmo : ညီမလေးရဲ့ နာမည်ကို ပရိသတ်ကြီးက သိနေပြီဆိုတော့ ညီမလေးရဲ့ အသက်ကို သိပါရစေ။

ညီမရဲ့အသက်ကတော့ ၂၁ နှစ်ရှိပါပြီ။

Chelmo : ညီမလေးက ရာသီခွင် နဲ့ ကြိုက်နှစ်သက်တဲ့အရောင်လေးကို သိပါရစေ။

ရာသီခွင်က ကရကဋ်ရာသီ (Cancer) ပါ။ အရောင်ကတော့ အဖြုရောင်ကိုနှစ်သက်ပါတယ်။ နောက်ပြီး စိတ်အခြေအနေအပေါ်မှာ မူတည်ပြီး ပြောင်းလဲနေတတ်တဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။ တခါတလေကျတော့ အနီရောင်ကိုကြိုက်တဲ့အချိန်မျိုးဆိုရင် စိတ်ထဲမှာခပ်စပ်စပ်ဖြစ်နေတတ်ပါတယ်။

Chelmo : ညီမလေးက အခုဆိုရင် မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကမှာ ရပ်တည်နေပြီဆိုတာ အားလုံးလည်း သိရှိပြီးသားဖြစ်ပါလိမ့်မယ်။ ညီမလေးရဲ့ အနုပညာလမ်းခရီးကို ရှင်းပြပေးပါလား။

ညီမက အသက် ၁၉ နှစ်လောက်ကစပြီး အနုပညာအလုပ်ကို စတင်လုပ်ခဲ့ပါတယ်။ ညီမရဲ့ဇာတိက တောင်ကြီးကပါ။ တောင်ကြီးမှာ ရှမ်းပြည်နယ်တောင်ပိုင်း ကိုယ်စားပြု အလှမယ် တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ မော်ဒယ်တစ်ယောက်အနေနဲ့ သေသေချာချာ စတင်ပြီးလုပ်ကိုင်ခဲ့တာကတော့ ကျောင်းပြီးမှ ရန်ကုန်မှာ အခြေချပြီး လုပ်ကိုင်နေပါတယ်။ ညီမကိုယ်တိုင်က အနုပညာကို စိတ်ဝင်စား၊ ဝါသနာပါပြီး Professional Model တစ်ယောက်အနေနဲ့ရပ်တည်နိုင်အောင်အတွက် မိဘတွေနဲ့ခွဲခွာပြီး ရန်ကုန်မှာ အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေတာပါ။

Chelmo : မိဘတွေနဲ့ခွဲပြီး တစ်ယောက်တည်း အနုပညာအလုပ်တွေကိုလုပ်နေရတဲ့အချိန်မှာ အခက်အခဲတွေလည်း အများကြီးကြုံရမယ်လို့ ထင်ပါတယ်။ ဒီအချိန်မှာ ညီမကို ပုံ့ပိုးကူညီပေးနေတာက ဘယ်သူဖြစ်မလဲ။

မေမေ့ကို ဖုန်းဆက်ပြီး ရင်ဖွင့်လိုက်ရတဲ့အချိန်မှာ မေမေ့ဆီက အားပေးစကားတွေကို ကြားလိုက်ရတဲ့အချိန်မှာ ရင်ထဲက စိတ်ညစ်စရာတွေက အလိုလိုကို ပျောက်သွားပါတယ်။ အနုပညာလောကမှာ ညီမကို လိုလားသောသူ၊ မနာလိုသောသူ၊ လူအမျိုးမျိုးနဲ့ နေရာအမျိုးမျိုးမှာ တွေ့ရတဲ့အခါမှာ ဥပမာ၊ ပြိုင်ပွဲတစ်ခုမှာဆိုရင် ကိုယ်ကတော့ ရိုးရိုးသားသား ယှဉ်ပြိုင်နေပင်မဲ့လည်း ကိုယ့်ကို တွန်းချင်တိုက်ချင်တဲ့သူတွေရှိတဲ့အခါ အရမ်းကို ဝမ်းနည်းမိပါတယ်။ အဲဒီလိုမျိုးအချိန်မှာ ကိုယ့်ရဲ့ရင်ထဲမှာ အခုလုပ်နေတဲ့အလုပ်ဟာ မိဘရဲ့ကျေးဇူးကို သိတတ်ပြီး ပြန်လည်ကျေးဇူးဆပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကိုယ့်ကိုယ်ကို အားပေးခဲ့ရပါတယ်။

Chelmo : Miss LipIce 2013 အလှမယ်ရွေးချယ်ပွဲကို ဘယ်လိုကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတယ်ဆိုတာကို သိပါရစေ။

ညီမတို့တောင်ကြီးက ဆိုင်မှာ Miss LipIce 2013 အလှမယ်ရွေးချယ်ပွဲ ကြော်ငြာကိုတွေ့ရသလို၊ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာလည်းတွေ့ရလို့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်သွားတာပါ။

Chelmo : ညီမလေး ရည်မှန်းချက်လေးကို သိပါရစေ။

ညီမအနေနဲ့ မော်ဒယ် တစ်ယောက်အနေနဲ့ရပ်တည်နေပင်မဲ့လည်း အနာဂတ်မှာ Commercial Model ၊ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားသွားမှာပါ။ အဲဒီအတွက်လည်း သရုပ်ဆောင်သင်တန်းတွေကို တက်ဖို့လည်း စီစဉ်နေပါတယ်။

Chelmo : ညီမလေးရဲ့ အနုပညာသက်တမ်းတစ်လျှောက် ဘယ်လိုမှမေ့လို့မရတဲ့ အမှတ်တရဖြစ်စေမဲ့ MTV၊ ကြော်ငြာတွေရှိခဲ့ပါသလား။

ဟုတ်ကဲ့။ ရှိခဲ့ပါတယ်။ MTV တစ်ခုရဲ့ရိုက်ကွင်းမှာ ဇာတ်လမ်းသဘောနဲ့ ညီမကလည်း စကားပြော၊ ငိုရတဲ့အခန်းလေးပါပါတယ်။ လူအများကြီးရှေ့မှာ ငိုရတယ်ဆိုတာ တော်တော်ကို ခက်ခဲပါတယ်။ အတွေ့အကြုံကလည်း မရှိတော့ ဝမ်းနည်းလာအောင်ကို တော်တော်ကြိုးစားပြီး ငိုနိုင်အောင်ကြိုးစားခဲ့ရပါတယ်။ အဲဒီတုန်းကဆို မနက် ၉ နာရီကနေ ငိုလိုက်ရတော ညနေ ၃ နာရီထိုးတဲ့အတထိ ငိုနေရတုန်းပါ။ ရိုက်ကွင်းမှာရှိတဲ့ ဒါရိုက်တာ၊ မင်းသား အကိုအစ်မတွေအားလုံးက ဘယ်လို ငိုရမလဲဆိုတာကို ကူညီပြီး သင်ပြပေးကြပါတယ်။ များသောအားဖြင့် ရိုက်ကွင်းမှာ မျက်ရည်အတုကို သုံးကြပါတယ်။ မျက်ရည်အတုအတွက် New V-Rohto ကိုသုံးလေ့ရှိပါတယ်။ ညီမကျတော့ New V-Rohto ကိုသုံးလိုက်ပြီဆိုရင်ပဲ ငိုဖို့မပြောနဲ့ မျက်စိက ကြည်လင်လာလို့ New V-Rohto ကိုဆောင်ထားတတ်ပါတယ်။

Chelmo : ညီမလေးက မော်ဒယ်တစ်ယောက်အနေနဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေရဲ့ မျက်နှာဖုံးကို ရိုက်ရတဲ့အခါမှာ တစ်ယောက်တည်းမဟုတ်ပဲ တွဲရိုက်ရတဲ့အခါမျိုးလည်းရှိပါလိမ့်မယ်။ ညီမလေးအနေနဲ့ဘယ်လို ခံစားချက်ရှိသလဲဆိုတာကို ပြောပြပေးပါနော်။

အလုပ်အပေါ်မှာမူတည်ပြီး တစ်ယောက်တည်းရိုက်ရတာရှိသလို၊ တွဲပြီးရိုက်ရတဲ့အခါမျိုးလည်းရှိပါတယ်။ ဒီအတွက် ညီမအနေနဲ့ ပြသာနာမရှိပါဘူး။ အဓိကကတော့ အားလုံးအဆင်ပြေဖို့သာ အဓိကပါ။

Chelmo : ညီမလေးက ကျောင်းစိမ်းဝတ်တဲ့အရွယ်တုန်းက ဘယ်လိုကျောင်းသူဖြစ်ခဲ့သလဲ။

ကျောင်းတုန်းကဆိုရင် ယောင်္ကျားလေးအပေါင်းအသင်းဆိုတာလဲမရှိ။ များသောအားဖြင်း ကိုယ့်ရဲ့မိန်းကလေး သူငယ်ချင်းတွေနဲ့ပဲ အေးအေးဆေးဆေး စာဖတ်နေတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခု မော်ဒယ်တစ်ယောက်ဖြစ်လာတဲ့အချိန်မှာ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ Facebook ပေါ်မှာဖြစ်တွေ့တဲ့အချိန်မှာ သူတို့ကတောင် အံ့သြနေကြပါတယ်။

Chelmo : အဲဒီတော့ အနုပညာဗီဇက ညီမလေးမှာ ပါတာပေါ့နော်။

တက္ကသိုလ်ရောက်တော့မှ သူငယ်ချင်းတွေနဲ့ ဓါတ်ပုံတွေရိုက်ဖြစ်၊ နောက်ပြီး မဂ္ဂဇင်းတွေမှာ ဓါတ်ပုံမော်ဒယ်ခေါ်တဲ့အခါ လှမ်းလျှောက်ကြည့်တာက စခဲ့တာပါ။ မဂ္ဂဇင်းတွေက သဘောကျရင် မျက်နှာဖုံးအထိ ရိုက်ခွင့်လဲရခဲ့ပါတယ်။

Chelmo : ညီမလေးက မော်ဒယ်တစ်ယောက်အနေနဲ့ ဓါတ်ပုံရိုက်တဲ့အခါ၊ နောက်ပြီး Facebook ပေါ်ကိုတင်တဲ့အခါမှာ ဘယ်လိုလှအောင်ရိုက်သလဲဆိုတာ ချယ်မို ပရိသတ်တွေကိုလည်း သင်ပေးပါလားနော်။

ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် တစ်နေ့မှာ မနက်နဲ့ည ၂ ကြိမ်တော့မှန်ကို ကြည့်ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ ကိုယ့်ရဲ့အလှဆုံး၊အချောဆုံး၊ ချစ်စရာအကောင်းဆုံးသော အနေအထားကို ကိုယ်ကသာလျှင်အသိဆုံးဖြစ်ပါလိမ့်မယ်။ Selfie ရိုက်တဲ့နေရာမှာလည်း အတွင်း Camera နဲ့ရိုက်ရင် အမူအရာ ကောင်းကောင်းလုပ်တတ်ပင်မဲ့ အပြင် Camera နဲ့ရိုက်မယ်လဲလုပ်ရော၊ ရှက်သွားတတ်ပြီး ပုံလှလှလေးတွေ မထွက်လာတော့တဲ့အခါမျိုးလည်း ရှိပါတယ်။ ညီမကတော့ Selfie ရိုက်ပြီးတင်တဲ့အခါမှာ Post အမျိုးမျိုးလုပ်ပြီးတင်တတ်ပင်မဲ့ နောက်ပြီး ကိုယ့်ရဲ့ ပုံတွေကို ပြန်ကြည့်တဲ့အခါကတော့ ဒီ Post တွေပဲထပ်နေပြီး ပျင်းစရာကြီးဖြစ်နေတတ်ပါတယ်။ တခါတလေကျတော့ ထူးထူးဆန်းဆန်းပုံလေးတွေကို တင်တဲ့အခါမျိုးလည်း ရှိပါတယ်။ အဲဒီအခါကျရင် ပိုပြီးတော့ Like ရတဲ့အခါမျိုးလည်း ရှိပါတယ်။

Chelmo : ညီမလေးက ဘယ်လို Style ကို ပိုပြီး အားရပါသလဲ။

ညီမရဲ့ မျက်နှာကြောင့်ပဲလားတော့ မသိဘူး။ သိပ်ပြီး Sexy ဖြစ်တဲ့မိတ်ကပ်နဲ့ အဝတ်အစားက သိပ်ပြီး မလိုက်တဲ့အခါမျိုးနဲ့လည်း ကြုံရပါတယ်။ အဲဒါကြောင့် ကလေးဆန်ပြီး Cuite ဖြစ်တဲ့ Style ကိုပိုပြီးအားရပါတယ်။

Chelmo : မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်အတွက် ကျန်းမားရေးက အရေးကြီးတဲ့ကဏ္ဍမှာပါတယ်လို့ထင်ပါတယ်။ ညီမလေးကကော ဘယ်လို Care လုပ်နေတယ်ဆိုတာကို သိပါရစေ။

ဟုတ်ကဲ့။ ညအိပ်ယာဝင်တဲ့အခါ ရှားစောင်းလက်ပတ် ခရင်(မ်) ကိုလိမ်းပါတယ်။ နောက်ပြီး နေပူထဲမှာ အလုပ်လုပ်ရတဲ့အချိန်မျိုးမှာတော့ ညအိပ်ယာဝင်တဲ့အခါ တကိုယ်လုံးကို သနပ်ခါးလိမ်းပြီး အိပ်လိုက်ပါတယ်။

Chelmo : ညီမလေးက နောင် ၃ နှစ်မှာ ဘယ်လိုအနုပညာရှင်တစ်ယောက်ဖြစ်ချင်သလဲ။

အနုပညာလောကမှာ အောင်မြင်ဖို့ဆိုတာ ကြိုးစားရမဲ့အပိုင်းပါသလို ကံနဲ့စန်း ကလည်းအရေးကြီးပါတယ်။ ညီမအနေနဲ့ နောင် ၃ နှစ်မှာ အနုပညာလမ်းကြောင်းပေါ်မှာ တည်တည်ငြိမ်ငြိမ်နဲ့အောင်မြင်နေတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။

Chelmo : ညီမလေးလို မော်ဒယ်ဖြစ်ချင်တဲ့ ညီလေး၊ ညီမလေးတွေအတွက် ဘယ်လိုလုပ်ရင် ညီမလေးလိုဖြစ်နိုင်မလဲဆိုတာကို ပြောပြပေးပါနော်။

ညီမကတော့ အလုပ်ကို ကြိုးစားပြီး လုပ်ပါတယ်။ စေတနာပြည့်ပြည့်နဲ့လုပ်ပေးတဲ့အတွက်လည်း ဒီအကျိုးကျေးဇူးကို ခံစားနေရတယ်လို့ထင်ပါတယ်။ ဒါပင်မဲ့ မော်ဒယ်လောကမှာ အချို့ညီမလေးတွေက ရည်မှန်းချက်နဲ့ လက်တွေ့ဘဝမှာ ကွာခြားချက်လေးတွေကို တွေ့ရပါတယ်။ သူတို့အနေနဲ့ မော်ဒယ်လုပ်ရရင်ကို ကျေနပ်နေတတ်ပါတယ်။ ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ကို ဦးတည်နေတဲ့လမ်းကို တည့်တည့်မလျှောက်နိုင်တဲ့သူတွေကိုလည်း တွေ့ရပါတယ်။ သူတို့ကို ညီမအနေနဲ့သင်ပေးချင်ပင်မဲ့လည်း သူတို့ဘက်က ကြည့်ပြန်ရင်လည်း ကိုယ်လုပ်တာမှန်နေတာပဲ ဘာတွေလာပြောနေတာလဲလို့ အထင်ခံရမဲ့အခါမျိုးလည်း ရှိပါတယ်။ အဲဒါကြောင့် ကိုယ်လုပ်နေတဲ့ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို တည့်တည့်မတ်မတ်ရောက်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကတော့ ကိုယ့်အပေါ်မှာပဲ မူတည်တယ်လို့ထင်ပါတယ်။

Chelmo : အသစ်ထွက်လာမယ့် မဂ္ဂဇင်း၊ ဂျာနယ်ထဲမှာ ညီမလေး ပါဝင်ရိုက်ကူးထားတဲ့ စာစောင်ရှိရင်ပြောပေးပါ။

မေလ ၁၁ ရက်နေ့မှာထွက်မယ့် Now မဂ္ဂဇင်းရဲ့ Fashion ကဏ္ဍမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Chelmo Team