မိန်းကလေးတွေထဲမှာလည်း ရွယ်တူယောင်္ကျားလေးတွေထက် အသက်နည်းနည်းကြီးသူတွေနဲ့မှ စွန်တဲ့သူတွေလည်း ရှိတယ်နော်။

ဘယ်လို မိန်းကလေးက ဦးဦးတို့ ချစ်တဲ့သူ ဖြစ်မှာလဲ။

★ လှလှ ဝဝလေးဖြစ်နေသူ

ဦးဦးတို့က မော်ဒယ်လို ပိန်ပိန်ပါးပါးလေးတွေထက် မမလှလှ ဝဝလေးကို ပိုပြီး ချစ်တတ်တယ်။ဘယ်ဖြစ်လို့လဲဆိုတော့ ထမင်းစားနေတဲ့ပုံလေးကို ကြည့်ရင်းတောင် ဦးဦးတို့ ရင်တွေခုံနေပြီပေါ့။ ဦးဦးတို့က မော်ဒယ်လို အရမ်းလှနေတဲ့ မိန်းကလေးကျတော့ ဘယ်လို ချင်းကပ်ရမလဲဆိုတာကို တွေးပြီးကြောက်တတ်တယ်။

★ ရယ်စရာပြောရင်လည်း ပြုံးပြီးနားထောင်နေတတ်သူ

ဦးဦးတို့ရဲ့ ရယ်စရာကဏ္ဍမှာ ပြောစကားတွေက နည်းနည်း ကြမ်းတတ်ပင်မဲ့လည်း ဘာမှနားမလည်သလို ဟန်ဆောင်ပြီး နားထောင်နေတတ်သူလေးကို ချစ်တတ်ပါတယ်။

★ ချွဲတော်သောသူ

အလုပ်ထဲမှာ မသိနားမလည်တာကို ချက်ချင်း အထက်အရာရှိ ဦးဦးတွေကို မေးတတ်တဲ့သူလေးက အဖြေကိုရလျှင် ချက်ချင်းကြိုးကြိုးစားစားလုပ်နေတာကို မြင်ရတဲ့ ဦးဦးတို့က ပီတိဖြစ်နေတာပါ။

★ အမြဲတမ်း ပြုံးပြုံးလေးနေသူ

ချောလှတာထက် အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နေတတ်သူလေးဆိုရင် ဦးဦးတို့ ရင်ထဲလဲ အေးတယ်လေ။

★ ကျေးဇူးတင်စကားကို လက်ကိုင်ထားသူ

ဦးဦးတို့က ကိုယ့်ထက်အသက်ငယ်တဲ့သူတွေကို ကိုယ့်လက်အောက်ငယ်သားတွေကို ကျွေးမွေးရတာတွေလည်း ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ အလိုက်သိသိ ကျေးဇူးတင်စကားပြောတတ်သူလေးကိုလည်း လေးစားပါတယ်။

ကဲ ဦးဦးတို့အကြိုက်တော့ မနေနိုင်ဘူးလို့ မပြောလိုက်ပါနဲ့နော်။ ဦးဦးတို့တောင် ကြိုက်တဲ့ မိန်းကလေးဆိုတာ ဘယ်မိန်းကလေး၊ ယောင်္ကျားလေးမဆို ချစ်ခင်ဖို့ကောင်းတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်သူ ဖြစ်မှာပါ။

#ChelmoTeam
Credit.tabi-labo
Credit Photo. tabi-labo