နေ့တနေ့ရဲ့ ညအချိန်မှာ အိပ်စက်သွားကြပြီး မနက်ခင်းအချိန်မှာတော့ အခွင့်အလမ်းအသစ်တွေနဲ့ပြည့်နေတဲ့ နေ့သစ်လေးမှာ နိုးထလာကြပါတယ်နော်။

နိုးထလာတဲ့ မိနစ်ပိုင်းအချိန်လေးမှာ အိပ်ရာကနေထဖို့ရွေးချယ်ပြီးတာနဲ့ ခေါင်းပေါ်က စောင်ကိုဆွဲလိုက်ကာ ခေါင်းထဲမှာ စိုးရွံ့တဲ့အတွေးတွေ ၀င်ကောင်းဝင်လာနိုင်တယ်လေ။ အဲဒီ့ရွေးချယ်မှုက မည်သူတစ်ဦးတစ် ယောက်ရဲ့ရွေးချယ်မှုမဟုတ်ပါ၊ ကိုယ်တိုင်ရွေးချယ်မှုပဲဖြစ်လိမ့်မယ်နော်။ ယေဘုယျအားဖြင့် နေ့သစ်ကို စ တင်လိုက်တဲ့ပုံစံဟာ နေ့သစ်ရဲ့ကျန်တဲ့အချိန် တွေကိုပါ လွှမ်းမိုးသွားစေပါလေ။

အောက်မှာ ရေးပြပေးထားတဲ့ အချက်လေး(၅)ချက်က နေ့သစ်တစ်ခုကို အကောင်းမြင်တဲ့စိတ်နဲ့စတင်နိုင်ဖို့အတွက် မှတ်သားစရာအချက်လေးတွေဖြစ်ပါလိမ့်မယ်။

၀၁. မနက်ခင်း အိပ်ရာထလာချိန်မှာ မိနစ်အနည်းငယ်လောက် ဆန်းစစ်ကြည့်လိုက်ပါ။

အသက်အနည်းငယ်ရှုလိုက်ပြီး (ကလေးတွေ၊ ဘ၀လက်တွဲဖော်၊ ကျန်းမာရေး၊ အိပ်နေတဲ့အိပ်ရာ၊ ပြတင်းပေါက် အ ပြင်ဘက်က သဘာဝတရား) တို့အပေါ်မှာ ကျေးဇူးတင်ကြောင်း တွေးကြည့်လိုက်ပါ။ ကိုယ့်မှာမရှိတဲ့အရာတွေကို တွေးပြီး စွမ်းအင်တွေကို အကုန်ခံ မယ့်အစား ကိုယ့်ဘ၀လေးထဲမှာ သူတို့တွေရှိနေပေးတဲ့အတွက် ကျေးဇူးတင်မိတဲ့ အတွေး လေးကနေ စတင်ပေးလိုက်ပါ။

၀၂. အိပ်ရာပေါ်ကနေ ချက်ချင်းမထဘဲ ၅မိနစ်မှ၁၀မိနစ်အထိ တရားထိုင်ပေးပါ။

အသက်ကို ၄ ကြိမ်ကနေ ၅ ကြိမ်အထိ ရှုသွင်း၊ရှုထုတ်လုပ်ပေးပါ။ ဘယ်လိုရှုသွင်းတယ်၊ ဘယ်လိုရှုထုတ်တယ် ဆို တာနဲ့ အသက်ရှုလိုက်တိုင်း ခဏတာရပ်တံ့နေတာကိုလည်း သတိထားကြည့်ပါ။ အဲဒီ့လိုပြုလုပ်ပေးခြင်းဖြင့် စိတ်ကို ငြိမ်းချမ်းမှုရရှိစေမှာ အမှန်ပင်ပဲနော်။
 
၀၃. ရေချိုးနေချိန်မှာ အချိန်အနည်းငယ်ကြာအောင်ချိုးပါ။ (ဒါမှမဟုတ်) မနက်စာစားချိန်မှာ အချိန်အနည်းငယ်ယူပါ။

ရေပန်းကနေ အရေပြားပေါ်ကို ကျလာသောရေစက်လေးများကို ခံစားကြည့်ပါ။ စားနေကျ အစားအစာတွေကိုလည်း အရသာ ခံကြည့်ပါ။ အဲဒီ့လိုလုပ်တာဟာ ဖြတ်သန်းရမယ့် တစ်နေ့တာအတွက် အာရုံစူးစိုက်မှုကို ရရှိစေတယ်နော်။

၀၄. မနက်စာမစားခင် ရေတစ်ဖန်ခွက်ကို သံပုရာသီးတစ်ခြမ်းညှစ်ထည့်သောက်ပါ။ ဂျင်း၊ ငရုတ်ကောင်းမှုန့်များ ထည့် သောက်ချင်က ထည့်သောက်နိုင်ပါနော်။

ဒီလိုသောက်ပေးခြင်းဖြင့် အစာခြေဖို့ကူညီပေးနိုင်ပြီး ခန္ဓာကိုယ်ကို သန့်စင်စေသလို ခန္ဓာကိုယ်မှ အဆိပ်အတောက် များကိုလည်း ဖယ်ရှားပေးနိုင်ပါလေ။ အဲဒီလိုသောက်ပြီးရင် အာဟာရပြည့်ဝတဲ့မနက်စာကို စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ ဓာတုဗေဒနည်းအတိုင်းဓာတ်ပြောင်းလဲဖွဲ့စည်းလာပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးကို အားအင်တွေ ပြည့်ဝစေမှာပါ။ နေ့စဉ်ရုန်းကန်လှုပ် ရှားနေမှုမှာ အားအင်ပြည့်ဝဖို့်လိုအပ်တာကြောင့် မနက်စာကို မစားဘဲတော့ မ နေပါနဲ့၊ စားဖြစ်အောင် စားပါ။

၀၅. သင့်ရည်မှန်းချက် ၊ရည်ရွယ်ချက်တွေအတွက် ရှင်းလင်းအောင်လုပ်ပါ။

ဥပမာအားဖြင့် ဒီနေ့မှာ လုပ်စရာအများကြီးကို လုပ်ဖို့ကြံရွယ်ထားတာတို့ မိသားစုနဲ့သူငယ်ချင်းတွေနဲ့အတူ တန်ဖိုးရှိ တဲ့အချိန်လေးကို ဖြတ်သန်းမယ်လို့ ကြံရွယ်ထားတာတို့ အစရှိသဖြင့်ပေါ့။ ငြိမ်းချမ်းတဲ့နေ့လေးကို ပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ထားတယ်ဆိုပါဆို့။ အဲဒီ့လို ရည်ရွယ်ထားတဲ့အရာတွေကို ဖန်တီးနိုင်ဖို့ ကိုယ့်စိတ်၊နှလုံးသားကို ကိုယ့်ရည်ရွယ်ချက်နဲ့ ပထမဆုံးညှိယူရမှာဖြစ်ပါတယ်နော်။ တစ်နည်းပြောရရင်တော့ ကိုယ့်ကိုကို ခံစားကြည့်ခိုင်းလိုက်တာပါ။

လူတော်တော်များများက နေ့စဉ်ဖြတ်သန်းနေရတဲ့ဘ၀မှာ ၀ါသနာမပါတဲ့အရာများကို လုပ်ဆောင်နေရတဲ့အတွက် စိတ်ရဲ့ စွမ်းအားကို နားလည်သဘောပေါက်ခြင်းမရှိဖြစ်နေကြတယ်လေ။ ဒါပေမယ့် သူတို့တွေ သတိထားမိသည်ဖြစ်စေ၊ သတိမထား မိသည်ဖြစ်စေ ကိုယ့်အတွက်ကတော့ ကိုယ့်ရဲ့အတွေးတွေ၊အမူအကျင့်တွေနဲ့အတူ ကိုယ်လိုချင်သောအရာကို ဖန်တီးရ မှာဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရွေးချယ်လိုက်တဲ့ အတွေးအမြင်တွေ၊ ကိုယ်ရွေးချယ်လိုက်တဲ့အမူအကျင့်၊ ကိုယ်ရွေးချယ်လိုက်တဲ့ အရာ မှန်သမျှကို သတိရနေဖို့လိုတယ်နော်။ ပြီးတော့ ကိုယ့်ရဲ့ရွေး ချယ်မှုတိုင်းက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာခံစားနေတာကို ဆုံးဖြတ်ပေးပါတယ်နော်။

ယခု “နေ့လေးတနေ့ကို ဘယ်လိုစတင်မလဲ” ဆိုတဲ့မေးခွန်းလေးကို မေးပါရစေ။ အဲဒါကို ဘယ်လိုစိတ် မျိုးနဲ့ လုပ်ခဲ့တာလဲ။ မကောင်းမြင်တဲ့စိတ်မျိုး၊ နာကျဉ်းမှုတွေကို ဆုပ်ကိုင်ထားပြီး နေ့တစ်နေ့ကို စတင်မယ်ဆိုရင်တော့ အဲ့နေ့လေးဟာ အလွယ်တကူ ပျက်ဆီးသွားနိုင်ပါတယ်နော်။ အဲဒါကြောင့် မနက်ဖြန် နိုးထလာချိန်မှာ “ကိုယ်မနေ့က တွေးခဲ့၊ ပြုမူလုပ်ဆောင်ခဲ့သလို လုပ်ချင်လား။” (ဒါမှမဟုတ်) “ဒီနေ့မှာ ကိုယ် ကိုယ်တိုင် အသစ်တစ်ဖန်ဖြစ်အောင် ရွေးချယ်ရမလား။” လို့ ကိုယ့် ကိုယ်ကို မေးခွန်းမေးလိုက်ပါနော်။
 
သိမ့်ထူးစံ (သီလ၀)
#ChelmoTeam