Harvard Research အရ ပျော်ရွှင်ဖို့ဆိုရင် ကျင့်ကြံပြုလုပ်ရမဲ့ အချက် (၇) ချက်ပဲ ရှိပါတယ်နော်။

၀၁။တရားထိုင်ပါ

ပုံမှန်တရားထိုင်ပေးခြင်းက ဦးနှောင်္က်ကိုပြန်လည်နုပျိုစေပြီး သိသိသာသာ ပျော်ရွှင်မှုတိုးမြှင့်လာစေပါတယ်။

၀၂။ကြင်နာတတ်ပါ

Altruism (ပရဟိတဝါဒ) လို့ခေါ်တဲ့ မိမိအကျိုးထက် အများအကျိုးကို ဦးစားပေးတာက စိတ်ဖိစီးမှုသောကတွေကို လျှော့ချပေးတဲ့အပြင် စိတ်ဖိစီးမှုသောကတွေကိုလျှော့ချပေးတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလဲ တေကာင်းမွန်တိုးတက်လာစေပါတယ်။

၀၃။ပစ္စ္စ္စ္စည်းအသုံးအဆောင်တွေထက် အတွေ့အကြုံသစ်တွေကို ဝယ်ယူပါ။

ကိုယ့်ရဲ့ ပိုက်ဆံတွေကို အရာဝတ္ထုပစ္စ္စည်းတွေပေါ်မှာ သုံးတာထက် ကိုယ်တိုင်ပြုလုပ်ရမဲ့ အရာတွေပေါ်မှာ (ဥပမာဆိုရင် ခရီးသွားတာမျိုးပေါ့) အသုံးပြုတာက စိတ်ကျေနပ်မှု၊ စိတ်ပျော်ရွှင်မှု ကို ပိုပီးရစေမှာပါ။

၀၄။ကိုယ်ရဲ့ပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့ ကောင်းမွန်တဲ့ဝန်းကျင်လေး ဖြစ်အောင် ဖန်တီးယူရပါမယ်။

(သစ်ပင်ပန်းမာန်လေးတွေနဲ့ တေးသီချင်းတွေက အဲဒီအတွက် အထောက်အကူပြုမှာ အသေချာပဲနော်)

၀၅။ကြိုတင် ကြံဆတတ်ပါစေ။

ကိုယ့်ရဲ့လုပ်မှုဆောင်တာတွေမှာ ပျော်ရွှင်ကျေနပ်စရာ အကောင်းဆုံးအပိုင်းကတော့ မျှော်မှန်းကြံဆပြီး ကြိုတင်ပြင်ဆင်တတ်ခြင်းပါပဲ။

၀၆။ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာက antidepressants ဆေးဝါးတွေသုံးတာထက် ပိုပီး အကျိုးသက်ရောက်မှု ရှိစေပါတယ်။

၀၇။ကိုယ်ကျွမ်းကျင်ရာ၊ဝါသနာထုံတဲ့ အရာကိုလဲ မကြာခဏ ပြုလုပ်ပေးပါ။

(ဥပမာ- ကိုယ်က ပန်းချီမှာ ကျွမ်းကျင်တယ်ဆိုရင် မကြာခဏ ပုံဆွဲတာမျိုး၊ ဓာတ်ပုံရိုက်တာမှာတော်ရင် အပျော်တမ်းဓာတ်ပုံလေးတွေ မကြာခဏ ရိုက်တာမျိုးပေါ့။

#ChelmoTeam