မေလ ရဲ့ ဒုတိယမြောက် တနင်္ဂနွေနေ့ ကို " အမေများနေ့ " အဖြစ် နိုင်ငံအများစုမှာ သတ်မှတ် ကြပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ မေလ(၁၃)ရက်နေ့က "အမေများနေ့" ဖြစ်တာမို့ ကိုယ်ချစ်ရတဲ့ မေမေ အတွက် ဘယ်လိုအမှတ်တရ လက်ဆောင်လေးတွေ ပေးကြမလဲ။

၀၁. ရေမွှေး ပုလင်း (သို့မဟုတ်) အမွှေးဆီပုလင်း

ရေမွှေးပုလင်း လေးပေးမယ် ဆိုရင် မေမေ သွားလေရာမှာ အမွှေးနံ့လေးပါနေမှာဆိုတော့ ကိုယ့်သားလေး၊သမီးလေး ဝယ်ပေးထားတာလေး အတွက် မေမေ ပီတိဖြာနေမှာပေါ့။ ဒါမှမဟုတ် အိပ်ခန်းထဲမှာထားတဲ့ အမွှေးဆီပုလင်းလေးပေးမယ်ဆိုရင် အခန်းဝင်လိုက်တာနဲ့ တစ်နေ့တာလုံးပင်ပန်းသမျှ အမွှေးရနံ့လေးကြောင့် လန်းဆန်းသွားမှာနော်။

၀၂. ဟင်းချက်နည်း၊မုန့်လုပ်နည်း စာအုပ်

မီးဖိုချောင် မှာကိုယ်တိုင် ဦးစီးချက်ပြုတ်ရတာဝါသနာပါတဲ့ မေမေ တိုင်းအတွက် ဒ်ီလိုစာအုပ်မျိုးတွေကို မေမေ သဘောကျမှာပါ။

၀၃. Skincare Product

အသက်ရွယ်ရလာတဲ့ မေမေ လှပနုပျိုစေဖို့ anti-aging cream လေးပေးရင်လဲ အကောင်းဆုံးပေါ့။

၀၄. Mother's Day Greeting Card

မေမေ့အတွက် ဝယ်ပေးချင်ပေမဲ့ ကိုယ်က ကျောင်းတက်ရတဲ့ အရွယ်မလို့ လက်ထဲမှာပိုက်ဆံအများကြီး မရှိလဲ စိတ်မကောင်းမဖြစ်နဲ့နော်။ ပန်းပွင့်လေးတွေ၊ ရွှေရောင်စာလေးတွေပါတဲ့ card လေးပေါ်မှာ ကိုယ့်ရဲ့လက်ရေးလေးနဲ့ မေမေ့ကို ဘယ်လောက်ချစ်ကြောင်း တစ်ဝကြီးပြောပြ လိုက်ပါ။

၀၅. လည်ဆွဲ

ကိုယ်က လစာအများကြီးရနေတဲ့သူဆိုရင်တော့ လစာထုတ်ထားတာလဲ မကြာသေးတော့ မေလ ၁၃ ရက် အမေများနေ့ အတွက် လည်ဆွဲလှလှလေး အပြေးသာဝယ်ထားလိုက်တော့နော်။

၀၆. မေမေနဲ့ Spa တူတူ သွားမယ်။

Sunday တစ်နေ့လုံး မေမေ နဲ့ အတူ Spa သွား၊ Shopping ထွက်မယ်။ Selfie တွေရိုက်ကြမယ်။

၀၇. ပန်းအိုး နဲ့ ပန်းလှလှလေး

ကျော့ရှင်းလှပတဲ့ ပန်းအိုးလေးနဲ့ ပန်းလှလှလေးတွေ ထည့်ပြီးပေးမယ်ဆိုရင်လဲ မဆိုးဘူးနော်။

ဒါကတော့ Admin စဉ်းစားလို့ရသလောက် နည်းလေးတွေပါ။ Chelmo ပရိသတ်ကြီးရော မေမေ ကိုလက်ဆောင်ပေးဖို့ ဘယ်လို idea လေးတွေ စဉ်းစားမိလဲ။ idea ကောင်းလေးတွေရှိရင် ပြောခဲ့ပါဦးနော်။

ချစ်သူများနေ့မှာ ကိုယ်မြတ်နိုးရတဲ့ချစ်သူလေးအတွက် လက်ဆောင်လေးတွေပေးကြ သလို "အမေများနေ့" မှာလဲ ကိုယ်ချစ်ရတဲ့ မေမေအတွက် အမှတ်တရလက်ဆောင်လေးပေးပီး ပျော်ရွှင်စရာ အမှတ်တရလေးတွေဖန်တီးလိုက်ကြစို့နော်။

#ChelmoTeam #Life