Depression(စိတ်ကျရောဂါ) က အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ကိုယ့်ရဲ့လုပ်ဆောင်မှု၊ အတွေးအခေါ်၊ ခံစားမှုအစရှိတာတွေကို အဆိုးဘက်ကိုဦးတည်ပြောင်းလဲသွားစေပါတယ်။

ကံကောင်းစွာပဲ Depression ကကုသပျောက်ကင်းနိုင်တဲ့ရောဂါတစ်မျိုးပါ။ Depression ကြောင့်အမြဲဝမ်းပမ်းတနည်း ဖြစ်နေစေပြီး ကိုယ်အရင်က ပျော်မွေ့ခဲ့တဲ့ လှုပ်ရှားသွားလာမှု ပြုဖွယ်ဆောင်တာတွေကိုပါ စိတ်ဝင်စားမှုလျော့နည်းလာစေပါတယ်။ Depression ဝင်တဲ့လူတစ်ယောက် အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများစွာဖြစ်လာစေပြီး အလုပ်၊ အိမ် မှ သူ့ရဲ့ လုပ်ငန်းတာဝန်အားလုံးကို လုပ်ဆောင်နိုင်စွမ်းရည် ကျဆင်းလာစေမှာ ဖြစ်ပါတယ်။

Depression လက္ခ္ခဏာတွေကတော့ သိပ်မပြင်းထန်တဲ့ အဆင့်ကနေ ဆိုးဝါးစွာ ပြင်းထန်တဲ့ အခြေအနေထိ အမျိုးမျိုး ရှိနိုင်ပါတယ်။

(၁)ဝမ်းနည်းညိုးငယ်ပြီး အားငယ်နေမယ်။
(၂)အရင်ကကိုယ်နှစ်သက်ခဲ့တဲ့ လုပ်မှုဆောင်တာတွေမှာပါ စိတ်ကျေနပ်မှုမရှိတော့တာ၊ စိတ်ဝင်စားမှုလျော့နည်းလာတာ မျိုးဖြစ်လာမယ်။
(၃)Diet နဲ့မဆိုင်ဘဲ weight ကျတာ၊တက်တာ မျိုးဖြစ်လာမယ်။
(၄)အိပ်မပျော်ခြင်း (သို့) အလွန်အကျွံအိပ်ခြင်း၊
(၅)ကာယ၊ဉာဏ စွမ်းအားလျော့နည်းလာခြင်း၊ အပြင်
(၆)လှုပ်ရှားမှုနှေးကွေးလာမယ်
(၇)ကိုယ့်ကိုယ်ကို အသုံးမကျ၊ တန်ဖိုးမရှိဟု အပြစ်မြင်လာမယ်
(ဂ)တွေးခေါ်မှု၊ အာရုံစူးစိုက်မှု၊ နဲ့ ဆုံးဖြတ်ချက်ချရာမှာ အခက်အခဲ ဖြစ်လာမယ်
(၉)သေခြင်လာတာ၊ သေကြောင်းကြံစည်ဖို့ အတွေးတွေ ဝင်လာမယ်။
အပေါ်က လက္ခဏာတွေ အနည်းဆုံး ၂ပါတ် ထိကြာရင်တော့ ဆေးစစ်တမ်း အရ Depression ဖြစ်နိုင်ပါတယ်။

ဒီလို ကြောက်ဖို့ကောင်းတဲ့ Depression ဖြစ်စေတဲ့ အဓိက အကြောင်းအရာတွေက .............?

၀၁.စိတ်မချမ်းမြေ့ စရာ ဘဝအခြေအနေများ

-ချစ်ရတဲ့ သူကို ဆုံးရှုံးရခြင်း
-အလုပ်ပြုတ်ခြင်း
-မြေငလျင်၊ လေဆင်နှာမောင်း၊ ရေကြီးခြင်း၊ မီးလောင်ခြင်း အစရှိ တဲ့သဘာဝဘေးအန္တာရာယ်တွေ
-လင်မယား ပြသနာ(သို့) မိဘနဲ့ ဆိုင်သော စိန်ခေါ်မှုပြသနာတွေ
-ကလေးသူငယ် မတရား နှိပ်စက်ခံရမှု
-သားမယားပြုကျင့်ခံရခြင်း၊ ရိုက်နှက်ခံရခြင်း အစရှိတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အခြေအနေတွေ စသဖြင့် ဆိုးရွားတဲ့ ဘဝအခြေအနေများကြုံတွေ့ ရခြင်းကနေလည်း စိတ်ကျရောဂါ ရနိုင်ပါတယ်။

၀၂.ကိုယ်ခန္ဓာနဲ့ဆိုင်တဲ့ အကြောင်းအရာတစ်ချို့

-သန့်ရှင်းတဲ့ သဘာဝ အစားအစာတွေကနေရတဲ့ အာဟာရဓာတ် ဆုံးရှုးံခြင်း
-စိတ်ဖိစီးမှု၊သောက များခြင်း
-ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
-အိပ်ချိန်လုံလောက်စွာမရခြင်း တို့ကလည်း ရေရှည်မှာ Depression ဝင်ဖို့အလားအလာ ရှိနိုင်ပါတယ်။

၀၃.ကိုယ့်ကိုယ်ကို ပစ်ပယ်ခြင်း

-ကိုယ့်ရဲ့ခံစားချက်တွေကို လျစ်လျူရှုခြင်း
-ကိုယ့်ကိုယ်ကို အကဲဖြတ်ဝေဖန်ကာ သိမ်ငယ်စေခြင်း
-ဘာမဆို အချိန်ဆွဲခြင်း
-ဝင်ငွေနှင့် မမျှ၊ အလွန်အကျွံ သုံးစွဲခြင်း
-သူများအတွက်နဲ့ ကိုယ့်ကိုယ်ကို စွန့်လွှတ်ခြင်း
-ကိုယ့်အတွက် ဘယ်တော့မှထုတ်မပြောခြင်း
-ကိုယ့်ရဲ့စိတ်လုံခြုံမှု နှင့် တန်ဖိုးအတွက် အခြားသူများအပေါ် တာဝန်ရှိစေခြင်း တို့ကလည်း Depression အတွက် လမ်းစတွေဖြစ်နိုင်ပါတယ်။

Depression ဝင်စေနိုင်တဲ့ အဓိက အကြောင်းအရာတွေကို သိပြီးပြီဆိုတော့ "Depression ကိုဘယ်လိုကုစားမလဲ" ဆိုတာကို နောက်တစ်ပါတ်မှာ ပြောပြပေးမယ်နော်။

#ChelmoTeam

#Health