သင်က ခရီးသွားခြင်းကို ချစ်မြတ်နိုးတဲ့ သူတစ်ယောက်လား? ဒါဆိုရင် သူငယ်ချင်း၊ မိဘ တွေက ဘာလို့ခရီးသွားလဲ မေးလာတဲ့အပေါ်မှာရော ဘယ်လို reasons လေးတွေပေးလေ့ရှိလဲ?

အများစုကတော့ ...
-လူသစ်တွေနဲ့ တွေ့ရတာကို သဘောကျတယ်
-အသစ်သစ်သောအရာတွေကို တွေ့ကြုံခံစားချင်တယ်
-မရောက်ဖူးတဲ့နေရာတွေကို ရောက်ဖူးချင်တယ်
-အစားသောက်သစ်တွေကို မြည်းစမ်းချင်တယ်
-ခရီးသွားခြင်းကနေရမဲ့ စွန့်စားမှုလေးတွေကို သဘောကျတယ်
-စိတ်ကို လွတ်လပ်ပေါ့ပါးစေတယ် စသဖြင့် ပြောလေ့ရှိကြပါတယ်။

ဒါ့အပြင် ခရီးသွားရတာကို နှစ်သက်တဲ့ သူတွေမှာ တူညီတဲ့ အချက်လေးတွေအများကြီးရှိပါတယ်။

၀၁.စွန့်စား၊ဆန်းသစ်တီထွင်ချင်တဲ့ စိတ်လေးတွေရှိတယ်။
၀၂.မျှဝေခံစားတတ်တယ်။
၀၃.သင်ယူချင်တဲ့ စိတ်၊ စူးစမ်းလိုတဲ့ စိတ်ထက်သန်တယ်။
၀၄.အပြောင်းအလဲ ကိုကြိုဆိုတယ်။
၀၅.ကိုယ့်ကိုယ်ကိုပို တန်ဖိုးထားတယ်။
၀၆.ကိုယ့်ကိုယ်ကို ကောင်းကောင်းသိတယ်။(ကိုယ်ကြိုက်တဲ့ အရာ၊ မကြိုက်တဲ့ အရာ၊ အားသာချက် ၊ အားနည်းချက်လေးတွေ)
၀၇.ကျေးဇူးသိတတ်ကြတယ်။
၀၈.လေ့လာ အကဲခတ်တတ်သူတွေ ဖြစ်တယ်။
၀၉.မှီခိုလိုစိတ် ကင်းတယ်။
၁၀.အလိုက်သင့်ပြောင်းလဲတတ်၊ မီးစဉ်ကြည့်ကတတ် သူလေးတွေဖြစ်တယ်။

သင်က ခရီးသွားရတာကို နှစ်သက်ရင်တော့ သင့်မှာ ဒီလိုကောင်းတဲ့ အချက်လေးတွေရှိတာကို သတိပြုမိမှာပါ။ Chelmo ပရိသတ်ကြီးထဲမှာရော ခရီးသွားရတာကို နှစ်သက်တဲ့သူတွေရှိလား? အားလုံးပဲ ကိုယ်သွားလိုတဲ့ခရီးကို ပျော်ရွှင်ချမ်းမြေ့စွာသွားနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

#ChelmoTeam
#Life