Night Out ထွက်ပြီးသောက်တာများသွားတဲ့ အခါ နောက်နေ့မနက်မှာ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ မအီမသာ နဲ့ ပျို့အန်ချင်တာမျိုး တွေဖြစ်တတ်ပါတယ်။

ဒါကြောင့် သောက်ပြီးနောက်တစ်နေ့မှာ ခြေကုန်လက်ပန်းကျတာ မျိုးမဖြစ်ဖို့ ပြုလုပ်သင့်တာ လေးတွေကိုပြောပြပေးလိုက်ရပါတယ်။

၀၁. Soakage

မသောက်ခင်မှာ အစားများများ စားထားတာမျိုးပါ။ သာမန်အားဖြင့်တော့ ဒီလိုစားပေးတာက Alcohol ကြောင့် ဖြစ်တဲ့ effect လျော့ကျစေပါတယ်။ ပိုပြီးစားထားလေ၊ hangover ဖြစ်ဖို့ အချိန်ပိုကြာလေပါ။ အထူးသဖြင့် ဒီအချိန်မှာတော့ fatty food တွေကအသင့်တော်ဆုံးပါ။ ဒါကြောင့် မသောက်ခင်မှာ Pizza (သို့) တစ်ခြား fast food တစ်မျိုးမျိုး စားထားပါ။ Healthy Option အတွက်ဆိုရင်တော့ healthy oil and fat ပါဝင်တဲ့ ငါးက အကောင်းဆုံးပါ။

၀၂. Olive "Anointing" Oil

Olive Oil ကလဲ မူးယစ်စေတဲ့ နှုန်းကိုလျှော့ချပေးတဲ့ oil & fat ပါဝင်ပါတယ်။ ခန္ခာကိုယ်တွင်းလှည့်ပတ်နေတဲ့ သွေးတွေကနေ Alcohol စုပ်ယူမှု ပမာဏကို ကန့်သတ်ပေးပါတယ်။

၀၃. Drink Milk

Milk မှာ ခန္ဓ္ဓာကိုယ်ကိုပြန်လည်တက်ကြွစေမဲ့ Vitamin B ပါဝင်ပြီး alcohol ကြောင့် ဆုံးရှုးံသွားတဲ့ လိုအပ်တဲ့ vitamin ဓာတ်အားလုံးကို ပြန်ရစေပါတယ်။

၀၄. Avoid Mixing

Alcohol brands တွေထဲမှာ ပါဝင်ပစ္စည်းတွေက မတူကြပါဘူး။ ဒါ့အပြင် တစ်ချို့ Alcohol brand တွေဖြစ်တဲ့ bourbon, brandy နဲ့ whisky တို့မှာဆိုရင် Congener တစ်မျိုးပါဝင်တာကြောင့် ပိုပြီး ပြင်းထန်တဲ့ hangover ဖြစ်နိုင်ပါတယ်။

၀၅. Water

ရေများများသောက်လေ hangover ဖြစ်ဖို့ နည်းလေပါ။အရက်သောက်များပြီး ရေဓာတ်ခမ်းခြောက်ခြင်း က hangover ဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်ပြီး ခေါင်းကိုက်မူးဝေခြင်း ဖြစ်စေတာပါ။

Hangover မဖြစ်စေမဲ့ နည်းလေးတွေလည်း သိပြီးပြီဆိုတော့ အားလုံးပဲ စိတ်ပေါ့ပါးစွာနဲ့ TGIF နိုင်ကြပါစေနော်။

#ChelmoTeam
#Health