နေ့စဉ်ဘဝမှာ ကျွူန်ုပ်တို့က မကောင်းမှန်းသိသိ နဲ့ မရှောင်ရှားနိုင်ပဲ ပြုလုပ်နေမိတဲ့ အရာတွေများစွာရှိပါတယ်။

ဒီလို အကျင့်ဆိုးတွေက ရေရှည်မှာ ဆိုးဝါးစွာ အကျိုးသက်ရောက်စေတယ်ဆိုတဲ့ အချက်ကိုလည်း လျစ်လျူရှု ထားမိတတ်ကြပါတယ်။ တစ်ချို့ အကျင့်ဆိုးတွေဟာဆိုရင်တော့ နှစ်လကြာမြင့်စွာ စွဲမြဲပြုလုပ်လာတာ ဖြစ်တဲ့ အတွက် ဖျောက်ဖို့ခက်ခဲပါတယ်။ သို့ပေမဲ့လည်း မဖျောက်ဖျက်နိုင်ရင် ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ၊ ခံစားမှုပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းကိုပါ ထိခိုက်လာစေနိုင်တာ မလို့ ရှောင်ရှားသင့်တဲ့ အမူအကျင့်ဆိုးတွေထဲက တစ်ချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

၀၁. စိတ်ဖိစီးမှုကြောင့် အလွန်အကျွံစားခြင်း

စိတ်ညစ်လည်းစား၊ မပျော်လည်းစား၊ စိတ်ဖိအားများလည်းစား၊ ဆိုပီး ခံစားရတာကိုမေ့ဖျောက်ဖို့ တစ်ချိန်လုံးစားကြတာမျိုး တွေရှိပါတယ်။ စားနေတုန်းအချိန်မှာပဲ ခဏတာစိတ်သက်သာရာရစေတာဖြစ်ပြီး ပြီးရင်တော့ ကိုယ်အလေးချိန်တိုးလာတဲ့အပေါ် ကိုယ့်ကိုကိုယ် ဒေါသထွက်ရတာ ကြောင့် ဒီနည်းလမ်းက မလုပ်သင့်ပါဘူး။ ရေရှည်မှာ healthy body ဖြစ်ဖို့ကိုလည်း အထောက်အကူမပြုတဲ့အတွက် ရှောင်ရှားသင့်ပါတယ်။

၀၂.လက်သည်းကိုက်ခြင်း

လက်သည်းကိုက်တဲ့ အလေ့အကျင့်ကလည်း hygienic မဖြစ်ရုံသာမက၊ လူအမြင်မတင့်တယ်စေသလို သွားကြွေလွှာများကိုလဲထိခိုက်ပျက်စီးစေပါတယ်။ ဒါ့အပြင် လက်သည်းမှာရှိတဲ့ ဘက်တီးရီးယားတွေကလည်း ပါးစပ်အတွင်းသို့ ဝင်ရောက်စေပါတယ်။လက်သည်းကိုက်တာဟာ များသောအားဖြင့် စိတ်ပူပန်မှုကိုဖော်ပြတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးလာတဲ့ အခါမှာ လမ်းလျှောက်လိုက်တာတို့၊ သီချင်းနားထောင်လိုက်တာမျိုးတို့လုပ်ပေးလိုက်ပါ။

၀၃.မကောင်းမြင်တတ်သူများနှင့် အချိန်ဖြုန်းခြင်း

ကျွန်ုပ်တို့ အားလုံးသိကြတဲ့ လူတစ်ချို့ပေါ့- ဥပမာ, ကိုယ့်မှာရှိတဲ့ idea တွေ၊ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်၊ရည်ရွယ်ချက်မှန်သမျှကို မကောင်းမြင်၊တစ်ချိန်လုံးအပြစ်ပြောနေတဲ့သူတွေနဲုံ့ပေါင်းသင်းသွားလာနေတာမျိုးကိုလျှော့ပါ။ အဲဒီအစား ကိုယ့်ကို အပြုသဘောဆောင်တဲ့ အြ့ကံဥာဏ်၊ တုံ့ပြန်မှုပေးတဲ့ သူမျိုးတွေနဲ့ အချိန်ပေး သွားလာပါ။

၀၄.ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းက ကျွုန်ုပ်တို့ ခန္ခာကိုယ် အစိတ်အပိုင်းများစွာကို ထိခိုက်ပျက်စီးစေပါတယ်။ US တစ်နိုင်ငံထဲမှာတင် နှစ်စဉ် လူဦးရေ ၅၀၀၀၀၀ ခန့်က ဆေးလိပ်သောက်ခြင်းကနေရလာတဲ့ ရောဂါတွေကြောင့်သေဆုံးကြတယ် လို့လဲသိရပါတယ်။ ဆေးလိပ်မသောက်ဘဲ ဆေးလိပ်ငွေ့ကို ရှုရှိုက်မိရုံနဲ့တင်လည်း ဆေးလိပ်သောက်သူကဲ့သို့ ကျန်းမာရေးပြသနာများစွာ ကိုရင်ဆိုင်ရနိုင်ပါတယ်။

၀၅.အရက်အလွန်အကျွံသောက်ခြင်း

အရက်အလွန်အကျွန်သောက်ခြင်းကလည်း အားလုံးသိပြီးတဲ့ အတိုင်း ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေပါတယ်။Alcohol ကြောင့် ဦးနှောက်ရဲ့ communication pathways ကိုထိခိုက်စေပြီး ရှင်းလင်းစွာတွေးခေါ်နိုင်မှုနဲ့ ဆက်စပ်တွေးခေါ်မှုပိုင်းမှာ လျော့ကျစေပါတယ်။ဒါ့အပြင် နှလုံး၊အသဲ၊ပန်ကရိယ နဲ့ဆိုင်တဲ့ဆက်စပ်ရောဂါတွေ၊ ပါးစပ်ကင်ဆာ၊လည်ချောင်းကင်ဆာ၊ ရင်သားကင်ဆာ စသဖြင့် ကင်ဆာရောဂါများစွာကိုလည်း ဖြစ်စေနိုင်ပါတယ်။

၀၆။အာဟာရမပြည့်ဝတဲ့ အသင့်စား အစားစာများ စားသုံးခြင်း

Junk food တွေစားသုံးတာကလည်း ဦးနှောက်ရဲ့လုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ ချက်ချင်းကြီးဖျက်လိုက်ဖို့ မလွယ်ကူပေမဲ့လည်း အလွယ်ရနိုင်တဲ့ အချိုရည်ဗူးတွေအစား လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေကိုသောက်ပေးတာ ၊ အားလုးချောင်းကြော်အစား အားလူးပြုတ်ထောင်း စားပေးတာ စသဖြင့် ကိုယ်ခန္ခာ အတွက် အာဟာရဖြစ်မဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးပါ။

၀၇။အမြဲနောက်ကျခြင်း

နောက်ကျတာက ကိုယ်နဲ့ချိန်းဆိုထားတဲ့ သူတွေအပေါ်မလေးစားရာကျသလို တစ်နေရာကနေ တစ်နေရာသွားဖို့ အလျင်စလိုဖြစ်နေရတာ၊ အစည်းအဝေးတွေကို အချိန်မှီမရောက်တာမျိုး၊ နောက်ကျတဲ့အတွက် တောင်းပန်နေရတာမျိုးတွေက ဘယ်လိုမှမဖြစ်သင့်တဲ့ အရာမျိုးတွေပါ။

၀၈။ မကောင်းတဲ့အရာတွေပေါ်မှာပဲ အာရုံစိုက်ခြင်း
ကိုယ်မကြိုက်တဲ့ အခြေအနေ တစ်ခုခုဖြစ်လာပြီ ဆိုတာနဲ့ မကောင်းဘက်က စတွေးတာမျိုးမလုပ်ပါနဲ့။့ဖြစ်လာတဲ့ negative situation တိုင်းကနေ ကောင်းတဲ့ အရာ (၃) ခုကိုချရေးတာမျိုးလုပ်ကြည့်ပါ။တစ်ပါတ်လောက် အလေ့အကျင့်လုပ်ပြီးနောက်ပိုင်းမှာ situation တိုင်းအတွက် ကိုယ်ကအကောင်းဘက်ကနေပဲ စပြီးမြင်တတ်သွားတာမျိုး ဖြစ်လာပါလိမ့်မယ်။

နေ့စဉ်ပြုလုပ်မိနေတဲ့ ကိုယ့်အတွက်မကောင်းတဲ့ အမူအကျင့်ဆိုးလေးတွေကို ရှောင်ရှားပြီး ပိုမိုကျန်းမာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

#ChelmoTeam

#Life