စိတ်ဝင်စားဖို့ ကောင်းတဲ့ AB သွေးပိုင်ရှင်လေးတွေ အကြောင်းကိုပြောပြပေးလိုက်ပါတယ်။

AB blood type အများကြီးရှိတဲ့ နိုင်ငံ ? >>> မရှိပါဘူး။
AB သွေးလေးတွေရဲ့ကောင်းတဲ့အချက်  >>> ပင်ကိုဥာဏ်ထက်မြတ်၊ အလိုက်သင့်အလျားသင့် နေထိုင်တတ်၊ မျက်နှာရိပ်မျက်နှာကဲဖတ်တတ်။
AB သွေးလေးတွေရဲ့ဆိုးတဲ့အချက်       >>> ဘွင်းဘွင်းပြောတတ်၊ အနားမှာအမြဲတွယ်ကပ်ခံရတဲ့ relationship ကိုမကြိုက်၊ ငွေကိုချွေတာတတ်။
သင့်လျော်တဲ့ အလုပ်အကိုင်              >>> အလှအပ နဲ့ဆိုင်တဲ့ အလုပ် ၊ artist ၊ announcer ၊၊

AB သွေးလေးတွေရဲ့ထူးခြားတဲ့ စရိုက်လက္ခဏာလေးတွေက...............?

အအိပ်မက်တဲ့သူလေးတွေ၊ စိတ်အေးလက်အေးနဲ့ တစ်နေ့လုံးလည်းအိပ်နိုင်သူလေးတွေပါတဲ့။ သူတို့စိတ်ဝင်စားတဲ့ အကြောင်းလေးတွေပြောရမယ်ဆိုရင် မနားတမ်းပြောတတ်သူလေးတွေပါတဲ့။ အမြဲစိုးရိမ်ပူပန်နေတတ်တယ်။
ကိုယ်တိုင်ထက် သူများအကြောင်းကို စိတ်မဝင်စား၊ မစပ်စုတတ်သူလေးတွေ ဖြစ်ပါတယ်။
ဥာဏ်ကောင်းကြပေမဲ့ ပျင်းတတ်ကြသူလေးတွေပါ။
တစ်ယောက်ထဲ ရှိနေချိန်မှာ စရိုက်လက္ခဏာ တစ်မျိုး၊ တစ်ခြားသူတွေနဲ့ ရှိနေချိန်မှာတော့ အမြဲပျော်ပျော်နေတတ်သူလေးတွေပါ။
အချစ်နဲ့ပတ်သတ်ရင်တော့ အမြဲ လေးလေးနက်နက်ရှိသူလေးတွေပါ။ဲ့။ အမြဲတစ်ပူးပူးတစ်ကပ်ကပ် တွယ်ကပ်ခံရတာမျိုးကိုလဲမကြိုက်ပဲ ခပ်တန်းတန်းနေတဲ့ relationship မျိုးကိုပဲသဘောကျတတ်သူတွေပါ။
Relationship တစ်ခုမှာ သူကစပိုးပန်းနေရတာမျိုးကို မကြိုက်ပဲ နှစ်ဦးနှစ်ဖက် ကြိုးစားအားထုတ်တာမျိုးကိုပဲ လိုချင်ကြသူလေးတွေ၊ ခေါင်းမာတတ်သူလေးတွေပါတဲ့။

AB နဲ့ တစ်ခြားသွေးအမျိုးအစားတွေရဲ့လိုက်ဖက်ညီမှု

AB & A ----------------- AB တွေကပေါက်ပေါက်ရှာရှာ စိတ်ကူးတတ်သူတွေဖြစ်ပေမဲ့ သပ်သပ်ရပ်ရပ်၊သေသပ်စွာနေတတ်တာကို သဘောကျတဲ့ အတွက် အမြဲစနစ်ကျ သေသပ်စွာနေတတ်တဲ့ A သွေးသမားတွေနဲ့ အတွဲညီကြသူတွေဖြစ်ပါတယ်။

AB & B------------------Bသွေးသမားတွေက တွေ့ကရာလူတွေနဲ့ ပရော်ပရည်နေတတ်သူတွေဖြစ်ပြီး AB တွေကတော့ လူတွေအကြောင်းသိပ်လည်းစိတ်ဝင်တစ်စား အရေးတယူမလုပ်တတ်တာကြောင့် လိုက်ဖက်မညီဘူးထင်ရပေမဲ့ သူတို့ နှစ်ယောက်ကလည်း တွဲမယ်ဆိုရင် အဆင်ပြေနိုင်တာတွေအများကြီးပါတဲ့။

AB & O-----------------O သွေးသမားတွေအတွက် AB သွေးတွေက နားလည်ရခက်ပြီး ဆွဲဆောင်မှုရှိကြသူတွေဖြစ်နေပေမဲ့ Oသွေးသမားတွေရဲ့ တန်ဖိုးထားမှု၊ အတွေးတွေ၊ အပြုအမူတွေကို နားမလည်ပေးတတ်ကြတဲ့ အတွက် တွဲမယ်ဆိုရင် မမြဲတတ်ကြပါဘူးတဲ့။

AB & AB----------------AB ချင်းတွဲမယ်ဆိုရင်တော့ တူညီတဲ့ အချက်တွေကြောင့် တစ်ယောက်ကို တစ်ယောက်နားလည်ပေးတတ်ကြတဲ့ အတွက် အဆင်ပြေနိုင်ပါတယ်။

 

#ChelmoTeam

#Life

#bloodtype