ထူးခြားတဲ့ ပင်ကိုစရိုက်လေးတွေရှိတဲ့ B သွေးပိုင်ရှင်လေးတွေအကြောင်းကို ပြောပြပေးထားပါတယ်။

B သွေးအများရှိတဲ့ နိုင်ငံ                            >>> Iran, Pakistan, India။
B သွေးပိုင်ရှင်လေးတွေရဲ့ ကောင်းတဲ့ အချက်   >>> တွက်ဆချင့်ချိန်တဲ့ နေရာမှာတော်၊ သိချင်စိတ်/စူးစမ်းစိတ်ပြင်းပြ၊ ဖိအားတွေကို ခံနိုင်ရည်ရှိ။
B သွေးပိုင်ရှင်လေးတွေရဲ့ မကောင်းတဲ့ အချက် >>> ငြီးငွေ့လွယ်တတ်၊ တစ်ကိုယ်ကောင်းဆန်တတ်၊ အဖွဲ့အသင်းနဲ့ လုပ်ရတာမျိုးမှာ စိတ်မပါတတ်။
သင့်လျော်တဲ့ အလုပ်အကိုင်                        >>> poet, artist, designer, entertainment။

B သွေးလေးတွေရဲ့ ထူးခြားတဲ့ စရိုက်လေးတွေက.............................?

ထက်မြက်ပြီး လူတွေကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်းရှိတယ်။ fancy ကျကျ ဝတ်ဆင်ရတာကို နှစ်သက်တယ်။ လူအများကြားမှာ အမြဲထင်ပေါ်နေရတာကို သဘောကျတယ်။
B သွေးပိုင်ရှင်လေးတွေကို ဒေါသတကြီးပြောဆိုတာမျိုးလုပ်မယ်ဆိုရင် သတိထားသင့်ပါတယ်၊ သူတို့ရဲ့ စိတ်ထဲမှာခံပြင်းလာတဲ့ အခါ ကိုယ့်ကို အလားတူတုန့်ပြန်တတ်ပါတယ်။
Reasons ပေးရတာကို မကြိုက်ပဲ တစ်ခုခုဆို သူတို့ကြိုက်ရင် လုပ်မယ်၊ မကြိုက်ရင်မလုပ်ဘူး ဆိုတဲ့ လူမျိုးလေးတွေပါတဲ့။

B သွေးနဲ့ တစ်ခြားသွေးတွေရဲ့ လိုက်ဖက်ညီမှု

B & A-----------Aသွေးပိုင်ရှင်တွေက တစ်ခုခုဆို serious ဖြစ်တတ်သူတွေဖြစ်ပြီး B ကတော့ free person type ဖြစ်တာကြောင့် ကြာလာရင်ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။

B & B-----------B သွေးချင်းတွဲမယ်ဆိုရင်တော့ ထင်ထားတာထက် အများကြီးစိတ်ဝင်စားဖို့ ကောင်းပြီး ပျော်ဖို့ကောင်းမှာပါ။

B & AB---------AB လေးတွေက အချစ်ရေးမှာအေးစက်စက်နိုင် တတ်ပြီး B သွေးနဲ့ အဆင်မပြေဘူးထင်ရပေမဲ့ သူတို့နှစ်ယောက်အတွက် တစ်ယောက်ကိုတစ်ယောက်ဆွဲဆောင်နိုင်တဲ့ အချက်တွေအများကြီး                      ပါတဲ့။

B & O----------B နဲ့ O သွေးကတော့ လုံးဝ လိုက်ဖက်ညီတဲ့ အတွဲလေးတွေဖြစ်မှာပါ။ တစ်ယောက်ကိုတစ်ယောက်နားလည်ပေးတတ်ပြီး ပျော်ဖို့ကောင်းတဲ့ relationship လေးဖြစ်မှာပါ။

 

#ChelmoTeam

#Bloodtype

#Life