စိတ်ဝင်စားဖို့ကောင်းတဲ့ A သွေးပိုင်ရှင်လေးတို့ အကြောင်းကို ပြောပြပေးလိုက်တယ်နော်။

A သွေးအများရှိတဲ့ နိုင်ငံ                   >>> Norway, Finland, Turkey.

A သွေးလေးတွေရဲ့ ကောင်းတဲ့အချက်  >>> စည်းစနစ်ကျ၊ စေ့စပ်သေချာ၊ အာရုံစူးစိုက်မှုကောင်း၊ ကိစ္ခ္စ္စတိုင်းကို လေးလေးနက်နက်ရှိ။

A သွေးလေးတွေရဲ့ မကောင်းတဲ့အချက် >>> စိတ်လှုပ်ရှားလွယ်တတ်၊အတွေးလွန်တတ်။


A သွေးလေးတွေရဲ့ ထူးခြားတဲ့ အချက်လေးတွေက....................?

A သွေးပိုင်ရှင်လေးတွေက အရမ်းကြင်နာတတ်သူလေးတွေဖြစ်ပြီးတော့ ကိုယ့်အမြင်နဲ့ဆန့်ကျင်နေတဲ့ သူများထင်မြင်ယူုဆချက်တွေကိုလည်း သေချာအလေးပေးနားထောင်တတ်သူလေးတွေပါတဲ့။ လုံ့လဝီရိယ ရှိကြသူလေးတွေပါ။ တစ်ခုခုဆို အရမ်းဆင်ခြင်တွေးတောလွန်းတဲ့ အတွက် အချစ်ရေးနဲ့ အလုပ်ကိစ္ခ္စ္စတွေမှာ အခွင့်အရေးကောင်းတွေဆုံးရှုံးရတာမျိုးဖြစ်တတ်ပါတယ်။ သူတို့ချစ်မိပီဆိုရင်လည်း ရင်ထဲအသည်းထဲကနေ နင့်နေအောင်ချစ်တတ်သူတွေဖြစ်ပြီး အချစ်ခံရတဲ့သူအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လောက်တဲ့ထိပါပဲတဲ့။ သေချာတာကတော့ သူတို့က ခြံခုန်တတ်မယ့် သူမ်ျိုးမဟုတ်ပါဘူးတဲ့။

Aသွေးနဲ့ အခြားသွေးလေးတွေရဲ့လိုက်ဖက်ညီမှု

A & A.................တူညီတဲ့ စရိုက်လက္ခဏာလေးတွေ၊ တန်ဖိုးထားမှုတူညီတာတွေကြောင့် နားလည်မှုရှိကြမဲ့ အတွဲလေးဖြစ်မှာပါ။ ဒါပေမဲ့ သတိရှိရှိစဉ်းစားတတ်ကြသူလေးတွေဖြစ်တဲ့ အတွက် မတွဲရသေးခင်မှာ နှစ်ဦးလုံးဘက်က ရှေ့ဆက်တိုးဖို့ အတွက် လွယ်လွယ်ကူကူတော့ မဖြစ်နိုင်ပါဘူးတဲ့။

A & B.................B သွေးပိုင်ရှင်လေးတွေက လွတ်လပ်ပေါ့ပါးစွာနေတတ်သူတွေဖြစ်ပြီး A သွေးလေးတွေကစည်းစနစ်ကြီးတတ်ကြတာကြောင့် ရေရှည်မှာ အဆင်မပြေတတ်ကြပါဘူးတဲ့။

A & O.................မတူကွဲပြားတဲ့ စရိုက်လက္ခဏာလေးတွေနဲ့ သူတို့နှစ်ယောက်ကလည်း တစ်ယောက်မှာရှိတဲ့ အချက်တွေကို တစ်ယောက်ကသဘောကျချစ်မိတတ်ကြပေမဲ့ တစ်ခါတစ်ရံ စိတ်ပျက်ပြီး သွေးအေးကြပြန်ရောတဲ့။အဲ.....အဲဒီအချက်လေးတွေကို ကျော်လွှားနိုင်ရင်တော့ ရေရှည်မှာလက်တွဲမြဲနိုင်သွားပါပြီတဲ့။

A & AB................AB သွေးလေးတွေကသပ်သပ်ရပ်ရပ်၊သေသပ်စွာနေတတ်တာကို သဘောကျတဲ့ အတွက် အမြဲစနစ်ကျ သေသပ်စွာနေတတ်တဲ့ A သွေးသမားတွေနဲ့ အတွဲညီကြသူတွေဖြစ်ပါတယ်။

 

#ChelmoTeam

#Bloodtype

#Life