Chanel Brand ကိုတည်ထောင်ခဲ့သူ Coco Chanel ရဲ့မှတ်သားဖွယ် စကားတစ်ချို့ကို ပြောပြပေးထားပါတယ်။

★ သူတပါး ထက်တော်ချင်တယ်ဆိုရင်တော့၊ သူတပါးနဲ့မတူညီတဲ့ အလုပ်ကို လုပ်နိုင်ရမှာပေါ့။

★ ကျွန်မရဲ့ဘဝအစက ကံမကောင်းခဲ့ပင်မဲ့၊ ဒါကိုအလေးထားပြီး စဉ်းစားဖို့အချိန်မရှိပါ။

★ မိန်းမဆိုတာ အသက် ၄၀ ကျော်မှ ဘဝက စိတ်ဝင်စားစရာကောင်းလာပါလိမ့်မယ်။

★ ဘဝအတွက် မိမိကိုယ်တိုင် ရဲရဲဝံ့ဝံ့စဉ်းစားဆုံးဖြတ်ခြင်းသာလျှင် သတ္တိရှိတယ်လို့ ထင်ပါတယ်။

★ အသက်၂၀ရောက်ရင် မြင်ရမဲ့မျက်နှာကတော့ ဘုရားပေးသော မျက်နှာ၊ အသက် ၅၀ရောက်ရင်တော့ မြင်ရမဲ့မျက်နှာကတော့ ကြိုးစားမှုအပေါ် မူတည်ပါတယ်။

 Coco Chanel

(Chanel Brand ကို တည်ထောင်ခဲ့သူ၊ ပြင်သစ်နိုင်ငံ)

 

#Chelmo Team
#Life
#Knowledge