ဓာတ်ပုံရိုက်ရာမှာ sexy ကျကျဆွဲဆောင်မှုရှိစေဖို့အတွက် လိုက်နာသင့်တဲ့ နည်းလမ်းကောင်းလေးတွေကိုပြောပြပေးလိုက်ပါတယ်။

၀၁. sexy ကျဖို့အတွက် ဝတ်လစ်စားလစ်၊ဟိုဖော်ဒီဖော် ဖို့ မလိုပါဘူး။

အများစုမှားယွင်းစွာလက်ခံထားသလို sexy ကျဖို့အတွက် အဖော်အချွတ်ပုံရိုက်မှ မဟုတ်ပါဘူး။ အဖော်အချွတ်ပုံတွေက အစပိုင်းမှာတော့ ကိုယ်လိုချင်တဲ့ သက်ရောက်မှု၊လူကြည့်များမှုရနိုင်ပေမဲ့ နောက်ပိုင်းမှာ ညှို့ဓာတ်ကောင်းမှုလျော့နည်းသွားတာကြောင့် ပရိသတ်ရင်ထဲမှာဘာမှကျန်ခဲ့မှာ မဟုတ်ပါဘူး။

၀၂. အင်တာနက်ပေါ်မှာ ဓာတ်ပုံရိုက်ဖို့အတွက် idea ကောင်းလေးတွေရှာဖွေပါ။

ဒါက professionals တွေတော်တော်များများလည်းလုပ်လေ့ရှိတဲ့ အလေ့အထ တစ်ခုပါ။ ဓာတ်ပုံရိုက်ဖို့ ပို့စ် မပေးခင် ဘယ်လိုပို့စ်ပေးမယ်၊ ဘယ်လိုလျှပ်တစ်ပြတ် ဓာတ်ပုံလေးတွေရိုက်မယ်ဆိုတ်ာမျိုးတွေကို ကြိုတင်ပြင်ဆင်လေ့ကျင့်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်နေဟန်ထားကို ဘယ်လိုဆွဲဆောင်မှုရှိအောင်ရိုက်လို့ရမလဲ ဆိုတဲ့ သစ်ဆန်းတဲ့ အကြံဥာဏ်ကောင်းလေးတွေပါရလာမှာ ဖြစ်ပါတယ်။

၀၃. ကိုယ်နဲ့ အကိုက်ညီဆုံးဖြစ်စေမဲ့ အမြင်၊ ရှုထောင့် ရသည်အထိ မှန်ရှေ့မှာ အစမ်းလေ့ကျင့်ပါ။

ကိုယ်ပို့စ်ပေးမယ့် ပုံအမျိုးမျိုးကို ရွေးချယ်ပြီးသွားရင်တော့ လက်တွေ့ မှန်ရှေ့မှာ လေ့ကျင့်တာ၊ selfie အစမ်းရိုက်ကြည့်တာမျိုးလုပ်ကြည့်ပါ။ ကိုယ်နဲ့အကိုက်ညီဆုံး၊ အလိုက်ဖက်ဆုံး ပုံစံရသည့်တိုင်အောင် အကြိမ်ကြိမ် ပိုစ့်ပေးပြီး အစမ်းလေ့ကျင့် /ရိုက်တာမျိုးလုပ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်နဲ့ သင့်တော်၊ အလိုက်ဖက်ဆုံး sexy pose ကိုရွေးချယ်ရိုက်နိုင်မှာပဲဖြစ်ပါတယ်။

၀၄. မတူကွဲပြားတဲ့ မျက်နှာအမူအရာ အမျိုးမျိုးလုပ်ကြည့်ပါ။

ရှုံ့တွတွမျက်နှာတို့၊ နှုတ်ခမ်းစူတာတို့က ထင်သလောက်အလုပ်မဖြစ်ပါဘူး။ အချိုးမကျတဲ့မျက်နှာထား၊ ကသိကအောက်ဖြစ်စေတဲ့ မျက်နှာအမူအရာတွေက မြင်ရသူကို အနှောင့်အယှက်သွားစေရုံသာမက sexy ဓာတ်ပုံတစ်ပုံရဲ့ စွဲဆောင်နိုင်စွမ်းရှိမှုကို ပျက်ပြယ်သွားစေနိုင်ပါတယ်။ ဒါပေမဲ့ မျက်နှာအမူအရာတစ်ခုထဲအပေါ်မှာပဲ အလွန်အကျွံအာရုံမစူးစိုက်မိပါစေနဲ့။ ကိုယ့်ရဲ့ sexy character နဲ့ကိုက်ညီစေမဲ့ မျက်နှာအမူအရာကို ရွေးချယ်ပါ။

၀၅. နောက်ထပ်အရေးကြီးတာတစ်ခုက Lighting ပါ။

ကောင်းမွန်တဲ့ အလင်းရောင်ကသာလျှင် သင့်ရဲ့ အကောင်းဆုံး အသားအရေနဲ့ မျက်နှာပေါက်ပုံကိုအသားပေးနိုင်မှာ ဖြစ်ပါတယ်။ သဘာဝအလင်းရောင် (natural lighting) ကတော့ သင့်အသားအရေနဲ့ လိုက်ဖက်စွာ ခပ်မှိန်မှိန်လေးနဲ့လင်းလက်စေမှာဖြစ်ပါတယ်။ ကင်မရာ (သို့) smart phone ရဲ့ artificial lighting တွေကို အသုံးပြုတာတွေကလည်း အလုပ်ဖြစ်ပေမဲ့ အကောင်းဆုံးရလဒ်ကို လိုချင်ရင်တော့ ပြတင်းပေါက်ကလာတဲ့ natural lighting ကိုပဲသုံးပေးပါ။

၀၆. စမတ်ကျကျ ဝတ်ဆင်ပါ။

အထက်မှာပြောခဲ့ သလိုပဲ sexy ကျဖို့အတွက် ဝတ်လစ်စားလစ်ဖြစ်ဖို့မလိုပါဘူး။ ကိုယ့်ရဲ့ ကိုယ်ခန္ဓာနဲ့ ကိုက်ညီ၊ အလိုက်ဖက်ဆုံးဖြစ်မဲ့ အဝတ်အစားကိုသေချာစွာရွေးချယ်ဝတ်ဆင်တတ်ဖို့လည်း လိုအပ်ပါတယ်။ ပုခုံးကနေ လျှောကျနေတဲ့ ခပ်ကြီးကြီး oversized shirt ကနေ သင့်ရဲ့ရင်သားတွေကို ပွေ့ပိုက်ထားသလိုဖြစ်နေစေမဲ့ ညနေခင်းပွဲတက်ဝတ်စုံက အစ သင့်ရဲ့ဝတ်စုံရွေးချယ်မှုက sexy photo အတွက် စေ့ဆော်ပေးနိုင်တဲ့ ဝတ်စုံမျိုးတော့ဖြစ်နေပါစေ။

#ChelmoTeam

#Life