လူ နဲ့ တိရစ္ဆာန် အတူရှိနေစဉ်မှာ လျှပ်တစ်ပျက်ရိုက်ကူးမိလိုက်တဲ့ ပုံလေးတွေက ထူးဆန်းတဲ့ အမှတ်တရပုံလေးတွေအဖြစ် ထင်ကျန်ခဲ့စေတဲ့ ပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

၀၁. ထူးဆန်းတဲ့ လူသားတစ်ယောက်အသွင်

အိမ်မှာတစ်ခါတစ်ရံ မထင်မှတ်ပဲရိုက်လိုက်မိတဲ့ ပုံလေးတွေက အပြောင်မြောက်ဆုံးပုံလေးဖြစ်သွားတတ်ပါတယ်။ အချက်အပြုတ်တွေနဲ့ အလုပ်များနေတဲ့ အမျိုးသမီးတစ်ယောက်က သူမရဲ့အိမ်မွေးခွေးလေးနဲ့ ရှိနေစဉ် လျှပ်တစ်ပြတ်ရိုက်လိုက်တဲ့ ပုံလေးက ထူးဆန်းတဲ့ လူသားတစ်ယောက် မီးဖိုချောင် ဝင်နေသကဲ့သို့ဖြစ်သွားပါတယ်။

 

၀၂. ကြက်တူရွေးလူသား

အနီးကပ်ရိုက်ထားတဲ့ selfie ပုံလေးမှာ ကြက်တူရွေးလေးနဲ့ လူတို့က မျက်လုံးတစ်လုံးဆီနဲ့ အတူမျက်နှာတစ်ပိုင်းဆီပိုင်ဆိုင်ထားတဲ့ အလား ဖြစ်နေပါတယ်။ ဒါ့အပြင် မျက်လုံးအရောင်ကလည်းတူနေကြတာကိုတွေ့ရမှာပါ။

 

၀၃. မျက်နှာဖုံးနှင့် အမျိုးသမီး

လိပ်ပြာတစ်ကောင်နောက်မှာ မျက်နှာအနေအထားကိုက်ညီစွာရှိနေစဉ် ရိုက်ကူးထားတဲ့ ဒီပုံလေးက ပြဇာတ်ပွဲတစ်ခုသွားတော့မယ့် မျက်နှာဖုံးနဲ့ အမျိုးသမီးတစ်ယောက်အသွင်ပါ.ဒါ့အပြင် လိပ်ပြာပေါ်က အမည်းစက် ၂ စက်ကိုသေချာစွာ ကြည့်မိရင်တော့ မျက်လုံးသူငယ်အိမ်လေးတွေနဲ့ တူနေတာကိုတွေ့ရမှာပါ။

 

၀၄. လူကိုယ်နှင့်ခွေးမျက်နှာ

အမျိုးသမီးတစ်ယောက်က သူမရဲ့ ခွေးလေးနဲ့ အတူ ငါးမြှားနေတာပါ။ ဒါပေမဲ့ ပုံထဲမှာတော့ လူကိုယ်နဲ့ ခွေးမျက်နှာရှိတဲ့ လူသားက ငါးမြှားနေသကဲ့ သို့ပါ။ ဒါ့အပြင် အမျိုးသမီးရဲ့ ဆံပင်အရောင်နဲ့ ခွေးရဲ့ အမွေးအမျှင်အရောင်ကလည်း ထပ်တူကျလို့နေပါတယ်။

 

၀၅. မြင်းခြေထောက်နဲ့ သတို့သမီး

မြင်းစီးသွားတဲ့ သတို့သမီးအသစ်စက်စက်လေးကို ရိုက်တဲ့ ဓာတ်ပုံလေးက ဒီလိုအထူးတဆန်းပုံလေးဖြစ်သွားမယ် လို့ ဘယ်သူထင်မှာလဲနော်။

 

၀၇. ငါးရှာဖွေခြင်း 

ငါးလိုက်ဖမ်းနေတဲ့ အလား ငါးရဲ့မျက်နှာ လေးနဲ့ လူခေါင်းကိုကွယ်သွားတဲ့ ပုံလေးက တမျိုးလေးနဲ့ ကြည့်ရထူးဆန်းနေပါတယ်။

 

#ChelmoTeam

#Lifree