သင်ပထမဆုံးမြင်တဲ့ အကောင်လေးကနေ သင်ဘယ်လိုလူလဲဆိုတာ သိနိုင်ပါတယ်။

၀၁. ကြက်ဖ

သင်က ကြက်ဖကို အရင်ဆုံးမြင်ရင်တော့ အလွန်သွက်လက်ထက်မြတ်ပြီးတော့ smart ကျတဲ့သူပါ။ သင့်ရဲ့နောက်ထပ် အရည်အချင်းတစ်ခုကတော့ စိတ်ဓာတ်ကြံ့ခိုင်တာပဲဖြစ်ပါတယ်။ သင်က အနွံတာခံတတ်သူတစ်ဦးဖြစ်ပြီးပေမဲ့ လိုအပ်လာရင်တော့ သင့်ရဲ့ရန်သူတွေအပေါ်မှာ ရက်စက်ပြီး အန္တရာယ်ရှိစေတတ်သူဖြစ်ပါတယ်။

 

၀၂. ခွေး

ခွေးတွေဆိုတာက လူတွေရဲ့အရင်းနှီးဆုံးသော သူငယ်ချင်းကောင်းတစ်ယောက်မလား? သင်ကခွေးကို အရင်ဆုံးမြင်တယ်ဆိုရင် သင့်ဘဝမှာ အရေးပါတယ်လို့ သင်ခံယူထားတဲ့သူတွေအပေါ်မှာ ကာကွယ်ပေးလိုတယ်၊ သစ္စာရှိပြီး ဂရုစိုက်တတ်၊ ချစ်တတ်ကြသူတွေပါ။ ဒါပေမဲ့ သင့်ကို အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုတွေခံစားစေတတ်တဲ့ သူတွေအတွက်တော့ သင်က ရက်စက်တတ်သူတစ်ယောက်ဖြစ်ပါတယ်။

 

၀၃.ဝံပုလွေ

ဝံပုလွေတွေကတော့ အုပ်စုဖွဲ့နေတဲ့ နေရာမှာ ကျော်ကြားသလိုပဲ သင်က အလွန်တော်တဲ့ အသင်းအဖွဲ့နဲ့နေတတ်သူတစ်ဦးဖြစ်ပြီး ညှိနှိုင်းလုပ်ဆောင်မှုရဲ့ အရေးပါမှုကို သိနားလည်သူတစ်ဦးဖြစ်ပါတယ်တဲ့။ ဒါပေမဲ့ ဝံပုလွေတွေက ရက်စက်တတ်တယ်၊ အန္တရာယ်ရှိတတ်သူ လည်းဖြစ်သလို တစ်ယောက်ထဲ ခရီးသွားရမှာကို လည်းကြောက်ရွံ့တတ်တဲ့အကောင်တွေမဟုတ်ပါဘူး။ ဆိုလိုတာကတော့ သင်က အသင်းအဖွဲ့အုပ်စုနဲ့သွားနေပေမဲ့ သင်က လူအုပ်ထဲကနေ ဘယ်လို ထင်ပေါ်အောင်လုပ်ရမလဲ ဆိုတာသိသူတစ်ဦး ဖြစ်ပါတယ်။

 

၀၄.ဂဏန်း

သင်က ဂဏန်းကို အရင်ဆုံးမြင်တယ်ဆိုရင်တော့ အပြင်ပန်းမှာ မာကျောခက်ထန်သယောင်ထင်ရပေမဲ့ အတွင်းစိတ်နူးညံ့သူတွေဖြစ်ပြီး သစ္စာရှိတတ်သူတွေလည်းဖြစ်ပါတယ်။ သင်ချစ်တဲ့သူတွေအတွက် အမြဲတမ်းတာဝန်ရှိတယ်လို့ ခံယူထားသူတွေဖြစ်ပြီး သူတို့လိုအပ်တဲ့ အချိန်တိုင်း ဘေးမှာအမြဲရှိနေတတ်သူတွေဖြစ်ပါတယ်။

 

၀၅. မြင်း

သင်အရင်မြင်တာက မြင်းဆိုရင်တော့ သင်က တွန်းတွန်းထိုးထိုးလုပ်တတ်သူ၊ လွတ်လပ်ပြီး အရိုင်းဆန်စွာ နေတတ်သူများဖြစ်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့ သေသေချာချာ အာရုံစူးစိုက်ပြီး ပြတ်သားတတ်သူတစ်ဦးဖြစ်ပါတယ်။ ယှဉ်ပြိုင်တိုက်ခိုက်ရတာကိုကြိုက်နှစ်သက်သူမဟုတ်ပေမဲ့ လိုအပ်လာရင်တော့ ကမ္ဘာကြီးကိုတောင် သိမ်းပိုက်ဖို့အဆင်သင့်ဖြစ်နေတတ်တဲ့ သူမျိုးပါတဲ့။

 

၀၆. လိပ်ပြာ

လိပ်ပြာဆိုတာကတော့ လှပမှု၊ ပြောင်းလဲမှု၊ မျှော်လင့်ခြင်းနဲ့ ဘဝ တို့ရဲ့သင်္ကေတပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင့်ဘဝရဲ့ အဆိုးဝါးဆုံးအခြေအနေ တွေမှာတောင် မျှော်လင့်ချက်ကို မစွန့်
လွှတ်တတ်သူဖြစ်ပါတယ်။ပိုးတုံးလုံးဘဝကနေ အလွန်လှပပြီး အရောင်အသွေးစုံလင်တဲ့ လိပ်ပြာလေးတစ်ကောင် အဖြစ်အသွင်ပြောင်းသွားသလိုပဲပေါ့။ သင်က အခြေအနေအရ သင့်ကိုသင် အလိုက်သင့်ပြုမူနေထိုင်တတ်သူဖြစ်ပြီး ဘဝမှာ ကောင်းမွန်တဲ့ အရာတွေဖြစ်လာဖို့အတွက် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။

 

၀၇. လင်းယုန်ငှက်

လင်းယုန်ငှက် ကို အရင်မြင်တဲ့သူတွေက လွတ်လပ်မှုကို နှစ်သက်မြတ်နိုးကြပြီး အာရုံစူးစိုက်မှုအားကောင်းသူ၊ လျင်မြန်သွက်လက်ပြီး ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချတတ်သူတွေပါ။ တစ်ခုခုကို ရယူကြိုးစားဖို့ ဆုံးဖြတ်ချက်ချပြီးဆိုရင်တော့ သူတို့ကို ဘယ်အရာကမှ မတားဆီးနိုင်တော့ပါဘူးတဲ့။ လင်းယုန်ငှက်တို့ရဲ့သဘာဝက အလွန်မြင့်မားစွာပျံတတ်ကြသလို သင့်ကိုယ်သင်အတွက် ဘဝမှာမြင့်မားတဲ့ စံသတ်မှတ်ချက်တွေထားရှိတတ်ကြပြီး သူတို့ကို ယှဉ်ပြိုင်ဖို့ မလွယ်ကူတတ်ကြပါဘူး။

 

၀၈.ရှိခိုးကောင်၊ ဓားခုတ်ကောင်

ရှိခိုးကောင်ကို အရင်မြင်ရင်တော့ တိတ်ဆိတ်ငြိမ်သက်ခြင်းက သင့်ရဲ့ပြယုဒ်တစ်ခုဖြစ်ပြီးတော့ သင့်ကိုသင်ဘယ်လို ထိန်းချုပ်ရမယ်ဆိုတာကောင်းကောင်းသိသူတစ်ဦးဖြစ်ပါတယ်။ ရှိခိုးကောင်ရဲ့ သဘာဝက နာရီပေါင်းများစွာ ငြိမ်သက်နေတတ်သူတစ်ဦးဖြစ်ပြီးတော့ သူ့ရဲ့သားကောင်ကို သတိမပေးဘဲတိုက်ခိုက်တတ်သူဖြစ်ပါတယ်။ သင်က ဇွဲကောင်းထက်သန်လှသလို ကိစ္စအများစုမှာ သင်လိုချင်တာကို ရအောင်ယူနိုင်တဲ့အထိ တိုက်ပွဲစိတ်ဓာတ်ပြင်းထန်လှသူတွေဖြစ်ပါတယ်။

 

#ChelmoTeam

#Life