Crush လေးက အမြဲအချေခံရလို့ စိတ်ညစ်နေပီမလား? ဘာလို့ ကိုယ့်အပေါ်မှာ ချေချေစိန် ဖြစ်နေလဲ၊ ဘာတွေများမှား နေပီလဲလို့ စဉ်းစားရင်း ခေါင်းခြောက်နေပီဟုတ် ။

ဒါဆိုရင်....့ အခု Chelmo က ပြောပြပေးမဲ့ Crush လေးနားမှာ မလုပ်သင့်တဲ့အမှားတွေထဲက ဘယ်နှစ်ခုလောက်များလုပ်နေမိလို့လဲ ဆိုတာ ပြန်ဆန်းစစ်ကြည့်လိုက်တော့နော်။

၀၁. ကိုယ်က crush နေပီဆိုတာကို ချက်ချင်း ပေးမသိပါနဲ့။

ကိုယ်က တစ်ယောက်ယောက်ကို ကြိုက်နေပီ၊ ဒါပေမဲ့ သူ့ဆီက တူညီတဲ့ တုံ့ပြန်မှုမျိုး မရနိုင်သေးဘူးဆိုတာ သိရက်နဲ့ ကိုယ့်ဘက်က အသဲအသန် ဖြစ်ပြလို့ ဘယ်ဖြစ်မလဲနော်။ အဲလိုဆို သူတို့ အတ္တ ပိုပီးကြီးလာစေမှာဖြစ်ပီး ကိုယ့်ကို အလေးမမှုတော့ပါဘူး။ ဂရုစိုက်မှာလဲ မဟုတ်တော့ပါဘူး။

၀၂. အရမ်း မလွယ်စေနဲ့။

"မင်းလေးနားပဲ တစ်ဝဲလည်လည်" ဆိုသလို Crush နားပဲ အမြဲတစ်ဝဲလည်လည်နဲ့ သူပြောသမျှ လုပ်ပေးဖို့ အဆင်သင့်ရှိနေတာမျိုးမဖြစ်ပါစေနဲ့။ ကိုယ်က သူလိုအပ်ချိန်တိုင်း ရှိနေတာမျိုးထက် ပဟေဋ္ဌိဆန်ဆန် မထိတထိ စတာမျိုးလေး ရိသဲ့သဲ့ လုပ်တာမျိုးလေး တွေက crush ဆီက attention ရဖို့ ပိုသေချာပါတယ်။

၀၃. နောက်က အမြဲလိုက်ချောင်းမြောင်း နေတာမျိုး မလုပ်ပါနဲ့။

Crush နောက်က အမြဲလျှောက်လိုက်နေတာမျိုး၊ သူ့နေ့စဉ်လုပ်သမျှကို လိုက်ချောင်းနေတာမျိုးက crush ကိုဆွဲဆောင် သိမ်းသွင်းသယောင် ထင်ရပေမဲ့ မလုပ်သင့်ပါဘူးနော်။ အခန့်မသင့်ရင် ကိုယ့်ကိုစိတ်ခုသွားပြီး မီးနီပြသွားနိုင်ပါတယ်။

၀၄. Crush ကိုပဲ အမြဲစိုက်ကြည့်နေတာမျိုး မလုပ်ပါနဲ့။

သူ့ကို တစ်ချိန်လုံးကိုယ်က ကြည့်နေတာမျိုးမဟုတ်ပဲ သူနဲ့ မျက်လုံးချင်းဆုံတဲ့ အခါ သူကပဲစကြည့်သယောင်၊ သူကပဲ စိတ်ဝင်စားနေသယောင်လေး ဖြစ်အောင် ပြုမူလိုက်ပါ။

၀၅. Crush နားမှာ အလဟဿ အချိန်ဖြုန်းတာမျိုး မလုပ်ပါနဲ့။

သူကိုယ့်အနားမှာ ရှိနေရင် သူ့ကိုပဲ အငမ်းမရ ဖြစ်နေပီး တစ်ခြားဘာမှ လုပ်စရာမရှိ အချိန်ဖြုန်းနေတာမျိုးထက်ကိုယ်လုပ်စရာရှိတာေးတွေကို ဣဒြေမပျက် လုပ်နေတာမျိုးလေးက သင့်ကိုပိုပီး ဆွဲဆောင်မှုရှိစေမှာပါ။

ကိုယ်ချစ်ရတဲ့ Crush လေးနဲ့ အမြန်ဆုံး အဆင်ပြေကြပါစေ။နောက်တစ်ခေါက်မှာ Crush ကို ဘယ်လိုပိုးရမယ် ဆိုတာကို ပြောပြပေးမယ်နော်။

#ChelmoTeam