ကိုယ့်ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်မဲ့သူ၊ ကိုယ့်ကိုသစ္စ္စာဖောက်ပြီး ခြံခုန်မဲ့သူမျိုးကိုမှ အချစ်တွေပုံအောပြီး ချစ်မိမှာမျိုးကို မိန်းကလေးတိုင်း အကြောက်ဆုံးပါ။

ကံမကောင်းအကြောင်းမလှလို့ ဒီအဖြစ်မျိုးကြုံခဲ့ ရရင်တောင် ကြီးကြီးမားမား ထိခိုက်ခံစားရတာမျိုးမဖြစ်ရလေအောင် မိန်းကလေးတိုင်းအတွက် အကြံညဏ်တစ်ချို့ကို ပြောပြပေးလိုက်ရပါတယ်။

၀၁. မျက်စိမှိတ်ယုံတာမျိုး မလုပ်ပါနဲ့။

ချစ်နေတဲ့အချိန်မျိုးမှာ တစ်ကယ့်လက်တွေ့ဘဝ (reality)နဲ့ ကင်းကွာသွားတတ်ပါတယ်။ သူနဲ့ကိုယ့်ရဲ့ အရာရာတိုင်း ကလှပနေသလို ကိုယ့်ချစ်သူကလဲ ကိုယ့်ရဲ့မင်းသားလေးပဲပေါ့။ ဒီအချိန်မှာပဲ မိန်းကလေးအများစုက ကိုယ့်ရဲ့ဘဝလက်တွဲဖော် အဖြစ်နဲ့ တစ်ဘဝလုံးစာ ယုံကြည်မှုတွေပုံအောပေးလိုက်ကြပါတယ်။ " သူငါ့ကို ဒီလောက်ချစ်တာ ငါ့အပေါ်မှာဒီလိုတော့လုပ်မှာမဟုတ်ဘူး၊ ဟိုလိုတော့ ရက်စက်မှာမဟုတ်ဘူး " ဆိုတဲ့မျှော်လင့်ချက်(expectation)တွေ တစ်ပုံတစ်ပင်နဲ့ပေါ့။ ယုံကြည်ပါ။ သို့ပေမဲ့ ဘဝအတွက်ကြီးကြီးမားမား အရာတွေနဲ့ပတ်သတ်ပြီး ယုံဖို့ဆိုရင်တော့ သူ့ရဲ့အားနည်းချက် အပြစ်အနာအဆာတွေကို မြင်ပြီး လက်ခံနိုင်တယ်ဆိုတဲ့ အတိုင်းအတာထိ အချိန်ယူပါ။

၀၂. သူကိုယ့်ကိုလေးစားမှုပေးတဲ့ အတိုင်းအတာလောက်ထိပဲ သူ့ကို ယုံကြည်ပါ။ (The More He Respects You, The More You Can Trust Him)

"မင်းဘာလို့ မယုံကြည်ရတာလဲ? မင်းကိုယ့်ကို မချစ်လို့လား ? ကိုယ့်ကိုမယုံကြည်တာဟာ မင်းကိုယ့်ကို မချစ်လို့ပေါ့။ " ဆိုတဲ့ စကားတွေနဲ့ တစ်ချို့အမျိုးသားတွေကမင်းသူ့ကို ယုံကြည်ဖို့ အတွက် ကြိုးကိုင်ပါလိမ့်မယ်။ ကိုယ်ချစ်တဲ့သူကို ယုံကြည်ရမယ် ဆိုတဲ့ စကားက ထိုက်သင့်သလောက်မှန်ပေမဲ့ ချစ်တာနဲ့ မျက်စိမှိတ်ယုံတာက မတူပါဘူး။ ယုံကြည်ဖို့အတွက် လက်သင့်ခံနိုင်တဲ့ အခြေအနေ၊ အနေအထား တစ်ခုလိုအပ်ပါတယ်။

၀၃. လုံးဝယုံကြည်လိုက်ပီ ဆိုရင်တော့ ဖြစ်လာမဲ့ risks တွေကို လက်ခံနိုင်ရပါမယ်။

အချစ်ဆိုတာ စွန့်စားခန်းတစ်ခုပါပဲ။ ကိုယ်ကဘယ်လောက်ပဲ ဂရုတစ်စိုက်ရှိနေပါစေ၊ ဆိုးဝါးတဲ့ အဖြစ်အပျက်တွေကြုံလာရတာမျိုး ဖြစ်နိုင်ပါတယ်။ ပိုချစ်လေ၊ပိုနာကြင်ရလေ ပါ။ ဖြစ်လာတဲ့ အဆိုးတွေအားလုံးအတွက် ကိုယ်ဖြေရှင်းနိုင်တယ်ဆိုတာကို ယုံကြည်ပါ။ နာကြင်ခံစားရရင်လဲ ချုပ်တည်းနေမဲ့ အစား ခံစားလိုက်ပါ။ ကိုယ့်ရဲ့စိတ်ဓာတ်ကြံ့ခံနိုင်မှုကို ယုံကြည်တာက မနက်ဖြန်မှာ ရှေ့ဆက်ဖို့အတွက်ခွန်အားတွေ ရစေမှာပါ။

#ChelmoTeam
#Love