စကားသွားပြောတာပဲ ၊ ဘာခက်တာမှတ်လို့ လို့တွေးနေရင်တော့ မှားမယ်နော်။

ကိုယ်ချစ်မိပီဆိုထဲက ပိုင်ဆိုင်ချင်တာ သဘာဝပါ။ အချစ်ဆိုတာ ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့စွန့်စားရဲမှ ရမှာပါ။ စွန့်စားတယ်ဆိုတဲ့ နေရာမှာလဲ နည်းလေးတွေ ရှိတယ်နော်။ နည်းလမ်းကောင်းလေးတွေကို သိပြီး အဲဒီအတိုင်းလေးလိုက်နာမယ် ဆိုရင် ချစ်ရတဲ့ သူလေးကို ပိုင်ဆိုင်ဖို့ အခွင့်အရေး (chances) တွေအများ ကြီးရှိလာမှာပါ။

နည်းလမ်းကောင်းလေးတွေကို မသိလို့ စိတ်မကောင်းမဖြစ်ပါနဲ့။ Chelmo ပရိသတ်ကြီးကို တစ်ဆင့်ပြီးတစ်ဆင့် ပြောပြပေးသွားမှာပါ။ ဒီတစ်ခေါက်တော့ "ဘယ်လိုစကားစမြည်ပြောမလဲ" ဆိုတာလေးနဲ့ စလိုက်ရအောင်။

စကားစမြည်ပြောဖို့ အတွက် Texting စာပို့တာလေး ကအကောင်းဆုံးပါ။ Facebook messenger ကနေပြောမလား? Phone messenger ကနေပို့မလား ?

၀၁. စာတစ်ကြောင်းပဲ စပို့မယ်။

ကိုယ်က အခုမှစ စာပို့မယ် ဆိုရင် ရိုးရှင်းတဲ့ စာလေးတစ်ကြောင်းပဲ စပို့ပါ။ (ဒါပေမဲ့ သူ reply(စာပြန်)ပြန်ပို့ကိုပို့ရမဲ့ စာမျိုးတော့ဖြစ်ရမယ်) ။ ဒီနေရာမှာ "ထမင်းစားပြီးပြီလား?" "ဘာလုပ်နေလဲ?" ဆိုတဲ့ စာမျိုးတွေကတော့ လုံးဝ No ပါ၊ မပို့ပါနဲ့။ ဘယ်လိုစာမျိုးပို့သင့်လဲဆိုတော့.........
၁)"တို့ မင်းကို ..............မှာတွေ့လိုက်သလား လို့ " ဆိုတာမျိုးလေးပေါ့။ မတွေ့ပဲ တွေ့လိုက်သလားမေးတာဆို တော့ အဖြေကို ကြိုသိပီးသားပေါ့။ အဓိကက သူစာပြန်ဖို့ပဲလေနော်။
၂)Crush ကကျောင်းတက်နေတဲ့ ကိုယ့်သူငယ်ချင်းထဲက ပဲဆိုရင် " Assignment ပြီးသွားပြီလား၊ ဒီမှာ မစရသေးလို့ " စသဖြင့် အဓိပ္ပါယ် ရှိမယ့်စာမျိုးလေးတွေပို့ပါ။

၀၂. facebook က ဟာသ post လေးတွေကို messenger ကနေပို့မယ်။

ရယ်စရာ စာတို post လေးတွေတွေ့လို့ crush ပြုံးရယ်ရအောင်ပို့ပေးမယ် ဆိုရင် ကိုယ့်စိတ်ထဲမှာ သူရှိနေတယ် ဆိုတာရိပ်မိပါလိမ့်မယ်။ အရေးကြီးတာက တစ်ချိန်လုံးတွေ့သမျှ ဟာသ post တွေ ပို့တာမျိုးတော့မလုပ်ပါနဲ့။ အားလုံးထဲကမှ အကောင်းဆုံးဖြစ်မယ်ထင်တာလေးကို ရွေးပို့ပါ။

၀၃. ညသန်းခေါင်ယံ အချိန်မှာ စာပို့တာမျိုးမလုပ်ပါနဲ့။

အမြဲတမ်း စာပို့၊ သန်းခေါင်ယံလည်း ပို့ ဆိုတာမျိုးက ကိုယ့်ကို အထင်မြင်သေးသွားစေနိုင် သလို သူ့အတွက် အနှောက်ယှက်ဖြစ်စေပြီး ကိုယ်က မလေးစားရာကျပါလိမ့်မယ်။

၀၄. နှစ်ယောက်လုံး စိတ်ဝင်စားတာလေးတွေကို ပြောကြမယ်။

သူရော၊ ကိုယ်ရော စိတ်ဝင်စားတဲ့ ဇာတ်လမ်းတွဲ (သို့) အားကစား (သို့) ...... အကြောင်းလေးတွေပြောတာကလဲ နှစ်ဦးကြားရင်းနှီးမှု ပိုတိုးစေမှာပါ။

၀၅. ကိုယ်ဖြစ်ချင်တာကို စိတ်ထဲမှာ အမြဲရှိပါစေ။

ဒီနေရာမှာပြောချင်တာက ကိုယ့်ရဲ့ ရည်ရွယ်ချက်က ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်လုံး သူနဲ့စကားပြောဖို့မဟုတ်ဘူးလေ၊ သူနဲ့ Date ရဖို့မဟုတ်လား? ဒါကြောင့် ကိုယ့်ဘက်က အခွင့်သာတဲ့ အချိန်မျိုးမှာ နှစ်ယောက်အပြင်မှာတွေ့ဖို့ တောင်းဆိုကြည့်ပါ။

ဒီအချက်လေးတွေက Crush နဲ့ ကိုယ်နဲ့ ကြားမှာ ဆက်ဆံရေးပိုကောင်းစေဖို့ အထောက်ကူပြုမှာပါ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ လဲ Crush တော့ရှိပါရဲ့။ FA ဘဝက မကျွတ်တဲ့ သူလေးတွေရှိရင်လဲ သူတို့သိအောင် mention လေးခေါ်ပေးလိုက်ပါနော်။

#ChelmoTeam
#Love