Single ၊ FA ဆိုတာ ချစ်သံယောဇဉ်နဲ့ ပတ်သတ်တဲ့ relationship status မှာတော့ အဆိုးဝါးဆုံးအခြေအနေမှာ ရှိတယ်လို့သတ်မှတ်ခံထားရတဲ့ သူလေးတွေပါ။

ဒါပေမဲ့ တော်တော်များများလျှော့တွက်ထားကြတဲ့ single လေးတွေမှသာရနိုင်တဲ့ အခွင့်အရေး တွေကတော့အများကြီးပါ။

 ၀၁. ကိုယ်သာလျှင် ကိုယ့်ကုတင်၊အိပ်ရာကို ပိုင်တယ်၊ သူ့ဘက်၊ကိုယ့်ဘက် ခွဲစရာမလို။ ညာဘက်တိုးအိပ်မလား၊ ဘယ်ဘက်တိုးအိပ်မလား၊ အလယ်တည့်တည့်မှာ အိပ်မလား? အားလုံးကိုယ့်စိတ်ကြိုက် ;)

 

၀၂." ကိုယ်ဟာ သူ့အတွက် တစ်ယောက်တည်းသောသူ မှဟုတ်ရဲ့လား " ၊ " သူကိုယ့်ကို တစ်ကယ်မှ ချစ်ရဲ့လား " စတဲ့ ဦးနှောက်စားစရာမေးခွန်းတွေအတွက် အချိန်ကုန်ခံ အာရုံခြောက်ခံဖို့ စိတ်အားထုတ်စရာလဲ လုံးဝမလို။

 

၀၃.ဘယ် Party ပွဲ၊ ပျော်ပွဲရွှင်ပွဲ သွားမလဲ ? ကိုယ်ကြိုက်တဲ့ အချိန် ၊ ကိုယ့်စိတ်ကြိုက်ထသွားရုံပဲ၊ RS တွေလို ခွင့်ပြုမိန့်စောင့်စရာမလို :P

 

၀၄. ကိုယ့်သိပ်ကြိုက်တဲ့ အစားအသောက်တွေ ဘယ်သူနဲ့မှ မျှဝေစားစရာမလို၊ တစ်ခါထဲ အကုန်မစားနိုင်လို့ ချန်ထားမလား၊ သူများယူစားသွားမှာလဲပူစရာမလို။

 

၀၅. လူတစ်ယောက်ထဲနဲ့ပဲ တစ်ချိန်လုံးသူ့နားမှာ နေပြီးအချိန်ကုန်စရာမလို၊ ငယ်ရွယ်တုန်းလေးမှာ ဗရုတ်ကျချင်တာလေးတွေအတွက် တက်တက်ကြွကြွကဲလို့ရမယ်။

 

၀၆.အိပ်ရာကနေထဖို့ pressure တွေမရှိ၊ စိတ်ချမ်းမြေ့မှုအပြည့်နဲ့ လုပ်ချင်တာလုပ်လို့ရတဲ့ အတွက် productive ဖြစ်မယ်။ breakfast အတွက်မပြင်ခင် အိပ်ရာထဲမှာ ၂နာရီလောက် စာဖတ်မလား...အေးဆေးပဲပေါ့။

 

၀၇.bikini wax မလုပ်ပဲ လတွေ၊ ရက်တွေအကြာကြီးထားမလား ၊ ကောင်လေးတွေအနေနဲ့ မုတ်ဆိတ်အများကြီးနဲ့ မရိတ်ပဲထားမလား ၊ ဘယ်သူမှ ဂရုမစိုက်တဲ့ အတွက် သာသာယာယာပဲနော်။

 

၀၈.ကောင်လေးတွေနဲ့ပဲ ဖြစ်ဖြစ်၊ ကောင်မလေးတွေနဲ့ပဲဖြစ်ဖြစ် သဝန်တိုခံရမှာမျိုးပူစရာမလိုတဲ့အတွက် ကိုယ်ကြိုက်နှစ်သက်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့နိုင်တာပေါ့။

 

၀၉. အနှောင့်အယှက်ကင်းပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်လို့ မျက်တွင်းဟောက်ပတ်နဲ့ နိုးထလာရတဲ့ အချိန်ဆိုတာ ရှားမှရှားပဲနော်။

 

၁၀. ကိုယ့်ရဲ့ အချိန်တွေ၊ အားအင်တွေအကုန်လုံးကို သူငယ်ချင်းတွေနဲ့ ရေရှည်ဆက်ဆံရေးကောင်းမွန်အောင် အသုံးချနိုင်တဲ့အတွက် တစ်ခုခုဆို တစ်ကိုယ်တည်း ဆိုပြီး အားငယ်စရာမလိုတော့ဘူးပေါ့။

 

၁၁. ကောင်လေးပဲဖြစ်ဖြစ်၊ ကောင်မလေးပဲဖြစ်ဖြစ် ချစ်သူ၊ ရည်းစားအတွက် လက်ဆောင်ဆိုတာလဲဝယ်ပေးစရာမလိုတဲ့ အတွက် ကိုယ်ရှာသမျှကိုယ့် ပိုက်ဆံပဲပေါ့။

 

#ChelmoTeam

#Love