Chelmo New Year L
Chelmo New Year M

Sports

  • February 16, 2015
  • | Hit: 1486
  • | Written by Chelmo

 

Champions League မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အီတလီမှ ROMA ကလပ်ရဲ့ပရိသတ်တစ်ဦးဖြစ်သော စုတီဖါနိုဟာ သားဖြစ်သူနဲ့ အတူတူ FC BAYERN ပွဲလေးကိုကြည့်ခဲ့ပါတယ်။

ဒီပွဲလေးအပြီး အပြန်လမ်းခရီးမှာ ယာဉ်တိုက်မှုဖြစ်ပြီး သားအဖနှစ်ယောက်စလုံး ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။ ဒီအကြောင်းကို သိလိုက်ရတဲ့ ROMA ကလပ်မှ အသင်းသားများအားလုံး အလွန်ပင် စိတ်မကောင်း ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။ တချိန်ထဲမှာလည်း အိမ်မှာကျန်ခဲ့သော ဇနီးဖြစ်သူနဲ့ သမီးလေးမှာလည်း အတိုင်းမသိ ပူဆွေးသောက ရောက်ခဲ့ရပါတယ်။

ROMA ကလပ်အနေနဲ့ ကျန်ရစ်ခဲ့သော မိသားစုအတွက် ဘယ်လို ကူညီပေးရန်ကောင်းမလဲဆိုတာကို စဉ်းစားခဲ့ကြပါတယ်။ သူတို့က စဉ်းစားပေးခဲ့ကြတာက ကျန်ရစ်သူ စုတီဖါနို ရဲ့ ဇနီးနဲ့ သမီးလေးကို သူတို့ရဲ့ နောက်ပွဲလေးကို ဖိတ်ခေါ်လိုက်ပါတယ်။ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Palermo ပွဲဖိတ်ခေါ်တဲ့အတွက် လာရောက်ကြည့်ရှုခဲ့သော ဇနီနဲ့ သမီးလေးက မြင်လိုက်ရတာကတော့ ROMA အသင်းသားအားလုံးက သူ့တို့အတွက် အထူးပရိသတ်နှစ်ဦးဖြစ်သော ခင်ပွန်း စုတီဖါနို နဲ့သားလေးရဲ့ T-Shirt ကိုဝတ်ဆင်ထားကြပြီး ပွဲကြည့်စင်မှာလည်း သူတို့ မိသားစုအတွက် အားပေးစကားများကို
လည်းတွေ့လိုက်ရတော့ သူအနေနဲ့ ဝမ်းသာမျက်ရည်များနဲ့ ပါးပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ရပါတယ်။

ROMA ရဲ့အသင်းခေါင်းဆောင်ဖြစ်သူ Totti မှလည်း အသင်း၏ Twitter မှ ဝမ်းနည်းကြောင်းနှင်အတူ ROMA အသင်းမှာ အရှုံးနှင့် ရင်ဆိုင်ခဲ့ရတဲ့နေ့မှာလည်း ကျွန်တော်တို့ကို အားပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ကျေးဇူးတင်စကားကို ရေးသားခဲ့ပါတယ်။

ROMA အသင်းနဲ့ ပရိသတ်တွေကြားမှာ အလွန်ကြီးမားသော သံယောဇဉ်တွေရှိနေတယ်ဆိုတာကို တွေ့ရမှာပါ။

Chelmo Team
Credit. amp
Credit Photo. amp