World

  • 2016-12-24 02:24
  • | Hit: 349
  • | Written by Chelmo

ထိုင်းနိုင်ငံကို ကမ္ဘာအရပ်ရပ်ကနေ လာရောက်လည်ပတ်တဲ့ ခရီးသွားဦးရေဟာဆိုရင် သန်း ၃၀ ကျော်လာရောက်လျက်ရှိပါတယ်။ ဒီအထဲမှာ ဘန်ကောက်မြို့ဟာ သွားရောက်လည်ပတ်ရန် နေရာအများဆုံးနေရာတခုလည်း ဖြစ်လာပါတယ်။

ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်ချိန်မှာ စွဲဆောင်မှုအပြည့်နဲ့စောင့်ကြိုနေတာကတော့ 「Shopping」 ဆိုရင်လည်း မမှားပါ။ 「Shopping」 ထွက်မယ်ဆိုရင် ဘန်ကောက်မြို့ရဲ့အကျော်ကြားဆုံး「Siam Aera」 မှာတည်ရှိနေတဲ့ Bangkok Tokyu Department Store အကြောင်းသိပြီးပြီလား။

☆ Tokyu Department Store ဆိုတာ

ဂျပန်နိုင်ငံရဲ့နောက်ဆုံးပေါ်ဖက်ရှင်၊ ခေတ်သစ်ဒီဇိုင်းတွေကို ကမ္ဘာတလွှားကို အမြဲမိတ်ဆက်ပေးနေတဲ့ Shibuya မှာ Tokyu Department Store ရဲ့ရုံးချုပ်တည်ရှိပြီး 1985 ခုနှစ်မှာဆိုင်ခွဲကို ဘန်ကောက်မြို့မှာဖွင့်လှစ်ခဲ့ပါတယ်။ အမျိုးသမီး၊အမျိုးသား၊ကလေး အဝတ်အစားမှစ၍ နာမည်ကြီး Brand တွေရဲ့အသုံးအဆောင်ပစ္စည်းတွေကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။ ထိုင်းမှာနေထိုင်နေတဲ့ ထိုင်းလူမျိုးတွေသာမက ဂျပန်လူမျိုးတွေအပြင် ကမ္ဘာအရပ်ရပ်က နိုင်ငံခြားခရီးသွားဧည့်သည်တွေလည်း လာရောက်အားပေးနေပါတယ်။

☆ ကုန်တိုက်နေရာကတော့

ဘန်ကောက်မြို့တွင်းကို BTS လို့ခေါ်တဲ့ SkyTrain မိုးပျံရထားနဲ့ MRT လို့ခေါ်တဲ့ မြေအောက်ရထား ပြေးဆွဲနေပါတယ်။ ခေတ်မီသယ်ယူပို့ဆောင်ရေးစနစ်ကြောင့် ယခင်ကထက်သွားလာရာမှာ ပိုမိုအဆင်ပြေလာပြီး ဘန်ကောက်မြို့ရဲ့ အထင်ကရနေရာတွေကို သွားရောက် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ Bangkok Tokyu Department Store တည်ရှိတဲ့နေရာဟာဆိုရင်လည်း အထူးဈေးဝယ်ကောင်းတဲ့ ကုန်တိုက်တွေ တည်ရှိနေရာတည်ရှိပြီး BTS ဘူတာတစ်ခုဖြစ်တဲ့ National Stadium နဲ့တဆက်တည်းဖြစ်နေတာကြောင့် မိုးရွာနေပူ၊ ရာသီဥတုကို ပူစရာမလိုပဲ ဈေးဝယ်နိုင်မှာပါ။

☆ ဈေးသင့်တော်တဲ့ ပစ္စည်းတွေနဲ့ ဈေးရောင်းပွဲတော်

Bangkok Tokyu Department Store မှာ Xmas & New Year Campaign ကို ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီဈေးရောင်းပွဲတော်ချိန်မှာ အထူးဈေးသက်တာတဲ့ ပစ္စည်းတွေ၊ Discount တွေကိုလည်း စီစဉ်ထားပါတယ်။ ဒါ့အပြင် ဈေးဝယ်ယူသော စုစုပေါင်းငွေပမာဏအပေါ်မှာမူတည်ပြီး ပိုပြီးဈေးဝယ်ကောင်းမယ့် ကူပွန်တွေကိုလည်း ပေးနေပါပြီ။ ဒါအပြင် ဈေးရောင်းပွဲကာလမှာ ဘတ် ၁၅၀၀ မှအထက် ဝယ်ယူသူများအတွက် Bangkok Tokyu Department Store မှ ၅% Discount ကိုရရှိနိုင်တဲ့ Tokyu VIP Card ကိုလည်း အခမဲ့လျှောက်ထားနိုင်ပါတယ်။

☆ ထိုင်းအပြန်လက်ဆောင်

Bangkok Tokyu Department Store ရဲ့ ၄ ထပ်မှာ နိုင်ငံခြား ခရီသွားဧည့်သည်တွေအတွက် ထိုင်းအပြန် အမှတ်တရလက်ဆောင်လေးတွေကို တနေရာထဲမှာ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ထိုင်းအပြန်မှာ သူငယ်ချင်းမိတ်ဆွေတွေအတွက် ထိုင်းအမှတ်တရလက်ဆောင်လေးတွေကို ဒီနေရာမှာ ဝယ်နိုင်သလို၊ ထိုင်းနိုင်ငံမှာထုတ်တဲ့ ရိုးရာမုန့်တွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေကိုလည်း ရနိုင်တယ်နော်။ ဒီတော့ မိတ်ဆွေသူငယ်ချင်းအတွက်လား၊ ကိုယ့်အတွက်လားဆိုတာကတော့ ကိုယ်တိုင်သာ ဆုံးဖြတ်လိုက်ပါတော့။

☆ ဂျပန်အစားအစာစစ်စစ်ကိုလည်း စားနိုင်ပြီ

Bangkok Tokyu Department Store ရဲ့ ၄ထပ်မှာ ဂျပန်အစားအစာ စားသောက်ဆိုင် TAGOTA မှာ ဂျပန်အရသာစစ်စစ်ကို ဈေးသက်သက်သာသာနဲ့ စားသောက်နိုင်မှာပါ။

☆ Bangkok Tokyu Department Store ရဲ့လိပ်စာကတော့

BTS Sky Train > National Stadium Station
02 620 1000
10 am - 9 PM | ပိတ်ရက်မရှိ

နောက်ပြီး ပစ္စည်းအသစ်တွေ၊ Promotion တွေအကြောင်းကို သိရှိနိုင်ဖို့အတွက်ဆိုရင်တော့ အောက်မှာရေးထားတဲ့ Bangkok Tokyu Department Store Facebook ကိုဝင်ကြည့်လိုက်နော်။

Facebook : www.facebook.com/BangkokTokyuDepartmentStore

#TokyuMBK
#ThaiGiftTokyuMBK