Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Games
  • Love
  • Lifestyle
  • Fashion
  • Exclusive
  • About Us
  • Contact Us

logo

Header Banner

Chelmo News Portal

  • Home
  • Hot!
  • Games
  • Love
  • Lifestyle
  • Fashion
  • Exclusive
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Love
Home›Love›ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

By tuntun
October 21, 2019
1296
0
Share:

“ထစ်ခနဲရှိ တို့နှစ်ယောက် ရန်တွေဖြစ်…. အပြစ်မရှိ အပြစ်ရှာပြီး ရန်တွေဖြစ်…ချိန်းတွေ့တိုင်းလည်း ရန်တွေဖြစ်..
ဒီမှာ ဖုန်းလေးမအားလိုက်နဲ့ ရန်တွေဖြစ်..အင်တာနက်ပေါ်မှာ chat နေမိခဲ့ရင် ပျက်မှာပဲဆိုပီး ရန်တွေဖြစ်…မိန်းကလေးအပေါင်းသင်းနဲ့ နှုတ်ဆက်မိလိုက်လို့ ရုတ်တရက်ကြီးထရန်တွေဖြစ် ” စိုင်းစိုင်း သီချင်းဆိုပြတာ

ဒီသီချင်းလေးထဲကလို အမြဲစိတ်ကောက် စကားများ ရန်ဖြစ်နေရတဲ့ အတွဲလေးတွေရှိမှာပါ။ သမီးရည်းစားတွဲတွေ ရန်မကြာ ခဏ ဖြစ်တဲ့ အတွဲလေးတွေက relationship ပိုပြီးခိုင်မြဲ စေတယ်လိုပြောကြပါတယ်။ ဒါပေမဲ့ ကိုယ်က ဂရုတစ်စိုက်မရှိတဲ့အခါ ပြသနာသေးသေး လေးတွေကနေ တစ်စတစ်စ ကြီးထွားလာတဲ့ အခါ Relationship ကိုပျက်စီးဖို့ လမ်းစတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ရန်ဖြစ်တဲ့ အခါမှာ သတိလေးနဲ့မလုပ်သင့်တာလေးတွေမလုပ်မိအောင် ပြောပြပေးလိုက်ရပါတယ်။

၀၁. လက်ရှိဖြစ်နေတဲ့ ပြဿနာကိုပဲ အာရုံစိုက်ပါ။

ရန်ဖြစ်တဲ့ အကြောင်းအရင်းက တစ်စတစ်စ ကြီးလာပြီ၊ ဒါဆိုရင် လက်ရှိဖြစ်နေတဲ့ အကြောင်းရာပေါ်မှာပဲ အာရုံစိုက်ပါ။ တစ်ခြားစိတ်ပေါက်စရာ အရင်ကဖြစ်ခဲ့တဲ့ conflict သေးသေးလေးတွေကိုပါ ပြန်အစဖော်တာမျိုးတွေမလုပ်ပါနဲ့။ ဒီလို problems တွေအပုံလိုက်လုပ်လိုက်တာက အခြေအနေကိုပိုရှုပ်ထွေးစေပြီး တစ်ကယ်ရှင်းလင်းရမဲ့ပြဿနာ ကို မဖြေရှင်းနိုင်ပဲ ဖြစ်သွားပါမယ်။ Relationship struggles တွေကို အရေးကြီးတာကနေ သေချာဦးစားပေးဖြေရှင်းတာက ပူပန်သောကများရတာ၊ စိတ်ပျက်ခံပြင်းရတာမျိုး တွေကိုလျော့စေမှာပါ။

၀၂.ပြဿနာကို အနိုင်ယူမယ်။

အငြင်းအခုံဖြစ်၊ စကားများတယ် ဆိုတာ ပြဿနာဖြေရှင်းဖို့ ဆိုတာမေ့နေကြပါတယ်။ အဲဒီအစား ကိုယ့်ရဲ့အမြင်ကပဲမှန်တယ်၊ ကိုယ့်ရဲ့ အပြုအမူကပဲမှန်တယ် စသဖြင့် တစ်ဖက်စောင်းနင်းပြုလုပ်တာမျိုးက ပြဿနာကို ဖြေရှင်းပြီးသားဖြစ်မသွားပါဘူး။ ဒီလိုအနိုင်ယူလိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ချစ်သူဆီက ကောင်းမွန်တဲ့ ပြောဆိုဆက်ဆံခြင်းမျိုးရဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် ချစ်သူကို အနိုင်ယူလိုက်တာမျိူးထက် သူ့ရဲ့အမြင်ကိုလည်း နားလည်ပေးပြီး problem ကိုပဲ ဖြေရှင်းပီး အနိုင်ယူတာမျိူးလုပ်ပါ။

၀၃.ကြင်နာစွာနဲ့ ငြင်းခုံပါ။

ငြင်းခုံ၊ စကားများနေချိန်မှာ သူ့ကို ချစ်တယ်၊ ဂရုစိုက်တယ်ဆိုတာ သူသိနေပါစေ။ သူ့ရဲ့ အမြင်ကိုလေးစားတန်ဖိုးထားပြီး ကိုယ့်ရဲ့အမြင်ကို လဲ ထုတ်ဖော်ပြောတယ်ဆိုတာမျိုးဖြစ်နေပါစေ။ သူနဲ့ကိုယ့်ရဲ့ အမြင်ကဆန့်ကျင်နေတာနဲ့ပဲ သူမှားတယ်ဆိုတာမျိူးမဖြစ်ပါစေနဲ့။ ချစ်သူရဲ့ခံစားချက်တွေကို ပေါ့ပေါ့တန်တန် နဲ့ ဂရုမစိုက်ဘဲ သူ့ရဲ့အမြင်ကို ဘုကြည့်ကြည့်ပြီး သံကုန်ဟစ်တာမျိုးမလုပ်ပါနဲ့။ ထေ့ငေါ့တာနဲ့ အထက်စီးဆန်တာမျိုးက loving and healthy relationship မဖြစ်စေပါဘူး။

၀၄.ပြောတာထက် များများနားထောင်ပေးလိုက်ပါ။

နားထောင်တာက communication ရဲ့အခရာပါ။ နားထောင်ပေးလိုက်ရုံနဲ့ တစ်ချို့ပြဿနာတွေဆို တစ်ဝက်လောက်ဖြေရှင်းပီးသားဖြစ်သွားပါမယ်။ ကိုယ့်ရဲ့ partner ကလည်း ကိုယ်ကနားထောင်ပေးနေတဲ့အခါ ကိုယ့်ဘာပြောမလဲ ဆိုတာ သိချင်လာပါမယ်။ ဒီအခါမှာ နှစ်ဦးနှစ်ဖက်လုံးက ကိုယ့်ဘက်က အမြင်နဲ့ ခံစားချက်တွေကို ပြည့်စုံစွာနဲ့ လေးလေးစားစား ဖော်ပြနိုင်မှာပါ။ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်အော်နေတာမျိုးက နားထဲရောက်မှာလဲ မဟုတ်သလို အချင်းချင်းပစ်ပယ်ခံရသလို ဖြစ်သွားပါမယ်။ တစ်ယောက်ကစ အလျှော့ပေးပြီဆိုရင်တော့ အခြားတစ်ယောက်ဆီကလည်း တူညီတဲ့ respect မျိုးပြန်ရသင့်ပါပြီ။

၀၅.မျှတစွာ ငြင်းခုံမယ်။

“ဘယ်သူက ဘယ်သူ့ကို ပိုနာကျင်စေနိုင်မလဲ ” ဆိုပြီး အပြိုင်အနိုင်ယူချင်ကြတာက relationship ပျက်စီးဖို့ အတွက် ဒီထက်ကောင်းတာ ရှိမှာမဟုတ်တော့ပါဘူး။” မျှတစွာ ငြင်းခုံမယ် ” ဆိုတာက အပေါ်က ပြောခဲ့တဲ့နည်းလေးတွေအပြင် လေးစားမှု နဲ့ တန်ဖိုးထားမှု တို့ပါ ထပ်ပေါင်းပြီး ငြင်းခုံတာမျိူးပါ။ မရည်ရွယ်ပါပဲနဲ့ ကိုယ့်ချစ်သူရဲ့ မိမိကိုယ်ကို တန်ဖိုးထားမှု (self-esteem) ကို ထိခိုက်စေတာ၊ ခြိမ်းခြောက်ကြိမ်းဝါးတဲ့ ဝေဖန်ချက်တွေပေးတာက ကိုယ်နဲ့သူ့ရဲ့ relationship ကိုပြီးပြတ်စေဖို့ လုံလောက်တဲ့ အကြောင်းအရာတွေပါ။ Conflict ဖြစ်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို control မလုပ်နိုင်ရင် anger management ကိုလေ့လာကြည့်ပါ။ ကိုယ့်ရဲ့ စိတ်လိုက်မာန်ပါပြုမှုတွေကနေ ကိုယ့်ချစ်သူကို ကာကွယ်ပေးပြီး ကိုယ့်ရဲ့ ခံပြင်းမှု၊ စိတ်ပျက်မှုတွေကိုပါလျော့ကျစေမယ့် နည်းလမ်းကောင်းလေးတွေကို ရှာဖွေလိုက်ပါ။ ကိုယ့်ရဲ့ပြဿနာ၊ ကိုယ်ဖြစ်ချင်တာတွေကိုပြောပြပြီးတဲ့ အခါ ကိုယ်နဲ့ သူ့ရဲ့ Relationship ကိုမြဲမြံချင်တာ ကိုသူသိအောင် ဂရုတစိုက်ပြုမူလိုက်ပါ။

ကဲ…… SAI သီချင်းလေးနဲ့ပဲ နိဂျုံးခုပ်လိုက်မယ်။ “နောက်တစ်ယောက်လည်း မချစ်နိုင်ဘူး…မင်းတစ်ယောက်ထဲချစ်ချင်လို့ပါ..ငြိမ်းချမ်းရေးလေး ဆွေးနွေးခွင့်ပြု ” ဆိုတဲ့အတိုင်း ကိုယ့်ရဲ့စိတ်ကောက်၊ ရန်ဖြစ်ဖော် ချစ်သူလေးကို mention ခေါ်ပြီး နောက်နောင် ရန်ဖြစ်စိတ်ကောက်ရင် ရှောင်ကြမယ့် နည်းလေးတွေကို အသိပေးလိုက်နော်။

Previous Article

၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Next Article

အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

Share:

Related articles More from author

  • HotLove

    ချစ်သူနှစ်ဦး ပွေ့ဖက်ပုံကနေသိနိုင်မယ့် သင်တို့နှစ်ဦးကြားဆက်ဆံရေး

    October 25, 2019
    By Su Myat Noe
  • Love

    ယောက်ျားကံမကောင်းတာကို အမြန်ဆုံးပြင်ဆင်ပေးနိုင်တဲ့ အချက် ၅ ချက်

    October 25, 2019
    By Su Myat Noe
  • knowledgeLove

    Crushဆီက Attention ရအောင်ဘယ်လိုလုပ်မလဲ?

    April 28, 2020
    By Yamin
  • knowledgeLifestyleLove

    ဒီလို ချစ်သူမျိုး ရှိနေပြီဆို ဂရုစိုက်ဖို့ မမေ့ပါနဲ့

    March 11, 2020
    By Su Myat Noe
  • knowledgeLove

    FA လေးတွေ Valentine’s Day ကိုဘယ်လို ကုန်ဆုံးသင့်လဲ?

    February 6, 2020
    By Yamin
  • Love

    မှန်ကန်တဲ့ချစ်ခြင်း နဲ့ အဆိပ်သင့်စေတဲ့ချစ်ခြင်း

    October 25, 2019
    By Su Myat Noe

Timeline

  • January 25, 2021

    စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီဖြစ်တဲ့ EXO အဖွဲ့ဝင် D.O

  • January 22, 2021

    BLACKPINK အဖွဲ့ဝင် ROSÉ ရဲ့ အမိုက်စားဖက်ရှင်များ

  • January 21, 2021

    SF9 အဖွဲ့ဝင် Rowoon ရဲ့ ဒရာမာအသစ် “She Would Never Know” ကို supporting လုပ်ပေးခဲ့တဲ့ Lee Jaewook

  • January 19, 2021

    စစ်ထဲကပြန်လာပြီးနောက် တစ်ခါမှမထားဖူးတဲ့ဆံပင်ပုံစံနဲ့ ပရိတ်သတ်ရှေ့ကိုပြန်လည်ရောက်ရှိလာတဲ့ Lee Jong Suk

  • January 15, 2021

    K-Drama လောကရဲ့သရုပ်ဆောင်ကြေးအမြင့်ဆုံး ကိုရီးယားမင်းသား ၆ ယောက်

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီဖြစ်တဲ့ EXO အဖွဲ့ဝင် D.O

    By yamin oo
    January 25, 2021
  • BLACKPINK အဖွဲ့ဝင် ROSÉ ရဲ့ အမိုက်စားဖက်ရှင်များ

    By yamin oo
    January 22, 2021
  • SF9 အဖွဲ့ဝင် Rowoon ရဲ့ ဒရာမာအသစ် “She Would Never Know” ကို supporting လုပ်ပေးခဲ့တဲ့ Lee Jaewook

    By yamin oo
    January 21, 2021
  • စစ်ထဲကပြန်လာပြီးနောက် တစ်ခါမှမထားဖူးတဲ့ဆံပင်ပုံစံနဲ့ ပရိတ်သတ်ရှေ့ကိုပြန်လည်ရောက်ရှိလာတဲ့ Lee Jong Suk

    By yamin oo
    January 19, 2021
  • စစ်မှုထမ်းတာဝန်ပြီးဆုံးသွားပြီဖြစ်တဲ့ EXO အဖွဲ့ဝင် D.O

    By yamin oo
    January 25, 2021
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By tuntun
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By tuntun
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By tuntun
    October 21, 2019

Follow us

Reach us

  • No.5(A), Wingabar Street, Bo Cho 1 Ward, Bahan Township, Yangon, Myanmar.
  • +95-9-9641-55430
  • [email protected]
Copyright © 2019 Chelmo.tips. All rights reserved.