Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • About Us
  • Contact Us

logo

Header Banner

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Fashion
Home›Fashion›ဆံသားလေးများကို အမြဲတမ်းနူးညံ့ပြီးတောက်ပြောင်နေစေ

ဆံသားလေးများကို အမြဲတမ်းနူးညံ့ပြီးတောက်ပြောင်နေစေ

By Su Myat Noe
October 25, 2019
1428
0
Share:

၀၁. ခေါင်းအလွန်အမင်းလျှော်ခြင်းကို ရှောင်ပါ

ဆံသားတွေကို အစိုဓာတ်ထိန်းသိမ်းပေးနိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ ခေါင်းကိုမကြာခဏ မလျှော်ဖို့ပါပဲ။ ဆံသားလေးတွေကို နေ့စဉ် လျှော်ဖို့မလိုအပ်သလို အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ ပိုသတိထား သင့်တယ်နော်။ ဒါကြောင့် အဲဒီ့လိုလျှော် တာကို ရပ်ဖို့အချိန်ရောက်ပါပြီ။ ကိုယ့်အထင်ကတော့ အဲဒီလို ခေါင်းကို ခေါင်းလျှော်ရည်တွေနဲ့ နေ့စဉ် လျှော်တာဟာ ဆံသားကို ပိုမိုသန့်ရှင်းစေတယ်လို့ ထင်ကောင်းထင်နိုင်တယ်နော်။ သို့ပေမယ့် အဲဒီ လိုပြုလုပ်နေခြင်းဟာ ဦးခေါင်းအရေပြား ကို ခြောက်သွေ့စေနိုင်တယ်နော်။ နေ့စဉ်ခေါင်းလျှော်ခြင်းကို အကျင့်ဖြစ်နေပြီဆိုလျှင်တော့ မလုပ်ဖို့တော့ တိုက်တွန်းပရစေ။

၀၂. ဆံကေသာတွေအတွက် ထုတ်ကုန်များကို ရွေးချယ်တတ်ပါစေ။

ခေါင်းလျှော်တဲ့အခါမှာ လျှော်ရမယ့်ခေါင်းလျှော်ရည်ကို သေချာဂရုစိုက်ရွေးချယ်ပါ။ ဆပ်ပြာများ၊ခေါင်းလျှော် ရည်များနှင့်သွားတိုက်ဆေးများ အစရှိတဲ့အထဲမှာ ပါဝင်တဲ့ပစ္စည်းတစ်မျိုးဖြစ်တဲ့ Sodium Laurel Sulfate (သို့မ ဟုတ်) Sodium Laureth Sulfate မပါဝင်တဲ့ ထုတ်ကုန်များကိုရှာပါ။ သဘာဝမှ ထုတ်လုပ်ထားသောပစ္စည်းများကို ရွေးသုံးမယ်ဆိုရင်တော့ ဆံကေသာအတွက် တချိန်က စိတ်ပူခဲ့ရတာတွေ လျှော့နည်းစေပြီး အားပြည့်စေမှာပါ။ ခေါင်းလျှော်ပြီးရင်တော့ အစိုဓာတ်ပိုမိုရရှိနိုင်ဖို့အတွက် ဆံပင်ပျော့ဆေးနဲ့ ထပ်မံဖြည့်တင်းပေးပါ။ ဆံပင် ကောက်ခြင်းကို ဖယ်ရှားဖို့အတွက် leave-in conditioner ကိုရွေးချယ်သင့်ပါတယ်နော်။ ခေါင်းလျှော်ရည် အသုံးမပြုတဲ့ နည်း လမ်းကို အသုံးပြုမယ်ဆိုရင် ဦးခေါင်းအရေပြားထဲမှာ သဘာဝအဆီဓာတ်ဟာ အစိုဓာတ်အဖြစ် ပြောင်းလဲပေးမှာဖြစ်တဲ့အတွက် တခြားဆံပင်ပျော့ဆေးတွေ မလိုအပ်တော့ပါဘူး။

၀၃. ဆံသားတွေကို အခြောက်ခံပါ။

ဆံသားတွေခြောက်သွေ့နေရင်တော့ တီရှပ်အဟောင်းတစ်ထည်နဲ့ ဆံပင်တွေကို ဖွဖွလေးသုတ်ပေးပါ။ ဆံ ပင်လေးတွေကို အဲဒီလိုပြုလုပ်ပေးပြီးရင် ဖြစ်နိုင်မယ်ဆိုရင်တော့ လေမှုတ်စက်နဲ့ ဆံပင်ကိုအခြောက်ခံပေးပါ။ အဲဒီလိုလုပ်မယ်ဆိုရင် အချိန်ပိုမိုပေးရပေမယ့်လဲ ပြင်းထန်တဲ့ လေပူတွေနှင့် အခြောက်ခံခြင်းကို ရှောင်ကြဉ်ဖို့ အကောင်းဆုံးနည်းလမ်း အကြံပြုပရစေ။ အလားတူပဲ အပူပေးထားတဲ့ ဆံပင်အလှပြင်ပစ္စည်းတွေ( ဥပမာ-ဆံပင်ဖြောင့်၊ ဆံပင်ကောက်တဲ့ သံချောင်းတွေ)ဟာ ဆံသားတွေကို အလိုအလျှောက်ခြောက်သွေ့စေနိုင်တာကြောင့် အသုံးပြုခြင်းကို တတ်နိုင်သလောက် ကြိုးစား ရှောင်ကြဉ်ပါ။

၀၄. ဦးခေါင်းကို ခေါင်းလိမ်းဆီလိမ်းပေးပါ။

ခေါင်းလျှော်ခြင်းနဲ့ ဆံသားတွေကို အခြောက်ခံခြင်းအပြင် ခေါင်းလိမ်းဆီများလိမ်းပေးခြင်းဟာလဲ ဆံကေသာတွေအတွက် လိုအပ်တဲ့ အစိုဓာတ်ကို ရရှိနိုင်ပါတယ်နော်။ ဆံသားအမျိုးစားနဲ့ သင့်တော်မယ့်ဆီမျိုးကိုလိမ်းကြည့်ပါ။ အဲဒီလိုလုပ်ခြင်းဟာ ဆံသားတွေကို ခေါင်းလိမ်းဆီအနည်းငယ် (သို့မဟုတ်) အုန်းဆီအနည်းငယ်ကို လက်ဖဝါး ထဲထည့်ပြီး ဆံသားအဖျားလေးတွေကို ပွတ် လိမ်းပေးခြင်းဟာလဲ လွယ်ကူပါတယ်နော်။ (သာမန်ထက်အစိုဓာတ်ကို ပိုမို လိုအပ်နေရင်တော့ ဦးခေါင်းကို နှိပ်နယ်ပေးခြင်းပြုလုပ်ပေးပါ။) စာရေးသူအတွေ့အကြုံအရ ရေချိုးပြီးမှဆံသားတွေကို ဆီလိမ်းမည်ဆိုလျှင် ဆံသားတွေဟာ အရမ်းကိုချော်ချွတ် ချွတ်ဖြစ်နေတတ်တယ်နော်။ အဲ့တာကြောင့် ရေမချိုးခင် ဆီနဲ့ ဆံသားတွေကို နှိပ်နယ်ပေးပြီး ခဏတာ ဆီနဲ့ ပေါင်းထားပေးပြီးမှ ခေါင်းလျှော်သင့်တယ်နော်။ ဆံသားတွေကောက်နေတာကို ပျောက်ကင်းစေဖို့ တခြားနည်းလမ်းကတော့ ရေချိုးပြီးမှ အနည်း ငယ် လိမ်းပေးနိုင်ပါတယ်နော်။

Previous Article

ပါးစပ်နံသော ပြသာနာကို ဘယ်လိုဖြေရှင်းမလဲ

Next Article

ပျိုမေတို့ မျက်ဝန်းတစ်ဝိုက် လန်းဆန်းအောင် ဘယ်လို ထိန်းသိမ်းမလဲ

Share:

Related articles More from author

  • FashionHot

    Skirt Fashion ဝတ်ဆင်ပြီး ချစ်ဖို့ကောင်းနေတဲ့ Kpop Boy Cele များ

    July 4, 2021
    By Kyaw Hein
  • FashionHot

    အဖွဲ့ထဲမှာအငယ်ဆုံးနဲ့ အရပ်ရှည်ဆုံး နှစ်ယောက်ဖြစ်တဲ့ Rose နဲ့ Lisa

    June 23, 2021
    By Kyaw Hein
  • BeautyExclusiveFashion

    ဆံပင်ပုံစံအသစ် ပြောင်းပြီး ပရိတ်သတ်တွေကို Surprise တိုက်လိုက်တဲ့ Song Ji Hyo

    June 10, 2022
    By Htet Htet Aung
  • Fashion

    ၂၀၂၀ရဲ့နွေရာသီနဲ့လိုက်ဖက်မယ့်ဖက်ရှင်ဒီဇိုင်းများ

    January 21, 2020
    By Pwint Thit Tin Maw
  • Fashion

    BLACKPINK အဖွဲ့ဝင် ROSÉ ရဲ့ အမိုက်စားဖက်ရှင်များ

    January 22, 2021
    By Kyaw Hein
  • BeautyFashion

    2020 မှာခေတ်စားလာမယ့် ဆံပင်ပုံစံများ…

    February 20, 2020
    By Kyaw Hein

YOU MIGHT BE INTERESTED

  • Hot

    ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

  • Hot

    Now We are Breaking Up ဒရာမာဇာတ်လမ်းနဲ့ပတ်သတ်ပြီး ဖက်ရှင်လောကပိုင်းကာရိုက်တာသရုပ်ဆောင်ရမှုပေါ်ပြောလာတဲ့ Song Hye Kyo

  • Hot

    2nd Solo MV “GONE” မှာ ကြည့်ရှူသူပေါင်း 200 million ကိုရရှိခဲ့တဲ့ Blackpink’s Rose’

Timeline

  • August 8, 2022

    အဖွဲ့လေးတည်ထောင်ခဲ့တာ ၆နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်တဲ့ BLACKPINK

  • August 5, 2022

    Benny Blanco၊ Snoop Dogg နဲ့ BTS တို့ရဲ့ Collaborationသီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ “Bad Decisions”

  • August 5, 2022

    ပြီးခဲ့တဲ့ညက ကြည့်ရှူသူ နှုန်းတပြိုင်နက်တည်း မြင့်တတ်ခဲ့တဲ့ “Extraordinary Attorney Woo” နဲ့ “Jinxed At First” ဒရာမာဇာတ်လမ်းတွဲ

  • August 4, 2022

    နာမည်ကြီး အနုပညာရှင်တွေ ရှိရာ Agency တစ်ခုနဲ့ စာချုပ်ချုပ်လိုက်ပြီဖြစ်တဲ့ Jung So Min

  • August 4, 2022

    HBO ရဲ့ရုပ်သံဇာတ်လမ်းတွဲ “The Idol” ကို ရိုက်ကူးနေစဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ Jennie

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • အဖွဲ့လေးတည်ထောင်ခဲ့တာ ၆နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်တဲ့ BLACKPINK

    By May Thu
    August 8, 2022
  • Benny Blanco၊ Snoop Dogg နဲ့ BTS တို့ရဲ့ Collaborationသီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ “Bad Decisions”

    By May Thu
    August 5, 2022
  • ပြီးခဲ့တဲ့ညက ကြည့်ရှူသူ နှုန်းတပြိုင်နက်တည်း မြင့်တတ်ခဲ့တဲ့ “Extraordinary Attorney Woo” နဲ့ “Jinxed At First” ဒရာမာဇာတ်လမ်းတွဲ

    By Htet Htet Aung
    August 5, 2022
  • နာမည်ကြီး အနုပညာရှင်တွေ ရှိရာ Agency တစ်ခုနဲ့ စာချုပ်ချုပ်လိုက်ပြီဖြစ်တဲ့ Jung So Min

    By Htet Htet Aung
    August 4, 2022
  • အဖွဲ့လေးတည်ထောင်ခဲ့တာ ၆နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်တဲ့ BLACKPINK

    By May Thu
    August 8, 2022
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By tuntun
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By tuntun
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By tuntun
    October 21, 2019

Follow us

Reach us

  • No.40, Room No.(010) No (1) Industrial Road, Opposite to Central Bank, Bahan Township, Yangon, Myanmar
  • +95-9-9641-55430
  • info@chelmo.tips
Copyright © 2019-2022 Chelmo.tips. All rights reserved.