Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • About Us
  • Contact Us

logo

Header Banner

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Fashion
Home›Fashion›ပင်လယ်ကြီးဆီ သွားမယ်ဆိုရင် ဘယ်လို Style ထုတ်မလဲ?

ပင်လယ်ကြီးဆီ သွားမယ်ဆိုရင် ဘယ်လို Style ထုတ်မလဲ?

By Su Myat Noe
October 30, 2019
2603
0
Share:

လူအများစုက ပိတ်ရက်မှာ  မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် သန့်ရှင်းတဲ့ လေကို ရှုရှိုက်ဖို့ နဲ့ စိတ်အပန်းဖြေဖို့ အတွက် ကမ်းခြေကို သွားတတ်ကြပါတယ်။ ကမ်းခြေရောက်တဲ့ အခါ အရမ်းလှတဲ့ ရူခင်းတွေနဲ့ အထာကျကျ ဓာတ်ဖမ်းဖို့ အတွက်ဆိုရင် အမိုက်စား ဝတ်ဆင်တတ်ဖို့လည်း လိုတယ်နော်…ဒါကြောင့် ကမ်းခြေသွားရင် ဝတ်ဆင်သင့်တဲ့ ဖက်ရှင်လေးတွေကို မင်မင်က ပြောပြပေးသွားမယ်နော်…

 

(1) Swinsuit

ကမ်းခြေဆိုတော့ Swimsuit က မပါမဖြစ်ပေါ့။ ကိုယ်နဲ့လိုက်ဖက်ပြီး အဆင်ပြေမယ့် ဝတ်စုံကို ရွေးချယ်တတ်ဖို့က အရမ်း အရေးကြီးပါတယ် (ဝယ်ပြီးမှ မဝတ်ရဲလို့ ချောင်ထိုးထားရတဲ့ အဝတ်တွေ များနေပြီ မဟုတ်လား) အတို၊ အရှည် ပုံစံ မျိုးစုံရှိတဲ့ အထဲကမှ ကိုယ်ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူပါနော်…

 

(2) ဦးထုတ်လှလှလေးတွေ

ဦးထုတ်လေးတွေကတော့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးတဲ့ အပြင် ဓာတ်ပုံရိုက်ရင်လည်း ဖက်ရှင်ကျကျ လှနေစေမှာပါ။ ကမ်းခြေရဲ့ အငွေ့အသက်လေး ဆိုရင်လည်း မမှားဘူးပေါ့။ Beach သွားမယ်ဆိုရင် အဝိုင်းကားကား ဦးထုတ်လေးတွေက နေရောင်ခြည် ကာကွယ်တဲ့ အပြင် ပျိုမဒီလေးတွေကို စတိုင်လ်ကျ လှပနေစေမှာပါ။

 

(3) နေကာမျက်မှန်

နေကာမျက်မှန်လေးတွေက မျက်လုံး ကျန်းမာရေးအတွက် သာမက Fashion အရပါ အရေးကြီးတဲ့ အရာလေး တစ်ခုပါ။ Swimsuit လေးတွေ၊ ShowerOff လေးတွေ ဝတ်တဲ့အခါ မျက်မှန်လေးတပ်၊ ဦးထုတ်အဝိုင်းလေးဆောင်းထားမယ်တိုရင် ဘယ်လောက်များ မိမိုက်နေလိုက်မလဲ…

(4) Jean Shorts

ဂျင်းဘောင်းဘီ အတိုလေးတွေကလည်း ပေါ့ပေါ့ပါးပါးဖြစ်စေတဲ့ အတွက် ကမ်ခြေသွားတဲ့အခါ မပါမဖြစ် ယူသွားသင့်ပါတယ်။ T-shirt၊ ကြိုးတစ်လုံးလေးတွေ၊ Croptop လေးတွေ၊ Should Off လေးတွေနဲ့  တွဲဝတ်မယ်ဆိုရင် အရမ်းကို အထာကျပြီး လိုက်ဖက်မှုလည်း ရှိပါတယ်။ ကမ်းခြေနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ Showeroff လေးတွေ ဝတ်ဆင်တဲ့အခါ အပေါ်ထပ် ဇာပါးပါးလေး ထပ်ဝတ်မယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ်နဲ့ စတိုင်ကျနေမှာပါ။

(5) Dress လှလှလေးတွေ

Dress လှလှလေးတွေကတော့ Beach Fashion အတွက် ထည့်သွားသင့်ဆုံး အရာတစ်ခုပါ။ အခုနောက်ပိုင်းဆိုရင် ကျောအလှလေးတွေကိုမှ အရှည်၊ အတို၊ ဘေးကွဲ ကိုယ်ကြိုက်နှစ်သက်ရာ ဒီဇိုင်းမျိုးစုံကို  ရွေးချယ်လို့ ရပါတယ်။ Floral Dress လေးတွေကလည်း ကမ်းခြေမှာ လွင့်နေတဲ့ ပန်းပွင့်တစ်ပွင့် အသွင်ဆောင်စေမှာပါ။ Jumpsuit လေးတွေကလည်း အပေါ်အောက် တွဲဖို့ ခေါင်းစားစရာ မလိုဘဲ စတိုင်ကျစေမှာပါနော်။

(6) ဖိနပ်

ဖိနပ်လေးတွေ ဆိုရင်တော့ Beachဖြစ်တဲ့ အတွက် Sandal လေးတွေ၊ Slipperလေးတွေက ပိုအဆင်ပြေပါတယ်။ ခြေညှပ်ဖိနပ် လှလှလေးတွေ၊ ကြိုးသိုင်းလှလှလေးတွေ၊ ခြေသလုံးထိ ခြည်လို့ရတဲ့ ကြိုးလေးတွေပါတဲ့ ခြေညှပ်အပါးလေးတွေလည်း စီးရတာ ပေါ့ပေါ့ပါးပါး ဖြစ်စေပြီး Fashion လည်း ကျပါတယ်။

(7) Accessories

Fashion ကျဖို့ မပါမဖြစ်လေးကတော့ Fancy Accessories လေးတွေပါပဲ။ နားစွဲအရှည်လေးတွေ၊ နားကွင်း၊ ဆွဲကြိုး၊ ခြေကွင်း၊ လက်စွပ် အစရှိတဲ့ Fancy ပစ္စည်းလေးတွေပါ တွဲဖက် ဝတ်ဆင်လိုက်ရင် ပိုအထာကျစေမှာပါ။

(8) SunCream

နောက်ဆုံး အနေနဲ့ ဖက်ရှင်ကျကျ လှေနေရုံနဲ့ မပြီးသေးပါဘူး။ ကမ်းခြေဖြစ်တဲ့ အတွက် အသားအရေ ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် နေလောင်ဒဏ် ကာကွယ်ဖို့ အတွက် SunCream လေးတွေက မဖြစ်မနေဆောင်သွားသင့်ပါတယ်။ နေလောင်ပြီး အမဲကွက်တွေ ဖြစ်တဲ့ဒဏ်မှ ကာကွယ်ဖို့ အတွက် Scrup လေးသုံးပြီး နေလောင်ခံ Lotion လေးလည်း လူးပေးပါနော်…

#Chelmo #ChelmoTeam #TravelTips #Beach

TagsTravel Fashion
Previous Article

Disney + မှာ ပြသမယ့် The Mandalorian စီးရီး ...

Next Article

အလည်အပတ်သွားတဲ့ Tourist တွေအတွက် အန္တရာယ်အများဆုံး နေရာ ၁၀ ခု

Share:

Related articles More from author

  • FashionHot

    အဖွဲ့ထဲမှာအငယ်ဆုံးနဲ့ အရပ်ရှည်ဆုံး နှစ်ယောက်ဖြစ်တဲ့ Rose နဲ့ Lisa

    June 23, 2021
    By Kyaw Hein
  • Fashion

    ၂၀၂၀ရဲ့နွေရာသီနဲ့လိုက်ဖက်မယ့်ဖက်ရှင်ဒီဇိုင်းများ

    January 21, 2020
    By Pwint Thit Tin Maw
  • Fashion

    BLACKPINK အဖွဲ့ဝင် ROSÉ ရဲ့ အမိုက်စားဖက်ရှင်များ

    January 22, 2021
    By Kyaw Hein
  • BeautyFashion

    (၂၀၂၀) မှာ ရေပန်းစားမယ့် Hair Color များ

    January 29, 2020
    By Su Myat Noe
  • Fashion

    IU ရဲ့ ချစ်စရာကောင်းတဲ့ Airport Fashion ဒီဇိုင်းများ

    December 29, 2020
    By Kyaw Hein
  • Fashion

    ပေါ့ပေါ့ပါးပါးဖက်ရှင်ဝတ်ပြီး နေခြည်နွေးနွေးအောက်မှာ လန်းဆန်းတဲ့အပြုံးနုနုလေးနဲ့ ချစ်စရာကောင်းနေတဲ့မင်းသမီးချောလေး Song Hye Kyo

    July 6, 2022
    By Htet Htet Aung

YOU MIGHT BE INTERESTED

  • HotLifestyle

    မိန်းကလေးတို့ စိတ်သဘာဝ

  • ExclusiveHot

    Tiffany က Song Joong Ki နဲ့အတူ ရှိနေမယ်ဆိုပဲ

  • ExclusiveHot

    YouTube ပေါ်မှာကြည့်ရှုသူ သန်း၁၀၀ထိ ရောက်ရှိခဲ့ပြီဖြစ်တဲ့ HyunA နဲ့ Dawn တို့ရဲ့ Ping Pong MV

Timeline

  • August 12, 2022

    Vampire-Esque ပုံနဲ့ Twitter မှာတင်ပြီး Teaser ကို လျှို့ဝှက်စွာ ဖော်ပြခဲ့တဲ့ BTS Jungkook

  • August 12, 2022

    ကိုရီးယားနာမည်ကြီး Action မင်းသားကြီး Ma Dong Suk အသံသရုပ်ဆောင်အဖြစ်ပါဝင်မည့် webtoon series ‘Hive’

  • August 11, 2022

    လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းတွဲတစ်ခုမှာ အတူတူတွေ့ရှိရတော့မဲ့ 2PM’s Taecyeon, Apink’s Jung Eun Ji နဲ့ Ha Seok Jin

  • August 11, 2022

    ‘Pink Venom’ အတွက် ပိုစတာဓာတ်ပုံထွက်ရှိလာပြီဖြစ်တဲ့ BlackPink

  • August 10, 2022

    YouTube ပေါ်မှာကြည့်ရှုသူ သန်း၁၀၀ထိ ရောက်ရှိခဲ့ပြီဖြစ်တဲ့ HyunA နဲ့ Dawn တို့ရဲ့ Ping Pong MV

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Vampire-Esque ပုံနဲ့ Twitter မှာတင်ပြီး Teaser ကို လျှို့ဝှက်စွာ ဖော်ပြခဲ့တဲ့ BTS Jungkook

    By Htet Htet Aung
    August 12, 2022
  • ကိုရီးယားနာမည်ကြီး Action မင်းသားကြီး Ma Dong Suk အသံသရုပ်ဆောင်အဖြစ်ပါဝင်မည့် webtoon series ‘Hive’

    By May Thu
    August 12, 2022
  • လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းတွဲတစ်ခုမှာ အတူတူတွေ့ရှိရတော့မဲ့ 2PM’s Taecyeon, Apink’s Jung Eun Ji နဲ့ Ha Seok Jin

    By Htet Htet Aung
    August 11, 2022
  • ‘Pink Venom’ အတွက် ပိုစတာဓာတ်ပုံထွက်ရှိလာပြီဖြစ်တဲ့ BlackPink

    By May Thu
    August 11, 2022
  • Vampire-Esque ပုံနဲ့ Twitter မှာတင်ပြီး Teaser ကို လျှို့ဝှက်စွာ ဖော်ပြခဲ့တဲ့ BTS Jungkook

    By Htet Htet Aung
    August 12, 2022
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By tuntun
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By tuntun
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By tuntun
    October 21, 2019

Follow us

Reach us

  • No.40, Room No.(010) No (1) Industrial Road, Opposite to Central Bank, Bahan Township, Yangon, Myanmar
  • +95-9-9641-55430
  • info@chelmo.tips
Copyright © 2019-2022 Chelmo.tips. All rights reserved.