ပိုက်ဆံစုမိတဲ့သူတွေရဲ့ တူညီတဲ့ လုပ်ဆောင်ချက် ၅ ချက်
ကိုယ့်မှာဝင်ငွေ အသင့်အတင့်ရှိနေပင်မဲ့ ငွေမစုမိတဲ့လူမျိူးလည်းရှိသလို၊ ဝင်ငွေနည်းပင်မဲ့လည်း သေသေချာချာ စုဆောင်းတဲ့သူတွေလည်း အများကြီးပါ။
၁. ငွေစုစာအုပ်ကို သူ့နေရာနဲ့ သူသုံးပါ
ငွေကို အသုံးပြုတဲ့ နေရာအပေါ် မူတည်ပြီး ငွေစုစာအုပ်ကို ခွဲထားရင် ငွေရဲ့လည်ပတ်မှုကို နားလည်လာပါလိမ့်မယ်။
ဥပမာ – လစဉ်သုံးနေတဲ့ ငွေစာရင်း နဲ့ အနာဂတ်အတွက်ရည်မှန်းပြီး စုနေတဲ့ ငွေစုစာအုပ်ဆိုပြီး ခွဲထားရင်ကောင်းပါတယ်။ဘဏ်ဝန်ထမ်းတချို့ကတော့ …
၁.လစဉ်လခအတွက်ငွေစုစာအုပ်၊
၂. လစဉ်အသုံးစရိတ်အတွက် ငွေစာရင်း၊
၃. ငွေစုရန်အတွက် ငွေစုစာအုပ်
၂. ပိုက်ဆံကို သုံးရာတွင် စနစ်တကျသုံးပါ
ပိုက်ဆံကို စုတဲ့သူဆိုတာ မလိုအပ်တဲ့နေရာမှာ ဘာမှကို မသုံးဘူး။ လိုအပ်ပြီဆိုရင်လည်း လိုအပ်သလို ရက်ရက်ရောရော အသုံးချပါတယ်။ဒါကြောင့် ပိုက်ဆံကို အကျိုးရှိရှိ အသုံးချတက်ဖို့လိုအပ်ပါတယ်။
၃. ဖိနပ်ကို အမြဲတည်း သန့်သန့်ရှင်းရှင်းထားပါ
ကိုယ့်နဲ့အမြဲတည်း အချိန်အတော်များများကို အတူတူရှိနေတဲ့ ကိုယ့်ရဲ့ဖိနပ်ကလေးကို ဂရုတစိုက် သန့်သန့်ရှင်းရှင်း
ထားနိုင်တယ်ဆိုရင် ကိုယ်မှာစိတ်တည်ငြိမ်မှုရှိပြီး အားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်နိုင်တယ်ဆိုတာကို ပြနေတာပါ။ ကိုယ့်ရဲ့ ဖိနပ်ကလေးတောင်မှ သန့်ရှင်းအောင်မထားနိုင်ရင် ပိုက်ဆံလဲစုဖြစ်မှာ မဟုတ်ပါဘူး။
၄. ပိုက်ဆံအိတ်ကလေးကို အမြဲတည်းစနစ်တကျ သန့်သန့်ရှင်းရှင်းထားပါ
ပိုက်ဆံစုနိုင်တဲ့သူဟာ ပိုက်ဆံအိပ်ကလေးကိုလည်း သန့်သန့်ရှင်းရှင်းထားပေးပါတယ်။ များသောအားဖြင့် ပိုက်ဆံအိတ် အရှည်ကို သုံးကြတာများပါတယ်။ ဒါမှသာ ပိုက်ဆံအရွက်လေးတွေလည်း သက်သက်သာသာနေနိုင်မှာပါ။နောက်ပြီး ပိုက်ဆံရွက်လေးတွေလည်း ညီညီညာညာစီထားရင် ပိုက်ဆံအိတ်ထဲမှာ ဘယ်နေရာမှာ ဘာရှိလဲဆိုတာကို ချက်ချင်းတွေ့နိုင်မှာပါ။
၅. ATMစက်နား ခဏခဏမသွားပါနဲ့
ပိုက်ဆံကို စုနိုင်တဲ့ သူဟာ ၁လမှာ ဘယ်လောက်သုံးမလဲဆိုတာကို သတ်မှတ်ထားပြီး ငွေကိုထုတ်သုံးလေ့ရှိပါတယ်။ ငွေကို သတ်သတ်မှတ်မှတ်သုံးမှသာလျှင် ငွေကိုစုမိမှာပါ။
Happiness Is To You
Chelmo Team
Ref. Naver